သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုကလာဟိုးမား လေဆင် နှာမောင်း လူ ၉ ဦး သေဆုံး


အိုကလာဟိုးမားပြည်နယ်မှာ တိုက်ခတ်သွားတဲ့ လေဆင်နှာမောင်းဒဏ်ကြောင့် မှောက်သွားသော ကားတစင်း။ (ဂျွန် ၁၊ ၂၀၁၃။)
အိုကလာဟိုးမားပြည်နယ်မှာ တိုက်ခတ်သွားတဲ့ လေဆင်နှာမောင်းဒဏ်ကြောင့် မှောက်သွားသော ကားတစင်း။ (ဂျွန် ၁၊ ၂၀၁၃။)
အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းကျတဲ့ Oklahoma ပြည်နယ် မှာ လေဆင်နှာမောင်းတွေ ထပ်ပြီးတိုက်ခတ်လို့ လူ(၉)ဦး သေဆုံးပြီး လူ (၇၅) ဦး ဒါဏ်ရာရရှိသွားပါတယ်။

မေလ(၂၀)ရက်နေ့က အင်အားပြင်းပြီး ကြီးမားတဲ့ လေဆင်နှာမောင်း တိုက်သွားလို့ လူ (၂၄) ဦး သေဆုံးခဲ့ ပြည်နယ်မြို့တော် Oklahoma City တဝိုက်မှာပဲ ဒီတခေါက်လည်း အထိအခိုက် အများဆုံးဖြစ်ပါတယ်။ သောကြာနေ့ က လေတွေသိပ်ပြင်းလို့ အဲဒါကိုရှောင်ဖို့ ကားနဲ့ထွက်ပြေးတဲ့သူတွေ အားလုံး လေကြောင်းက ရုတ်တရက်ပြောင်းသွားပြီး မုန်တိုင်းလမ်းကြောင်းနဲ့ တည့်တည့်တိုးမိကြလို့ အဲဒီထဲကသူတွေ အများကြီးပဲ ထိခိုက်ခဲ့ရပါတယ်။

စနေနေ့မှာတော့ Oklahoma City တဝိုက်မှာ နောက် ပြဿနာတိုးလာတာက ၄ နာရီကြာ မိုးတွေ ၇ လက္မ ကနေ ၁၁ လက္မ အထိ သည်းသည်းထန်ထန် ရွာသွန်းခဲ့လို့ ရေကြီးတာပဲ ဖြစ်ပါတယ်။ နှစ်တနှစ်ရဲ့ ဒီလိုအချိန်မှာ ပြင်းထန်တဲ့ မုန်တိုင်းတွေ ဖြစ်ပေါ်ကိန်းတိုးစေတဲ့ ရာသီဥတုမျိုးရှိပြီး Tornado Alley လေ ဆင်နှာမောင်း ရပ်ဝန်း လို့လည်း တင်စားခေါ်ဝေါ်ကြတဲ့ အမေရိကန် အနောက် အလယ်ပိုင်း ဒေသတလွှားမှာ သောကြာနေ့ကချည်းပဲ လေဆင်နှာမောင်း အခု (၂၀) နီးပါး ဖြစ်ပေါ်ခဲ့ပါတယ်။
XS
SM
MD
LG