သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားစစ်ကြောင့် လျော့နည်းသွားတဲ့ ဓာတ်ဆီ အရန်သိုလှောင်မှုမှ ထုတ်ပေးမည်


လစ်ဗျားစစ်ကြောင့် လျော့နည်းသွားတဲ့ ဓာတ်ဆီ အရန်သိုလှောင်မှုမှ ထုတ်ပေးမည်
လစ်ဗျားစစ်ကြောင့် လျော့နည်းသွားတဲ့ ဓာတ်ဆီ အရန်သိုလှောင်မှုမှ ထုတ်ပေးမည်

လစ်ဗျားနိုင်ငံက စစ်ပွဲကြောင့် ထုတ်လုပ်မှု ကျဆင်းခဲ့ရတဲ့ လောင်စာဆီ ကာမိအောင် အရေးပေါ် သိုမှီးထားတဲ့ အထဲက သန်းပေါင်းများစွာသော လောင်စာဆီတွေကို နောက်လထဲမှာ ထုတ်ပေးမယ်လို့ IEA ခေါ် နိုင်ငံတကာ စွမ်းအင် အေဂျင်စီက ပြောကြားလိုက်ပါတယ်။

လစ်ဗျားက ပဋိပက္ခတွေကြောင့် ရေနံဈေးကွက်မှာ အဆင့်မြင့် ရေနံစိမ်း စည်ပေါင်း ၁၃၂ သန်း လျော့နည်းစေခဲ့ပြီး အကန့်အသတ်နဲ့ ဖြန့်ဝေပေးနေရာက ဈေးနှုန်း ကြီးမြင့်တာတွေ ဖြစ်လာတာကြောင့် နာလန်ထူစ ခနော်နီ ခနော်နဲ့ ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေနိုင်တယ်လို့လည်း IEA က ဆိုပါတယ်။

အခု ဖြည့်စွက် ဖြန့်ချိတဲ့ လောင်စာဆီရဲ့ ထက်ဝက်ကို အမေရိကန်ရဲ့ မဟာဗျူဟာအတွက် အရန်သိုမှီးထားတဲ့ အထဲက ထုတ်ပေးမှာ ဖြစ်တယ်လို့ အမေရိကန် စွမ်းအင်ဝန်ကြီး စတီဖင် ချူး (Steven Chu) က ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ မဟာဗျူဟာအတွက် အရန်သိုမှီးထားတဲ့ ဓာတ်ဆီ စည်ပေါင်း သန်း ၇၀၀ ကျော်ရှိပြီး အမြင့်မားဆုံး စံချိန်လည်း ဖြစ်ပါတယ်။

ဒီ အရန်အတားဆီကို ၁၉၉၁ ခုနှစ် ပါရှန်ပင်လယ်ကွေ့စစ်ပွဲ အတွင်းမှာ တကြိမ်၊ ၂၀၀၅ ခုနှစ်က အမေရိကန်ရဲ့ ပင်လယ်ကွေ့ ကမ်းရိုးတန်းမှာ ဟာရီကိန်း လေမုန်တိုင်းတွေကြောင့် စည်ထုတ်လုပ်မှု ကျဆင်းခဲ့ရတုန်းက တကြိမ်၊ စုစုပေါင်း ၂ ကြိမ် သုံးစွဲခဲ့ဖူးပါတယ်။

XS
SM
MD
LG