သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

OIC အကြီးအကဲ မြန်မာပြည် သွားမည်


OIC
OIC ခေါ် နိုင်ငံတကာ အစ္စလာမ်ကောင်စီ အတွင်းရေးမှူးချုပ် Ekmeleddin Ihsauogluဟာ ဝန်ကြီးအဆင့် ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ကို ဦးဆောင်ပြီး နိုဝင်ဘာလ အလယ်ပိုင်းမှာ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ နိုဝင်ဘာလ ၆ ရက်နေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

စက်တင်ဘာလတုန်းက နယူးရောက်မြို့မှာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းနဲ့ တွေ့ဆုံစဉ် ပြုလုပ်ခဲ့တဲ့ ရိုဟင်ဂျာ လူနည်းစုတွေ အရေးဆိုင်ရာ ပြဌာန်းချက်ကို အကောင်အထည်ဖေါ်ဖို့ ကိစ္စအတွက် သွားရောက်မယ်လို့ OIC အတွင်းရေးမှူးချုပ်က ပြောပါတယ်။

သူကိုယ်တိုင်ဦးဆောင်ပြီး သွားရောက်မယ့် OIC အဖွဲ့ထဲမှာ Saudi Arabia၊ အီဂျစ်၊ တူရကီ၊ ဘင်္ဂလားဒက်ရှ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဂျီဘူတီ Djibouti နိုင်ငံ ၇ နိုင်ငံက ကိုယ်စားလှယ်တွေ ပါဝင်မှာဖြစ်ပါတယ်။
အခုသွားရောက်မယ့် ခရီးစဉ်အတွင်း မြန်မာအစိုးရ အရာရှိကြီးတွေနဲ့ မူစလင်ပါလီမန်အမတ်တွေကိုပါ တွေ့ဆုံမှာဖြစ်ပြီး ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့ ရိုဟင်ဂျာစခန်းတွေကိုလည်း သွားရောက်မယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG