သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump သမ္မတအရည်အချင်း မပြည့်မီကြောင်း Obama ထောက်ပြ


ကျဆုံး အမေရိကန် မူဆလင်စစ်သည်တယောက်ရဲ့ မိဘတွေကို Republican သမ္မတလောင်း Donald Trump က ကဲ့ရဲ့သရော်ခဲ့တာကို ကြည့်ခြင်းဖြင့် Trump ဟာ အမေရိကန်ရဲ့ သမ္မတ မဖြစ်သင့်ဘူးဆိုတာ သာဓကပြနေတယ်လို့ သမ္မတ Barack Obama က ပြောကြားခဲ့ပါတယ်။

စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong နဲ့ အိမ်ဖြူတော်မှာ တေ့ွဆုံပွဲအပြီး ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ သတင်းထောက်ရဲ့အမေးကို သမ္မတ အိုဘားမားက ခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံကို ရုရှားက လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ကျူးကျော်ဝင်ရောက်ခဲ့တဲ့ကိစ္စကို သိခဲ့ပုံမရဘဲ ရုရှားက ယူကရိန်းထဲကို ကျူးကျော်မှာ မဟုတ်ပါဘူးလို့ အမေရိကန် ABC ရုပ်သံနဲ့ မေးမြန်းခန်းမှာ Donald Trump က ပြောခဲ့တာနဲ့ ပတ်သက်လို့လည်း Trump ဟာအရေးကြီးတဲ့ နိုင်ငံတကာ ကိစ္စရပ်တွေအပေါ် အခြေခံဗဟုသုတတောင် မရှိတာကို ပြသနေတယ်လို့ သမ္မတ အိုဘားမားက ပြောကြားခဲ့ပါတယ်။

Mr. Trump အပေါ် Republican ပါတီတွင်းက သြဇာကြီးမားတဲ့ အမတ်တချို့က ဝေဖန်ပြစ်တင်နေတာနဲ့ ပတ်သက်လို့လည်း Trump ဟာ သူ့ပါတီနဲ့ အဓိက သဘောထားအမြင်တွေ မတူဘူးလို့ သူ့အနေနဲ့ ယုံကြည်ကြောင်း သမ္မတက ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ပါတီတွင်း သဘောမကျသူတွေဘက်က ဘယ်တော့မှ Trump ကို ရပ်တန်းက ရပ်တော့လို့ ပြောပြီး သမ္မတလောင်းအဖြစ် သူတို့ရဲ့ ထောက်ခံမှု ရုပ်သိမ်းမှာလဲ ဆိုတာကိုလည်း သမ္မတ အိုဘားမားက မေးခွန်းထုတ်ခဲ့ပါတယ်။

Trump သမ္မတအရည်အချင်း မပြည့်မီကြောင်း Obama ထောက်ပြ
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG