သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

MERS ရောဂါနဲ့ တောင်ကိုရီးယားမှာ သေဆုံးသူ ၁၆ ယောက်အထိရှိ


MERS ခေါ်တဲ့ ကူးစက်မြန်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကွယ်ကွယ်ဖို့ mask တွေကို အသုံးပြုသွားလာနေကြပုံ။
MERS ခေါ်တဲ့ ကူးစက်မြန်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကွယ်ကွယ်ဖို့ mask တွေကို အသုံးပြုသွားလာနေကြပုံ။

တောင်ကိုရီးယားမှာ ကူးစက်ပျံ့ပွားနေတဲ့ အရှေ့အလယ်ပိုင်းဒေသ အသက်ရှုလမ်းကြောင်းဆိုင်ရာ MERS ကူးစက်မြန်ရောဂါကြောင့် ၁၆ ယောက်မြောက် လူနာသေဆုံးသွားရပြီး ရောဂါကူးစက်မှု ၅ ခု လည်း ထပ်ဖြစ်တယ်လို့ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပါတယ်။

သေဆုံးမှုတွေကိုပါ ထည့်ရေတွက်ရင် ရောဂါကူးစက်မှုပေါင်း ၁၅၀ ရှိသွားပြီး လောလောဆယ် လူနာ ၁၇ ဦးက စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ အခုထိတော့ ရောဂါကူးစက်မှုတွေအားလုံးဟာ ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အဦးတွေမှာ ဖြစ်ပြီး သေဆုံးသူအားလုံးဟာလည်း ဆီးချိုလို ရောဂါအခံတခုခု ရှိထားသူတွေ ဖြစ်ကြပါတယ်။

Seoul မြို့တော်မှာရှိတဲ့ တောင်ကိုရီးယားမှာ အကောင်းဆုံးဆေးရုံကြီးတခုကိုလည်း ဒီရောဂါရောက်လာခဲ့လို့ ဒီကနေ့ပဲ ဆေးရုံကို တဝက်တပျက် ပိတ်ထားလိုက်ရပါတယ်။ Samsung ဆေးရုံမှာ အရေးပေါ်မဟုတ်တဲ့ ခွဲစိတ်မှုတွေအားလုံးကို နားထားမယ်၊ လူနာသစ်လည်း လက်ခံမှာ မဟုတ်ဘူးလို့ ဆေးရုံဥက္ကဌ Song Jae-hoon က ပြောပါတယ်။ ဆေးရုံကို ဧည့်သည်လည်း အလာမခံသလို ရှေ့ဒီလိုပဲ ဆက်သွားမလားဆိုတာလည်း ဇွန်လ ၂၄ ရက်နေ့မှာ ထပ်ပြီးစဉ်းစားမယ်လို့ သူကပဲ ပြောပါတယ်။

ဒီလို MERS ရောဂါ ကူးစက်ပျံ့ပွားမှုက အရည်အတွက် ကျဆင်းနေပေမယ့် ရောဂါ ကူးစက်ပျံ့ပွားပုံက ကျယ်ပြန့်ရှုပ်ထွေးပြီး ရောဂါကူးစက်မှုတွေ ထပ်ဖြစ်ဦးမယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျွမ်းကျင်သူတွေက ပြောပါတယ်ရှင်။

XS
SM
MD
LG