သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် မုန်တိုင်းသင့်တောင်သူတွေ မျိုးစပါးထောက်ပံ့ဖို့ တာဝန်ရှိသူတွေပြင်ဆင်


ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် တောင်သူလယ်သမားများ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် မျိုးစပါးများ (ပထမအကြိမ်) စစ်ကောင်စီ ပို့ဆောင် ( နေပြည်တော်၊ ဇွန် ၂၅၊ ၂၀၂၃)
ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် တောင်သူလယ်သမားများ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် မျိုးစပါးများ (ပထမအကြိမ်) စစ်ကောင်စီ ပို့ဆောင် ( နေပြည်တော်၊ ဇွန် ၂၅၊ ၂၀၂၃)

မိုခါဆိုင်ကလုန်းမိုင်တိုင်းကြောင့် မျိုးစပါးတွေ ပျက်စီးပြီး စပါးစိုက်ဖို့ ခက်ခဲနေတဲ့ ရခိုင်ဒေသခံ တောင်သူ တွေအတွက် မျိုးစပါးတင်း ၇ သောင်းလောက် ထောက်ပံ့ပေးမယ်လို့ ရခိုင်ပြည်နယ် စစ်ကောင် စီ ပြောခွင့်ရက ပြောပါတယ်။ မုန်တိုင်းသင့် ဒေသတွေမှာ တောင်သူတွေ ဒီနှစ် ထွန်ယှက် စိုက်ပျိုးဖို့ ခက်ခဲနေကြသလို မိုးစပါး အချိန်မီ မစိုက်ပျိုးနိုင်မှာကိုလည်း စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ရန်ကုန်က လာတဲ့သတင်းကို ကိုဝင်းခန့်မောင်က တင်ပြပေးပါမယ်။

ဆိုင်ကလုန်း မိုခါ ဒဏ်သင့်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ် ၁ဝ ခုလောက်မှာ စိုက်ပျိုးရေး လုပ်ငန်းတွေ အတော်ကြီး ထိခိုက်ခဲ့ရတာပါ။ ဒေသခံတွေရဲ့ နေအိမ်တွေ ပျက်စီးသွားတာကြောင့် မိုးစပါးအတွက် ချန်ထားတဲ့ မျိုးစေ့တွေ ပျက်စီးသွားကြသလို ကျွဲ၊ နွား သေဆုံးတာတွေ လည်း ရှိခဲ့တာကြောင့် ထွန်ယှက်စိုက်ပျိုးဖို့ ခက်ခဲနေကြဆဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် စစ်ကောင်စီကတော့ မုန်တိုင်းကြောင့် မျိုးစပါးတွေ ပျက်စီးသွားတဲ့ ရခိုင်မြောက် ပိုင်းက ဒေသခံ တောင်သူတွေအတွက် စပါးမျိုးစေ့ တင်း ၇၀,၀၀၀ လောက် ပေးဖို့ပြင်ဆင်ထားတယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကပြောပါတယ်။

“ မျိုးစပါးက စုစုပေါင်း သိန်း ၇ဝ,ဝဝဝ လို့တော့ပြောတယ်၊ အဓိကတော့ အဲဒီဘက်မှာ မဖြစ်မနေ ပါတဲ့ဟာကတော့ ကျောက်တော် မြောက်ဦး ရသေ့တောင် အဲဒီဒေသတွေက မဖြစ်မနေပါတဲ့ သဘောရှိပါတယ်၊ စစ်တွေလည်းပါတယ် ဒီဟာကတော့ စိုက်ပျိုးရေးက ဖြန့်မှာပါ၊ ဒီနေ့ လောက်ဆို ရောက်ကြပြီထင်တယ်၊ ရောက်နေပြီ ဧရာဝတီရယ် ပဲခူးတိုင်းရယ် အဲ ၂နေရာက ရောက်နေပြီထင်တယ် မနေ့ကတော့ ရောက်မယ်လို့ပြောတယ်။ ”

စပါးမျိုးစေ့တွေဟာ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးတို့နေ ယူလာတာဖြစ်ပြီး လက်ရှိမှာ တော့ ရခိုင်ပြည်နယ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ဒါပေမဲ့ ဘယ်နေ့စ တင်ပေးသွားမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ မြောက်ဦးမြို့နယ် ဥက္ကန်ကျေးရွာက လယ်သမားတဦးကတော့ လယ်ထွန်ခတွေ မြေဆီမြေသြဇာတွေ ဈေးကြီးနေတာကြောင့် မိုးစပါး ရရင်တောင် စိုက်ပျိုးဖို့ အခက်အခဲတွေ ရှိနေသေးတဲ့အကြောင်း ပြောပါတယ်။

“ ငှားထည့်ရတယ် စက်နဲ့ ထွန်ဖို့လည်းငှားထည့်ရတယ်၊ စက်မရှိတဲ့ သူတွေက ငှားပြီးတော့ ထွန်ရတယ်၊ ဝါးတရာ ကို မနှစ်က ၈သောင်းပေးရတယ် ဒီနှစ်တော့ ၉သောင်းပေးရတယ်၊ လယ် သမားတွေမှာလည်း ထွန်ခလို့မျိုး စပါးရိတ်ခတမျိုး မြေဆီ မြေသြဇာဖို့ အိမ်ပြန် ဆောက်ရတာ ကတမျိုး အခက်အခဲတွေကြီးပဲ။ ”

ကမ်းရိုးတန်းဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ လယ်ယာလုပ်ငန်းဟာ ပြည်နယ်ရဲ့ အသက် သွေးကြောလုပ်ငန်းဖြစ်သလို မိုးစပါးတခုတည်းကိုသာ အားထား စိုက်ပျိုးကြ တာလည်းဖြစ် ပါတယ်။ တခြား ဆောင်းသီးနှံတွေ စိုက်ကြပေမဲ့ တပိုင်တနိုင် အနည်းအကျဉ်းလောက်သာ ရှိတယ်လို့ ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂ ပြောခွင့်ရ ဦးအောင်ကျော်မြတ်ကပြောပါတယ်။

“ ကျနော်တို့ ရခိုင်ပြည်နယ်မှာ လယ်ယာလုပ်ငန်းဟာ ဒေသခံပြည်သူတွေအတွက် အဓိက အသက်သွေးကြောပေါ့လေ ကျနော်တို့ ရခိုင်မှာ စက်ရုံ အလုပ်ရုံတွေလည်း ဘာတခုမှမရှိ ဘူးလေ၊ နောက်ပြီးတော့ တခြား ထွက်ကုန်လည်း မရှိဘူုးလေ၊ မတ်ပဲလည်းမစိုက်ဘူး နောက်ပြီးတော့ နွေစပါးလည်း စိုက်တာမဟုတ်ဘူး၊ ဆောင်းသီးနှံလည်း သိပ်များများ စားစားမလုပ်ဘူးလေ၊ မိုးစပါးတခုတည်းကို မှီခိုပြီးတော့ နေကြတဲ့အခါ မိုးစပါးတခုဟာ ကျနော်တို့ ရခိုင်ဒေသအတွက်တော့ တော်တော်ကို အသက်သွေးကြောသဖွယ် အရေးကြီးပါ တယ်နော်။”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂နှစ်ခုနှစ်ကလည်း မိုးနည်းပြီး စိုက်ပျိုးရေးအတွက် မိုးရေအလုံအလောက် မရခဲ့တာ၊ ဓာတ်မြေသြဇာတွေ ဈေးကြီးတာကြောင့် စပါးအထွက်နှုန်းကျ ဆင်းခဲ့ရပါတယ်။ ဒီနှစ်မှာလည်း မျိုးစပါး အခက်အခဲတွေကြောင့် တောင်သူတွေ အချိန်မီ မစိုက်ပျိုးနိုင်မှာကို စိုးရိမ်နေကြတာပါ။

ရခိုင်ပြည်နယ်မှာ လယ်ဧကစုစုပေါင်း ၁၂ သိန်းကျော်ရှိပေမယ့် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်နောက် ပိုင်းကစလို့ ဒေသမငြိမ်မသက်မှုတွေကြောင့် တနှစ်ကို ၉ သိန်းလောက်သာ စိုက်ပျိုးနိုင်တော့တယ်လို့ တောင်သူလယ်သမားသမဂ္ဂရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG