သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခြေခံလွတ်လပ်ခွင့် တိုးမြှင့်ဖို့ OIC တိုက်တွန်း


အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu, (လယ်) နှင့်အဖွဲ့ ရန်ကုန်လေဆိပ်မှ ထွက်ခွာစဉ်။ (နိုဝင်ဘာ ၁၇၊ ၂၀၁၃)
အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu, (လယ်) နှင့်အဖွဲ့ ရန်ကုန်လေဆိပ်မှ ထွက်ခွာစဉ်။ (နိုဝင်ဘာ ၁၇၊ ၂၀၁၃)
မြန်မာနိုင်ငံမှာ အစိုးရက စစ်မှန်တဲ့ပြုပြင်ပြောင်းမှုတွေကို ဆက်ပြီးလုပ်ဆောင်ဖို့နဲ့ အခြေခံကျတဲ့ လွတ်လပ်ခွင့်ပိတ်ပင်ထားမှုတွေကို ဖြေလျှော့ပေးဖို့ မြန်မာနိုင်ငံကနေ ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ ပြန်လည်ထွက်ခွာသွားပြီဖြစ်တဲ့ OIC အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က တိုက်တွန်းသွားပါတယ်။

ရခိုင်ပြည်နယ်ဒေသအသီးသီး မှာ အကြမ်းဖက်မှုပပျောက်ရေး ဆောင်ရွက်ဖို့၊ ပြည်သူတွေကို အကြမ်းဖက်မှုတွေကနေ အကာအကွယ်ပေးပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ အခြေခံလွတ်လပ်ခွင့်တွေ ရရှိဖို့ ဆောင်ရွက်မယ်ဆိုပြီး မြန်မာ အစိုးရက အာမခံထားတာတွေကို OIC ကိုယ်စားလှယ်အဖွဲ့က ကြိုဆိုကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီနဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ ဒီကနေ့ထုတ်ပြန်သွားတဲ့ ပူးတွဲကြေညာချက်မှာ ပြောထားပါတယ်။

မြန်မာအစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေတွေကို နိုင်ငံ တကာ စံနှုန်းတွေနဲ့အညီ ပြန်သုံးသပ်နေတာကိုလည်း အသိအမှတ်ပြုပါတယ်လို့ ပြောပြီး မြန်မာနိုင်ငံမှာ အခြေခံလွတ်လပ်ခွင့်ကို ကန့်သတ်ရာရောက်တဲ့ ဥပဒေတွေ ပြန်ပြင်ဆင်တာတွေအပါအဝင် ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက် ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားတာပါ။

မြန်မာအစိုးရဘက်ကလည်း အခုလို OIC အဖွဲ့ရဲ့ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကြိုးပမ်းမှုတွေအတွက် စိတ်ဝင်တစားနဲ့ ကူညီဖို့လုပ်လာတာကို အသိအမှတ်ပြုကြောင်း ပြောကြားထားပါတယ်။
XS
SM
MD
LG