သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားလေကြောင်း တိုက်ခိုက်မှု ရပ်ဖို့ ရုရှားကို ကန် တိုက်တွန်း


A devotee, dressed as Hindu God Shiva, looks out from a window as he waits to perform during the annual Shiva Gajan religious festival on the outskirts of Agartala, India.
A devotee, dressed as Hindu God Shiva, looks out from a window as he waits to perform during the annual Shiva Gajan religious festival on the outskirts of Agartala, India.

ဆီးရီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အရေးကိစ္စမှာ အပြုသဘောဆောင်တဲ့ ကဏ္ဍကနေပါဝင်ပြီး ဆီးရီးယားနိုင်ငံအတွင်းက အတိုက်အခံ တပ်ဖွဲ့တွေအပေါ် လေကြောင်းကနေပြီး တိုက်ခိုက်နေမှုတွေကို ရပ်ဆိုင်းဖို့ ရုရှားသမ္မတ Valdimir Putin ကို အမေရိကန်သမ္မတ Barack Obama က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံခေါင်းဆောင် ၂ ဦးဟာ သဘောတူညီမှုရဖို့အတွက် တယ်လီဖုန်းနဲ့ ပြောဆိုဆွေးနွေးခဲ့ကြပြီး သဘောတူညီချက်ကိုတော့ပြီးခဲ့တဲ့ သတင်းပတ်အတွင်း နိုင်ငံပေါင်း ၁၇ နိုင်ငံ ပါဝင်တဲ့ နိုင်ငံတကာ ဆီးရီးယား ထောက်ပံ့ကူညီရေးအဖွဲ့က ရရှိခဲ့တာဖြစ်တယ်လို့ တနင်္ဂနွေနေ့ သမ္မတအိမ်ဖြူတော်ကနေ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဆီးရီးယားနိုင်ငံအတွင်း ဝိုင်းဝန်းပိတ်ဆို့ခံထားရတဲ့ အရပ်ဒေသတွေက လူတွေအတွက် လိုအပ်တဲ့ အကူအညီပေးမှုတွေ အမြန်ဆုံး အကောင်အထည်ဖေါ်လုပ်ဆောင်ဖို့ အရေးကြီးတဲ့အကြောင်း သမ္မတ Obama က ကြေညာချက်ထဲမှာပြောထားပါတယ်။

နောက်ပိုင်း ဆီးရီးယားနိုင်ငံအတွင်း တပတ်အတွင်း အပစ်အခတ်ရပ်ဆိုင်းမယ် ဆိုတဲ့ အစီအစဉ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့က ကြေညာခဲ့ပြီး ရက်ပိုင်း အကြာမှာ အခုလို Obama-Putin ဆွေးနွေးမှု ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။ အပစ်ခတ်ရပ်ဆိုင်ရပ်ဆိုင်းရေးကတော့ နောက်ပိုင်းမှာမှ ကြေညာမှာ ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံအတွင်းက IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို ပစ်မှတ်ထားတယ် ဆိုပြီးတော့ ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ နှောင်းပိုင်းမှာ စတင်ခဲ့တာပါ။ ဒါပေမဲ့ အနောက်နိုင်ငံအစိုးရတွေကတော့ ရုရှားရဲ့ တိုက်ခိုက်မှုတွေဟာ ဆီးရီးယား သမ္မတ Bashar al-Assad ကို ဆန့်ကျင်တဲ့ အစွန်းမရောက်တဲ့ အုပ်စုတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ပြောနေကြပါတယ်။

XS
SM
MD
LG