သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ာမနီ ပိုလန္နယ္ျခား Oder ျမစ္မွာ ငါးေတြ တန္နဲ႔ခ်ီ ေသဆုံး


ခ်က္ႏုိင္ငံကစီးဆင္းလာၿပီး ပိုလန္နဲ႔ဂ်ာမနီနယ္ျခား အိုဒါးျမစ္ထဲမွာ ငါးေတြ ဆယ္တန္ဝန္းက်င္ေသဆံုးေနပံု။ (ၾသဂုတ္ ၁၁၊ ၂၀၂၂)  

[[Zawgyi/Unicode]]

ပိုလန္နဲ႔ ဂ်ာမနီနယ္ျခား Oder ျမစ္ထဲကငါး ဆယ္တန္ေလာက္ စုၿပဳံေသေက်ခဲ့တဲ့ ျဖစ္ရပ္ေၾကာင့္ ဘယ္လိုအဆိပ္သင့္ ေသဆုံးသလဲဆိုတာကို သက္ဆိုင္ရာတာဝန္ရွိသူေတြ စုံစမ္းစစ္ေဆးေနၾကပါတယ္။

ဂ်ာမနီႏိုင္ငံဘက္မွာေတာ့ ရာနဲ႔ခ်ီတဲ့ ေစတနာ့ဝန္ထမ္းေတြ ငါးေသေတြကို ဖယ္ရွားေနၾကပါတယ္။ ႏွစ္ေပါင္း ၄၀ အတြင္းမွာ ငါးေတြ ဒီလိုအစုလိုက္ ေသဆုံးတာမ်ိဳး တခါမွမေတြ႔ခဲ့ဘူးလို႔ ငါးဖမ္းသမားတေယာက္က ေျပာပါတယ္။ ဓါတ္ခြဲခန္း ကနဦးစမ္းသပ္ခ်က္ေတြအရ ငါးေတြ ေသဆုံးခဲ့တဲ့ Oder ျမစ္ေရထဲမွာ ဆားဓါတ္ အေျမာက္အမ်ား ပါဝင္ေနတယ္လို႔ ေဖၚျပပါတယ္။ ဒါေပမဲ့ ျပဒါးအဆိပ္သင့္တဲ့ဓါတ္ေတာ့ မေတြ႕ရတဲ့အေၾကာင္း ပိုလန္ သာဘာဝဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးက ေျပာပါတယ္။

Oder ျမစ္ဟာ Check သမၼတႏိုင္ငံထဲက စီးဆင္းတဲ့ျမစ္ျဖစ္ၿပီး ပိုလန္နဲ႔ဂ်ာမနီ နယ္ျခားကို ျဖတ္သန္းသြားပါတယ္။ အခုလို ငါးေတြ စုၿပဳံေသဆုံးေနတဲ့ ျဖစ္ရပ္နဲ႔ ေရ အဆိပ္သင့္တာကို အေျဖရွာေဖာ္ထုတ္ႏိုင္တဲ့သူကို ပိုလန္ေငြ တသန္း၊ ေဒၚလာနဲ႔ဆို ၂ သိန္း ၂ ေသာင္း ဆုခ်မယ္လို႔ ပိုလန္ ျပည္ထဲေရး ဝန္ႀကီးဌာနက ေၾကညာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]

ဂျာမနီ ပိုလန်နယ်ခြား Oder မြစ်မှာ ငါးတွေ တန်နဲ့ချီ သေဆုံး

ပိုလန်နဲ့ ဂျာမနီနယ်ခြား Oder မြစ်ထဲကငါး ဆယ်တန်လောက် စုပြုံသေကျေခဲ့တဲ့ ဖြစ်ရပ်ကြောင့် ဘယ်လိုအဆိပ်သင့် သေဆုံးသလဲဆိုတာကို သက်ဆိုင်ရာတာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးနေကြပါတယ်။

ဂျာမနီနိုင်ငံဘက်မှာတော့ ရာနဲ့ချီတဲ့ စေတနာ့ဝန်ထမ်းတွေ ငါးသေတွေကို ဖယ်ရှားနေကြပါတယ်။ နှစ်ပေါင်း ၄၀ အတွင်းမှာ ငါးတွေ ဒီလိုအစုလိုက် သေဆုံးတာမျိုး တခါမှမတွေ့ခဲ့ဘူးလို့ ငါးဖမ်းသမားတယောက်က ပြောပါတယ်။ ဓါတ်ခွဲခန်း ကနဦးစမ်းသပ်ချက်တွေအရ ငါးတွေ သေဆုံးခဲ့တဲ့ Oder မြစ်ရေထဲမှာ ဆားဓါတ် အမြောက်အများ ပါဝင်နေတယ်လို့ ဖေါ်ပြပါတယ်။ ဒါပေမဲ့ ပြဒါးအဆိပ်သင့်တဲ့ဓါတ်တော့ မတွေ့ရတဲ့အကြောင်း ပိုလန် သာဘာဝဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက ပြောပါတယ်။

Oder မြစ်ဟာ Check သမ္မတနိုင်ငံထဲက စီးဆင်းတဲ့မြစ်ဖြစ်ပြီး ပိုလန်နဲ့ဂျာမနီ နယ်ခြားကို ဖြတ်သန်းသွားပါတယ်။ အခုလို ငါးတွေ စုပြုံသေဆုံးနေတဲ့ ဖြစ်ရပ်နဲ့ ရေ အဆိပ်သင့်တာကို အဖြေရှာဖော်ထုတ်နိုင်တဲ့သူကို ပိုလန်ငွေ တသန်း၊ ဒေါ်လာနဲ့ဆို ၂ သိန်း ၂ သောင်း ဆုချမယ်လို့ ပိုလန် ပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။

XS
SM
MD
LG