သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ်ရေးဝန်ကြီးနဲ့ CIA အကြီးအကဲ အမည်စာရင်း အိုဘားမား တင်သွင်း


သမ္မတအိုဘားနဲ့ အမည်စာရင်းသွင်းထားတဲ့ CIA အတွက် John Brenna (ယာ) ကာကွယ်ရေးဝန်ကြီးအတွက် Chuck Hagel (ဝဲ)
သမ္မတအိုဘားနဲ့ အမည်စာရင်းသွင်းထားတဲ့ CIA အတွက် John Brenna (ယာ) ကာကွယ်ရေးဝန်ကြီးအတွက် Chuck Hagel (ဝဲ)
အမေရိကန်သမ္မတ Barack Obama က သူ့ရဲ့ဒုတိယ သမ္မတသက်တမ်းအစမှာ သူ အမည် စာရင်း တင်သွင်းထားတဲ့ အမေရိကန် ကာကွယ်ရေးဌာနနဲ့ အမျိုးသားထောက်လှမ်းရေး ဗဟို အကြီးအကဲသစ် နှစ်ဦး ကို ဆီးနိတ်လွှတ်တော်က အမြန်ဆုံး အတည်ပြုပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

သမ္မတအိုဘားမားက Nebraska ပြည်နယ်က Republican အမတ် Chuck Hagel ကို ကာကွယ်ရေးဝန်ကြီး၊ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး အကြံပေး John Brennan ကို CIA ဗဟိုထောက်လှမ်းရေး အကြီးအကဲအဖြစ် မနေ့က အမည်စာရင်း တင်သွင်းခဲ့တာပါ။

သမ္မတအိုဘားမားက Nebraska အမတ် Chuck Hagel နဲ့ပတ်သက်ပြီးပြောရာမှာ Mr.Hagel ဟာ အမေရိကန်တပ်တွေရဲ့ ဦးဆောင်နိုင်သူတဦးဖြစ်သလို နိုင်ငံရေးပါတီ နှစ်ခုစလုံးကို ကိုယ် စားပြုတဲ့ အမေရိကန်အစိုးရရဲ့အစဉ်အလာကို ထိမ်းသိမ်းနိုင်မယ့် စွမ်းရည်ရှိသူ ဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။

ဆီးနိတ်လွှတ်တော်က အမည်စာရင်းတင်သွင်းခံရသူ Hagel နဲ့ Brennan တို့ကို အတည် မပြုသေးခင်မှာ သူတို့ နှစ်ဦးကို ကန့်ကွက်မှုတွေလည်း ထွက်ပေါ်နေ ပါတယ်။ ၂၀၀၉ ခုနှစ်၊ သမ္မတအိုဘားမား စတင်တာဝန်ယူချိန်မှာ Brennan ကို CIA ရဲ့အကြီးအကဲအဖြစ် တာဝန်ပေးဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ စုံစမ်းစစ်ဆေးပုံ နည်းစံနစ်တွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ပေါ်ထွက် လာတဲ့အတွက် Brennan က အဲဒီကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါတယ်။

Brennan ကို CIA ရဲ့ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ဖို့အတည်ပြုခဲ့ရင် အရင် CIA အကြီးအကဲ David Petraeus ရဲ့နေရာမှာ တာဝန်ယူရမှာဖြစ်ပါတယ်။

David Petraeus ဟာ အိမ်ထောင်ရေး ပြင်ပအရှုပ်အထွေးကြောင့် ပြီးခဲ့တဲ့နိုဝင်ဘာလမှာ မိမိသဘောနဲ့တာဝန်မှ နုတ်ထွက်ခဲ့သူဖြစ်ပါတယ်။
XS
SM
MD
LG