သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် လမုတော ပျက်စီးမယ့် အန္တရာယ် ရင်ဆိုင်နေရ


Sundarbans ဒေသမှာရှိတဲ့ Sela မြစ်ထဲ လောင်စာဆီ ဂါလံ ၉ သောင်းကျော် တင်ဆောင်လာတဲ့ ရေယာဉ် နစ်မြုပ်။
Sundarbans ဒေသမှာရှိတဲ့ Sela မြစ်ထဲ လောင်စာဆီ ဂါလံ ၉ သောင်းကျော် တင်ဆောင်လာတဲ့ ရေယာဉ် နစ်မြုပ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း ဘင်္ဂလားပင်လယ်အော်ထဲမှာ လောင်စာဆီ ယိုဖိတ်မှုတွေ ဖြစ်ပွါးခဲ့တဲ့အတွက် ကမ္ဘာ့ထိမ်းသိမ်းရမယ့် အမွေအနှစ်အဖြစ် ကုလသမဂ္ဂ ယူနက်စကို UNESCOအဖွဲ့က သတ်မှတ်ထားတဲ့ Sundarbans လမုတောဒေသ ပျက်စီးနိုင်တဲ့ ဘေးနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီသီတင်းပါတ် အစောပိုင်းက Sundarbans ဒေသမှာရှိတဲ့ Sela မြစ်ထဲ လောင်စာဆီ ဂါလံ ၉ သောင်းကျော် တင်ဆောင်လာတဲ့ ရေယာဉ် နစ်မြုပ်ခဲ့ပြီးလောင်စာဆီ ယိုဖိတ်မှုတွေ ဖြစ်ခဲ့တာပါ။

အခုချိန်အထိ ရေထဲကိုလောင်စာဆီ ဘယ်လောက် ယိုဖိတ်ခဲ့တယ် ဆိုတာ မသိရသေးသလို သဘာဝဝန်းကျင် ဘယ်အတိုင်းတာထိ ပျက်စီးမှု ရှိတယ် ဆိုတာ မသိရသေးပါဘူး။ ဒါ့အပြင် ယိုဖိတ်နေတဲ့ လောင်စာဆီတွေကို ဘယ်လို ဖယ်ရှားရမယ် ဆိုတာ အခုထိ အာဏာပိုင်တွေက မစီစဉ်ကြ သေးဘူး လို့ သောကြာနေ့ထုတ် Dhaka Tribune သတင်းမှာ ဖေါ်ပြထားပါတယ်။

လမုတော ရှိရာ များပြားလှတဲ့ မြစ်ကြောင်းတွေ ဆုံရာ မြစ်ဝကျွန်းပေါ် ဒေသ တလျှောက်က ဒေသခံတွေကို အာဏာပိုင်တွေက ရေပေါ်က ဆီတွေ တတ်နိုင်သလောက် လိုက်ပြီး စုဆောင်းယူဖို့ ပန်ကြားနေတယ် လို့လည်း ရေးပါတယ်။

Sundarbans လမုတောဟာ ရှားပါးလှတဲ့ သဘာဝတောရိုင်း သတ္တဝါ အမျိုးပေါင်း မြောက်များစွာ မှီခိုနေထိုင်တဲ့ တောကြီး တခုဖြစ်ပါတယ်။ ငှက်မျိုးစိတ်ပေါင်း ၂၆၀နဲ့ အပင်မျိုးစိတ် အများအပြား ရှိတဲ့အပြင် ဘင်္ဂါလီကျား နဲ့ မျိုးတုန်းတော့မယ့် မိကျောင်းမျိုးတွေနဲ့ အိန္ဒိယစပါးကြီးမြွေအပြင် ဧရာဝတီ လင်းပိုင်လို ရှားပါးမျိုးစိတ် အများအပြား ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။

XS
SM
MD
LG