သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား ဥရောပခရီးစတင်


ဥရောပခရီးထွက်ခွာတော့မယ့် သမ္မတအိုဘားမား။ (ဂျွန် ၂၊ ၂၀၁၄)
ဥရောပခရီးထွက်ခွာတော့မယ့် သမ္မတအိုဘားမား။ (ဂျွန် ၂၊ ၂၀၁၄)
အမေရိကန်သမ္မတအိုဘားမားဟာ အမေရိကန်စံချိန် အခုတနင်္လာနေ့ ညပိုင်းမှာ ဥရောပခရီးစဉ် ထွက်ခွာသွားပြီး ခရီးစဉ်အတွင်း ပိုလန်၊ ဘယ်လ်ဂျီယံနဲ့ ပြင်သစ်နိုင်ငံတွေကို သွားရောက်ဖို့ ရှိနေပါတယ်။

ယူကရိန်းနိုင်ငံမှာ ရုရှားလိုလားသူ ခွဲထွက်ရေးလှုပ်ရှားမှုတွေနဲ့ စစ်ရေးတင်းမာနေချိန်မှာပဲ သမ္မတအိုဘားမားရဲ့ အခု ဥရောပခရီးစဉ် ဖြစ်လာတာပါ။ မစ္စတာအိုဘားမားဟာ ယူကရိန်းရွေးကောက်ပွဲနိုင်ပြီး သမ္မတဖြစ်တော့မယ့် Petro Poroshenko နဲ့ ပိုလန်မှာ တွေ့ဆုံဖို့ရှိပါတယ်။

ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တွေမှာ ဘယ်လ်ဂျီယံနိုင်ငံ ဘရားဇီးလ်မှာ အမေရိကန်မဟာမိတ်တွေနဲ့ တွေ့ဆုံဖို့လည်းရှိနေပါတယ်။

ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်ဆောင်ရွက်မယ့် အခုသီတင်းပတ် စက်မှုထိပ်သီး ရှစ်နိုင်ငံ အစည်းအဝေးကို သပိတ်မှောက်ဖို့၊ ကျန် နိုင်ငံတွေက ဆုံးဖြတ်ပြီးတဲ့နောက် အခုလို သမ္မတအိုဘားမားအပါအဝင် ကျန်နိုင်ငံခေါင်းဆောင်တွေ ဘယ်ဂျီယံမှာတွေ့ဖို့ အလျင်အမြန်စီစဉ်ခဲ့ကြတာပါ။ ယူကရိန်းနိုင်ငံက ခွဲထွက်သွားတဲ့ Crimea ကို ရုရှားအောက်ဝင်သွားတဲ့နောက် အခုလို ရုရှားကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

သမ္မတအိုဘားမားဟာ ပြင်သစ်နိုင်ငံရောက်ရင်တော့ နော်မန်ဒီက Omaha ကမ်းခြေမှာလုပ်မယ့် D-Day နှစ် ၇၀ ပြည့်အထိမ်းအမှတ်အခမ်းအနားမှာ တက်ရောက်မိန့်ခွန်းပြောဖို့ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတပ်တွေကို မဟာမိတ်တပ်တွေက ပြန်လည် တိုက်ထုတ်တဲ့ အထိမ်းအမှတ်ဖြစ်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာပူတင်လည်း အဲဒီ အခမ်းအနားကို တက်ရောက်ဖို့ရှိပါတယ်။ ဒါပေမယ့်လည်း အမေရိကန်နဲ့ ရုရှားခေါင်းဆောင်နှစ်ဦး အဲဒီမှာ စည်းဝေးဖို့ဆိုတာ အစီအစဉ်လုပ်ထားတာမရှိပါဘူး။ ဗြိတိန်ဝန်ကြီးချုပ် David Cameron ကတော့ ရုရှားသမ္မတနဲ့ နော်မန်ဒီမှာ တွေ့ဖို့ စီစဉ်ထားပါတယ်။
XS
SM
MD
LG