သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေကြေးပြဿနာဆွေးနွေးဖို့ လွှတ်တော် ခေါင်းဆောင်တွေ သမ္မတအိုဘားမား ဆင့်ခေါ်


အမေရိကန်သမ္မတ Barack Obama အိမ်ဖြူတော် မှာ တွေ့ဆုံမိန့်ခွန်းပြောကြားစဉ် (နိုဝင်္ဘာ ၉၊ ၂၀၁၂။)
အမေရိကန်သမ္မတ Barack Obama အိမ်ဖြူတော် မှာ တွေ့ဆုံမိန့်ခွန်းပြောကြားစဉ် (နိုဝင်္ဘာ ၉၊ ၂၀၁၂။)
အမေရိကန်သမ္မတ Barack Obama အနေနဲ့ သမ္မတအဖြစ် ပြန်အရွေးကောက်ခံရအပြီးမှာ ပထမဆုံးအနေနဲ့ သူမဲဆွယ်စဉ်ကာလမှာ အဓိကပြောခဲ့တာတခုဖြစ်တဲ့ အစိုးရ အသုံးစားရိတ်ဖြတ်တောက် မှုနဲ့ အခွန်တိုးမြှင့်မှု ပြဿနာတွေအတွက် ကွန်ကရက် လွှတ်တော်ခေါင်းဆောင်တွေနဲ့ ရှေ့သီတင်းပတ်မှာ တွေ့ဖို့ အစည်းအဝေးခေါ်ထားပါတယ်။ ဒီငွေကြေးပြဿနာတွေ ကို ကျော်လွှားနိုင်ဖို့အတွက် အားလုံးက သဘောတူညီနိုင်မဲ့ ဖြေရှင်းချက် မျိုးရအောင် အမြန်လိုအပ်နေပြီလို့ သမ္မတ အိုဘားမားက သောကြာနေ့ အိမ်ဖြူတော် တွေ့ဆုံပွဲတခုမှာ အလေးထားပြောခဲ့ပြီး အဓိက ဦးစားပေးရမှာက အလုပ်အကိုင်သစ် ဖန်တီးပေးရေးနဲ့ စီးပွားရေးတိုးတက်ရေးဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ရှေ့သီတင်းပတ် နိုဝင်္ဘာ ၁၆ရက်နေ့မှာ လုပ်မဲ့ ဒီအရေးပါတဲ့ ဆွေးနွေးညှိနှိုင်းပွဲ မတိုင်ခင် ဗုဒ္ဓဟူးနေ့မှာတော့ သမ္မတအိုဘားမားအနေနဲ့ ကြီးမားလာနေတဲ့ စီးပွားရေးနဲ့ ငွေကြေးပြဿနာတွေကို သတင်းစာရှင်းလင်းပွဲ တခုလုပ်ပြီး ရှင်းပြဖို့လည်း ရှိနေတယ်လို့ အိမ်ဖြူတော်က ကြေညာခဲ့ပါတယ်။
မစ္စတာအိုဘားမားကပဲ အစိုးရ အသုံးစားရိတ် သုံးစွဲမှုကို ထိန်းချုပ်ဖို့က အရေးကြီးတာမှန်ပေမဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ထိခိုက်သွားစေနိုင်တဲ့ အစိုးရအစီအစဉ်တွေကိုတော့ ဖြတ်တောက်တာမျိုးတော့ မဖြစ်သင့်ဘူးလို့ ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင် သမ္မတအဖြစ် အရွေးခံရတာကို ထောက်ပြပြီး ဒီအချက်ကြောင့် အမေရိကန်ပြည်သူ အများစုအနေနဲ့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ နှစ်သိန်းငါးသောင်းကျော် ရတဲ့ အမေရိကန်ရဲ့ အချမ်းသာဆုံးသူတွေကို အခွန်တိုးကောက်ဖို့ သူ့အဆိုပြုချက် ကို ထောက်ခံတာကို ပြလိုက်တာ မစ္စတာ အိုဘားမားက ဆက်ထောက်ပြလိုက်ပါတယ်။
XS
SM
MD
LG