သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Oklahoma လေဆင်နှာမောင်း လူ ၅၀ ကျော်သေဆုံး


Oklahoma ပြည်နယ်မှာ တိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်း အတွင်း ပျက်စီးဆုံးရှုံးမှုများ (၂၁ မေ ၂၀၁၃)
Oklahoma ပြည်နယ်မှာ တိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်း အတွင်း ပျက်စီးဆုံးရှုံးမှုများ (၂၁ မေ ၂၀၁၃)
အမေရိကန်ပြည်ထောင်စု Oklahoma ပြည်နယ်အတွင်း တနင်္လာနေ့ နေ့လည်ပိုင်းက ပြင်းအား တစ်နာရီ မိုင် ၂၀၀ နီးပါးရှိတဲ့ လေဆင်နှာမောင်း တိုက်ခတ်ခဲ့ရာမှာ သေဆုံးသူ အရေအတွက်နဲ့ တာဝန်ရှိသူတွေက ပြန်လည် ပြင်ဆင် ပြောကြားလိုက်ပါတယ်။

Oklahoma မြို့တော် ဆင်ခြေဖုံးအရပ်မှာရှိတဲ့ မိုးရ် အရပ်မှာ ဖော်ထုတ်ရရှိတဲ့ သေဆုံးသူ အလောင်း အရေအတွက် ၂၄ ယောက်ရှိတယ်လို့ ပြောပါတယ်။

အစောပိုင်းတုန်းကတော့ ၅၁ ဦး သေဆုံးတယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။ တနင်္လာနေ့ လေဆင်နှာမောင်း တိုက်ခတ်ခဲ့ပြီးတဲ့နောက် သေဆုံးတဲ့သူ အရေအတွက်ကို ၂ ကြိမ် ရေတွက်ခဲ့တာလို့ ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကတော့ ၂၄၀ ရှိပါတယ်။

ကူညီကယ်ဆယ်ရေး လုပ်သားတွေက စာသင်ကျောင်း အပျက်အစီးအောက်ကနေ အသက်မသေဘဲ ကျန်ရစ်နေတဲ့ ကလေးတွေ အများအပြားကို ဆွဲထုတ် ကယ်ဆယ်နေကြပါတယ်။ စာသင်ကျောင်း ၂ ကျောင်း ပျက်စီးသွားခဲ့တာပါ။

ထိခိုက်သေဆုံးနေတဲ့ ကလေးတွေ ဆွဲထုတ်ကယ်ဆယ် ရှာဖွေနေတာကို စိတ်ပူပင်စွာ စောင့်ကြည့်နေကြတဲ့ မိဘတွေကို ကြည့်ပြီး ရင်ထုမနာ ဖြစ်ရတဲ့အကြောင်း Oklahoma ပြည်နယ် အုပ်ချုပ်ရေးမှူး မယ်ရီ ဖေါလင်း (Mary Fallin) က ပြောပါတယ်။

ရဲတပ်ဖွဲ့နဲ့ အမျိုးသား ကာကွယ်ရေးတပ်ကို အကူအညီပေးဖို့ တာဝန် ပေးထားကြောင်းလည်း မစ္စစ် မယ်ရီ ဖေါလင်း က ပြောဆိုပါတယ်။
XS
SM
MD
LG