မြန်မာနိုင်ငံမှာ တိုင်းရင်းအမျိုးသမီး အဖွဲ့တွေအနက် ရန်ကုန်အခြေစိုက် Karen Women's Action Group ကရင်အမျိုးသမီးဖွံ့ဖြိုးရေးအဖွဲ့ဟာ အမျိုးသမီးတွေအရေးနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်တာ တွေ့ရပါတယ်။ ဒီအဖွဲ့အစည်းနဲ့ပတ်သက်လို့ အဖွဲ့မတည်သူတဦးဖြစ်တဲ့ နော်ဆူဇန်နာ လှလှစိုး ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။