သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးလွတ်လပ်ခွင့် ပိုပေးဖို့ သမ္မတအိုဘားမား အီသီယိုပီးယားကို တိုက်တွန်း


အီသီယိုပီးယားဝန်ကြီးချုပ် Hailemariam Desalegn (ဒု-ဝဲ) က အမေရိကန်သမ္မတ Barack Obama ကို Addis Ababa မြို့နန်းတော်မှာ ကြိုဆိုနှုတ်ဆက်စဉ်။ (ဇူလိုင် ၂၇၊ ၂၀၁၅)
အီသီယိုပီးယားဝန်ကြီးချုပ် Hailemariam Desalegn (ဒု-ဝဲ) က အမေရိကန်သမ္မတ Barack Obama ကို Addis Ababa မြို့နန်းတော်မှာ ကြိုဆိုနှုတ်ဆက်စဉ်။ (ဇူလိုင် ၂၇၊ ၂၀၁၅)

အမေရိကန်ပြည်ထောင်စုနဲ့ Ethiopia နိုင်ငံတို့ဟာ ကိစ္စရပ်အများအပြားမှာ ခိုင်ခိုင်မာမာ လက်တွဲလုပ်ဆောင်တဲ့ မိတ်ဘက်နိုင်ငံတွေ ဖြစ်တယ်လို့ အမေရိကန်သမ္မတ Barack Obama က ပြောကြားသွားပြီး သတင်းထောက်တွေနဲ့ အတိုက်အခံပါတီတွေကို ပိုပြီးတော့ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပြုဖို့တော့ အီသီယိုးပီးယားအစိုးရကို တိုက်တွန်းသွားပါတယ်။

အီသီယိုးပီးယား ဝန်ကြီးချုပ် Hailemariam Desalegn(ဟိုင်လေ မာရီယမ် ဒက် စ-လင်) နဲ့ တနင်္လာနေ့မှာ ပူးတွဲကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ သမ္မတ အိုဘားမားက အီသီယိုးပီးယားရဲ့စီးပွားရေးဆိုင်ရာ လုပ်ကိုင်မှုတွေနဲ့ပတ်သက်ပြီး ချီးကျုးပြောကြားသွားပြီး အီသီယိုပီးယားအစိုးရဟာ ဆိုးရွားလှတဲ့ ဆင်းရဲမွဲတေမှုတွင်းကြီးထဲကနေ လူပေါင်းသန်းပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တဲ့အပြင် ဆိုမာလီယား စစ်သွေးကြွအဖွဲ့ Al-Shabab တိုက်ခိုက်နှိမ်နှင်းရာမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်တယ်လို့ ပြောသွားခဲ့ပါတယ်။

အီသီယိုပီးယား ဝန်ကြီးချုပ်နဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့ပြီး သတင်းထောက်တွေနဲ့ အတိုက်အခံတို့ရဲ့အသံတွေဟာ လက်ရှိအစိုးရရဲ့ လုပ်ငန်းအစီအစဉ်တွေကို အနှောင့်အယှက်မဖြစ်စေဘဲ ပိုပြီး အားကောင်းအထောက်အကူဖြစ်စေမှာဖြစ်တယ်လို့ ပြောခဲ့ကြောင်း သမ္မတအိုဘားမားကပြောပါတယ်။ အီသီယိုပီးယားဝန်ကြီးချုပ် ဒက် စ်-လင် ကလည်း သူ့နိုင်ငံဟာ လူ့အခွင့်အရေးနဲ့ နိုင်ငံအုပ်ချုပ်ရေးအပိုင်းမှာ တိုးတက်အောင်လုပ်ဆောင်ဖို့ အလေးအနက်ရှိပါတယ် ၊ဒီမိုကရေစီစနစ်ထွန်းကားဖို့ အလေးထားလုပ်ဆောင်တာ တကယ်ပါ .. အပေါ်ယံမဟုတ်ပါဘူးလို့ ပြောသွားပါတယ်။

အမေရိကန်သမ္မတ Barack Obama ဟာ Ethiopia နိုင်ငံကို ပထမဆုံးလာရောက်တဲ့ အမေရိကန်သမ္မတဖြစ်ပါတယ်။

XS
SM
MD
LG