သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား ဗလီကို သွားလည်မည်


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား ဟာ သူ့သမ္မတသက်တမ်းအတွင်း ပထမဆုံးအကြိမ် အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ မူဆလင်ဗလီတခုကို ဗုဒ္ဓဟူးနေ့မှာ သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။

မယ်ရီလန်းပြည်နယ် ဘော်တီမိုးမြို့က အစ္စလာမ်ဘာသာဝင်တွေဆီ သမ္မတရဲ့ အခုလို သွားရောက်လည်ပတ်မှုဟာ - မူဆလင် အမေရိကန်တွေ တိုင်းပြည်ကို ပံ့ပိုးကူညီမှုတွေကို အသိအမှတ်ပြုဖို့နဲ့ ဘာသာရေးလွတ်လပ်ခွင့်ရဲ့ အရေးပါမှုကို ထပ်လောင်း အတည်ပြုဖို့ ဖြစ်တဲ့အကြောင်း သမ္မတ အိမ်ဖြူတော်က စနေနေ့မှာ ပြောဆိုခဲ့တာပါ။

သမ္မတ အိုဘားမားဟာ ဒေသခံလူမှုအသိုင်းအဝိုင်းနဲ့ တွေ့ဆုံမှာ ဖြစ်သလို၊ အမေရိကန်ရဲ့ စံတန်ဖိုးတွေနဲ့အညီ ပြုမူနေထိုင်မှုရဲ့ အရေးပါမှုတွေကို ထပ်လောင်းပြောဆိုပြီး၊ အမေရိကန် နိုင်ငံသားတွေ အချင်းချင်းကြား ကြိုဆိုဖို့၊ အမေရိကန် ပြည်ထောင်စုရဲ့ ဘာသာရေးလွတ်လပ်မှု ဓလေ့ထုံးစံကို အကာအကွယ်ပေးထားတဲ့ လူမျိုးရေးအစွန်းရောက်မှုကို လက်မခံကြောင်း ပြောဆိုသွားမှာ ဖြစ်တယ်လို့လည်း အိမ်ဖြူတော်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက လူမျိုးရေးအစွန်းရောက် မူဆလင်တွေနဲ့ ဆက်နွယ်တဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်နဲ့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် စန် ဘာနာဒီးနိုးမြို့က အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက်ပိုင်း - အမေရိကန် မူဆလင်တွေအနေနဲ့ အစွန်းရောက်ဝါဒ တိုက်ဖျက်ရေးမှာ ကူညီကြဖို့လည်း သမ္မတ အိုဘားမား က တိုက်တွန်းထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG