သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံ ကုလကျင်းပ

President Barack Obama speaks at the Clinton Global Initiative in New York, Sept. 23, 2014.
1/4 President Barack Obama speaks at the Clinton Global Initiative in New York, Sept. 23, 2014.
အသေးစိတ် ဖတ်ရှုရန် Show less
UN Climate Summit United States
2/4 UN Climate Summit United States
အသေးစိတ် ဖတ်ရှုရန် Show less
U.S. President Barack Obama speaks during Climate Summit at the U.N. headquarters in New York September 23, 2014. REUTERS/Adrees Latif (UNITED STATES - Tags: POLITICS ENVIRONMENT) - RTR47EW2
3/4 U.S. President Barack Obama speaks during Climate Summit at the U.N. headquarters in New York September 23, 2014. REUTERS/Adrees Latif (UNITED STATES - Tags: POLITICS ENVIRONMENT) - RTR47EW2
အသေးစိတ် ဖတ်ရှုရန် Show less
U.S. President Barack Obama steps from Marine One to depart Joint Base Andrews in Washington to attend the United Nations General Assembly in New York September 23, 2014. World leaders gather in New York this week to tackle a host of crises: the violence
4/4 U.S. President Barack Obama steps from Marine One to depart Joint Base Andrews in Washington to attend the United Nations General Assembly in New York September 23, 2014. World leaders gather in New York this week to tackle a host of crises: the violence
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားနဲ့ တခြားကမ္ဘာ့ခေါင်းဆောင်တွေဟာ ကမ္ဘာကြီးကို ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှု အန္တရာယ်ကနေ ကာကွယ်မှုပေးရေးအတွက် လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။

ကမ္ဘာအပေါ်မှာ ဒုတိယ လေထုညစ်ညမ်းမှု အများဆုံး ပြုလုပ်တဲ့ နိုင်ငံဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုအနေနဲ့ ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအပေါ် တာဝန်ယူသွားမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံမှာ မစ္စတာ အိုဘားမားက ပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့ ရာသီဥတု ဆိုးဆိုးရွားရွား ပျက်စီးမှု ဖြစ်ပွားနေရတဲ့ ပြဿနာကို နိုင်ငံအားလုံး အနေနဲ့ အတူတကွ ဝိုင်းဝန်း ကာကွယ် လုပ်ဆောင်ကြဖို့ တိုက်တွန်းသွားပါတယ်။

ကမ္ဘာမှာ ကာဗွန်ထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ် Zhang Gaoli နဲ့လည်း မိန့်ခွန်းမပြောဆိုခင် တွေ့ဆုံခဲ့ကြောင်း သမ္မတ အိုဘားမားက ပြောပါတယ်။ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ကမ္ဘာမှာ စီးပွားရေးအင်အား အကြီးမားဆုံး နိုင်ငံတွေဖြစ်ကြပြီး ကာဗွန်ဓာတ်ငွေ့ ထုတ်လုပ်မှုကို ထိန်းချုပ်နိုင်ဖို့ ဦးဆောင်ပြီး လုပ်ကြဖို့ သဘောတူခဲ့ကြတယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

ညီလာခံကို ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေ အားလုံးအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ကာဗွန်ဓာတ်ငွေ့ ထုတ်လုပ်မှုကို ကာကွယ်ဟန့်တားနိုင်ဖို့ နည်းလမ်းအသစ်တွေ ချမှတ်ကြဖို့ တိုက်တွန်းသွားပါတယ်။

XS
SM
MD
LG