သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်စစ်အပြီး အမေရိကန် စီးပွားရေး ပြန်လည်ထူထောင်ဖို့ သမ္မတ တိုက်တွန်း


အီရတ်စစ်အပြီး အမေရိကန် စီးပွားရေး ပြန်လည်ထူထောင်ဖို့ သမ္မတ တိုက်တွန်း
အီရတ်စစ်အပြီး အမေရိကန် စီးပွားရေး ပြန်လည်ထူထောင်ဖို့ သမ္မတ တိုက်တွန်း

သမ္မတ အိုဘားမားက အီရတ်နိုင်ငံမှာ အမေရိကန် တိုက်ခိုက်ရေး တပ်ဖွဲ့တွေရဲ့ တာဝန် ပြီးဆုံးခဲ့ပြီးတော့ အီရတ်နိုင်ငံ လုံခြုံရေးအတွက် အီရတ်ပြည်သူတွေ အနေနဲ့ မူလ တာဝန်တွေကို ပုခုံးပြောင်း တာဝန်ယူကြရမယ့် အချိန်ကျရောက်ပြီလို့ ပြောဆိုလိုက်ပါတယ်။

သမ္မတ အိုဘားမားဟာ မကြာခင် အချိန်ပိုင်းအတွင်းမှာ နိုင်ငံတဝန်းကို အီရတ်စစ်ပွဲ အဆုံးသတ်တာနဲ့ ပတ်သက်ပြီး မိန့်ခွန်း ပြောဆိုဖို့ ရှိပါတယ်။

ကြိုတင် ထုတ်ပြန်လိုက်တဲ့ သမ္မတ အိုဘားမားရဲ့ မိန့်ခွန်း ကောက်နုတ်ချက်ထဲမှာ အီရတ်စစ်ပွဲ အဆုံးသတ်တာဟာ အမေရိကန် ပြည်ထောင်စုရဲ့ အကျိုးစီးပွား အတွက်ရော၊ အီရတ်နိုင်ငံရဲ့ အကျိုးစီးပွား အတွက်ပါ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စုအတွက် အရေးအကြီးဆုံးနဲ့ အမြန်ဆုံး ဆောင်ရွက်ရမယ့် အလုပ်ကတော့ စီးပွားရေး ပြန်ကောင်းအောင် လုပ်ဖို့နဲ့ သန်းနဲ့ချီတဲ့ အမေရိကန် ပြည်သူတွေ အလုပ်ခွင်တွေကို ပြန်ဝင်ကြရဖို့ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက သူ့ရဲ့မိန့်ခွန်းမှာ ပြောဆိုဖို့ ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

အီရတ်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင် ဦးရေ ၅၀,၀၀၀ ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်။ မကြာမီ နာရီပိုင်းအတွင်းမှာ သမ္မတ အိုဘားမားက နိုင်ငံကို မိန့်ခွန်းပြောတဲ့အခါ အီရတ်တပ်ဖွဲ့တွေကို လေ့ကျင့် သင်တန်းပေးရေးမှာ အမေရိကန် တပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍနဲ့ အကြံပြုချက်တွေကို အကြမ်းဖျင်းအနေနဲ့ ထည့်သွင်းပြောဆိုဖို့ ရှိပါတယ်။

အကြံပေးတာနဲ့ လေ့ကျင့် သင်တန်းပေးရေးဟာ အမေရိကန်တပ်ဖွဲ့တွေ ဆက်လက်ထားရှိရေး ရည်ရွယ်ချက်အတွက် အခရာကျတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

XS
SM
MD
LG