သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Charlottesville အရေး အိုဘားမားတွီတာမှက်ချက် လူကြိုက်များမှု စံချိန်တင်


အမေရိကန် ပြည်ထောင်စု Virginia ပြည်နယ် Charlottesville မြို့မှာ စနေနေ့က လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပြီးနောက်၊ Twitter လူမှုကွန်ယက်မှာ ဓာတ်ပုံတပုံနဲ့အတူ ဖော်ပြခဲ့တဲ့ သမ္မတဟောင်း Barack Obama ရဲ့ မှတ်ချက်ဟာ လူကြိုက်အများဆုံးအဖြစ် စံချိန်တင်သွားပါတယ်။

Twitter မှာ ဖော်ပြထားတဲ့ ဓာတ်ပုံထဲမှာတော့ ကုတ်အကျီကို ပုခုံးပေါ်တင်ထားတဲ့ သမ္မတဟောင်း အိုဘားမားက အသားအရောင် လူမျိုးမတူကွဲပြားသူ ကလေးငယ်တွေကြည့်နေကြတဲ့ အိမ်ပြုတင်းပေါက်ဘောင်မှာ လက်တင်ပြီး နှုတ်ဆက်စကား ပြောနေတာ တွေ့ရပါတယ်။

Twitter မှတ်ချက်မှာတော့ အသားအရောင်၊ နောက်ကြောင်းရာဇဝင်နဲ့ ဘာသာရေးယုံကြည်မှု မတူကွဲပြားမှုကြောင့် တယောက်နဲ့တယောက် မုန်းတီးအောင် လူတွေကို မွေးလာကတည်းက ဖန်တီးပေးလိုက်တာ မဟုတ်ကြောင်း တောင်အာဖရိကနိုင်ငံက လူဖြူလူမည်းခွဲခြားမှု တိုက်ဖျက်ရေး ခေါင်းဆောင်၊ သမ္မတဟောင်း Nelson Mandela ရဲ့ နာမည်ကျော်စကားကို ကိုးကားဖော်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ၁၈၆၁ ခုနှစ်ကနေ ၁၈၆၅ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်မှာ ဗဟိုအစိုးရကို ပုန်ကန်တိုက်ခိုက်ရာမှာ ဦးဆောင်ခဲ့သူ စစ်ဗိုလ်ချုပ်ကြီးတဦးရဲ့ ရုပ်တုကို ဖယ်ရှားဖို့ မြို့အာဏာပိုင်တွေက ဆုံးဖြတ်ခဲ့တဲ့ Charlottesville မြို့က လူဖြူလူမျိုးရေးဝါဒီတွေရဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး နောက်တနေ့မှာပဲ သမ္မတဟောင်းက Twitter မှာ ဓာတ်ပုံနဲ့တကွ မှတ်ချက်ရေးသားခဲ့တာပါ။ လူဖြူကြီးစိုးရေးဝါဒီတွေရဲ့ ဆန္ဒပြပွဲကို တန်ပြန်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီး၊ ဆန္ဒပြပွဲအတွင်း အမျိုးသား တယောက်က လူအုပ်ထဲ ကားနဲ့ဝင်တိုက်ခဲ့ရာမှာ အမျိုးသမီးတဦးလည်း သေဆုံးခဲ့ပါတယ်။ ဒီကနေ့ ဗုဒ္ဓဟူးနေ့ အစောပိုင်းအထိ ဆိုရင်တော့ သမ္မတဟောင်း အိုဘားမားရဲ့ Twitter လူမှုကွန်ယက်ပေါ်က မှတ်ချက်ကို ကြိုက်တယ်လို့ သဘောထားပေးခဲ့တာ အကြိမ်ပေါင်း ၂ သန်း ၈ သိန်း ရှိခဲ့ပြီး ဒါဟာဆိုရင်၊ ဗြိတိန်နိုင်ငံမှာ ဒီနှစ်ဆန်းပိုင်း အကြမ်းဖက်ဝါဒီတွေရဲ့ တိုက်ခိုက်မှုအပြီး အမေရိကန် အဆိုတော် Ariana Grande ဖော်ပြခဲ့တဲ့ မှတ်ချက်ကို လူကြိုက်အများအဆုံးအဖြစ် စံချိန်တင်ထားတာကို ကျော်လွန်ခဲ့တဲ့အထိ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG