သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေတပ်စခန်းရွှေ့ရေး အမေရိကန်နဲ့ဂျပန် ကနဦးသဘောတူ


US Vice President Joe Biden and Speaker of the House John Boehner applaud South Korea President Park Geun-hye after she addressed a joint meeting of Congress in Washington, May 8, 2013.
US Vice President Joe Biden and Speaker of the House John Boehner applaud South Korea President Park Geun-hye after she addressed a joint meeting of Congress in Washington, May 8, 2013.

ဂျပန်နိင်ငံ အိုကီနာဝါကျွန်းက အမေရိကန်လေတပ်စခန်းပြောင်းရွှေ့ နေရာချထားရေးကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်အစိုးရတို့ကြား ကနဦး သဘောတူညီမှု ရရှိသွားပါပြီ။ မနေ့က ဂျပန်သတင်းမီဒီယာတွေထဲမှာ အမည်မဖော်လိုသူ ဂျပန်အစိုးရ သတင်းရပ်ကွက်ကို ကိုးကားပြီး၊ Futenama အမေရိကန်လေတပ်စခန်းဟာ အိုကီနာဝါကျွန်း Ginowan မြို့ကနေ ကျွန်းမြောက်ပိုင်းရှိ Nago မြို့ကိုပြောင်းရွှေ့မှာဖြစ်တယ်လို့ ရေးသားထားတာပါ။

Futenama လေတပ်စခန်းရဲ့ တချို့လုပ်ငန်းတာဝန်တွေကိုလည်း အိုကီနာဝါကျွန်းမှာမဟုတ်ဘဲ တခြားနေရာ ပြောင်းရွှေ့မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကျန်အသေးစိတ် အချက် အလက်တွေနဲ့ ပတ်သက်ပြီး ဆက်ပြီး သဘောတူညီမှုတွေရနိုင်ဖို့အတွက် နှစ်ဘက်စလုံးက လအတန်ကြာစောင့်ရဦးမှာဖြစ်တယ်လို့ဂျပန်အစိုးရ သတင်းရပ်ကွက်က ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် Yukio Hatoyama အိုကီနာဝါကျွန်းကို သွားပြီး ဒေသခံ လူထုခေါင်းဆောင်တွေနဲ့ မတွေ့ဆုံမီ တရက်အလိုမှာ အခုလို ဂျပန်နဲ့ အမေရိကန် အကြား ကနဦး သဘောတူညီမှုရသွားပြီးဆိုတဲ့ သတင်းထွက်ပေါ်ခဲ့တာပါ။ ဒေသခံပြည်သူအများစုကတော့ အမေရိကန်လေတပ်စခန်းကို အိုကီနာဝါ ကျွန်းကနေ ဖယ်ရှားပစ်တာကို လိုလား နေကြတာဖြစ်ပါတယ်။

XS
SM
MD
LG