သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာရွၿငိမ္းခ်မ္းတည္ၿငိမ္ေရး တ႐ုတ္တာဝန္လို႔ ဂ်ာမနီေျပာ


ဂ်ာမန္ဝန္ႀကီးခ်ဳပ္ Olaf Scholz နဲ႔ တ႐ုတ္သမၼတ Xi Jinping တို႔ တရုတ္ႏိုင္ငံ ေဘဂ်င္းၿမိဳ႕မွာ ေတြ႔ဆံုစဥ္။ (


[[Zawgyi/Unicode]]

အာရွေဒသတြင္း ၿငိမ္းခ်မ္းတည္ၿငိမ္ေရးအတြက္ တ႐ုတ္ႏိုင္ငံမွာ အထူးတာဝန္ရွိတယ္လို႔ ဂ်ာမနီဝန္ႀကီးခ်ဳပ္ Olaf Scholz ကေျပာၾကားလိုက္ပါတယ္။ တ႐ုတ္နဲ႔ဂ်ာမနီ ၂ ႏိုင္ငံ သံတမန္ဆက္ဆံေရး အႏွစ္ ၅၀ ျပည့္အထိမ္းအမွတ္အျဖစ္ ေဘဂ်င္းၿမိဳ႕ေတာ္မွာ ေရာက္ေနစဥ္ ဂ်ာမနီဝန္ႀကီးခ်ဳပ္က ခုလိုေျပာၾကားလိုက္တာျဖစ္ပါတယ္။

ေဒသတြင္း တည္ၿငိမ္ေအးခ်မ္းေရးအေပၚ စိုးရိမ္မႈေတြ တိုးလာေနတဲ့ကိစၥကို သူေျပာၾကားခဲ့ပါတယ္။

ဒီအတြက္ တ႐ုတ္မွာ အထူးတာဝန္ရွိပါတယ္၊ အေမရိကန္နဲ႔ တျခားႏိုင္ငံေတာ္ေတာ္မ်ားမ်ားလိုပဲ တ႐ုတ္တျပည္ေထာင္မူကို ဂ်ာမနီက လက္ခံပါတယ္။ တခ်ိန္တည္းမွာပဲ ထိုင္ဝမ္အေျခအေန အေျပာင္းအလဲျဖစ္မယ့္ ကိစၥမွန္သမွ် ၿငိမ္းၿငိမ္းခ်မ္းခ်မ္းျဖစ္ရမယ္။ ႏွစ္ဦးႏွစ္ဘက္ သေဘာတူရမယ္ဆိုတာ ရွင္းရွင္းေျပာၾကားခဲ့ပါတယ္လို႔ ဂ်ာမနီဝန္ႀကီးခ်ဳပ္က တ႐ုတ္ဝန္ႀကီးခ်ဳပ္ Li Keqiang နဲ႔ေတြ႕ဆုံၿပီး ျပဳလုပ္တဲ့ သတင္းစာရွင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္ Scholz ဟာ တ႐ုတ္သမၼတ Xi Jinping နဲ႔လည္း ေတြ႕ဆုံေဆြးေႏြးခဲ့ပါတယ္။ ၂ ႏိုင္ငံဆက္ဆံေရးမွာ အျမင္သေဘာထား မတူတဲ့အေၾကာင္းအရာေတြကို ထဲထဲဝင္ဝင္ အျပန္အလွန္ေဆြးေႏြးႏိုင္တာ ေကာင္းတယ္လို႔ သမၼတ Xi နဲ႔ေတြ႕ဆုံစဥ္မွာ သူကေျပာၾကားခဲ့ပါတယ္။ လက္ရွိႏိုင္ငံတကာအေျခအေနေတြဟာ ရႈပ္ေထြးၿပီး ႀကိဳတင္ခန႔္မွန္းလို႔ မရတဲ့ အႏၲရာယ္ေတြ၊ စိန္ေခၚမႈေတြနဲ႔ ေျပာင္းလဲေနတယ္လို႔ တ႐ုတ္သမၼတ Xi ကလည္းေျပာၾကားခဲ့ပါတယ္။

ၾသဇာေညာင္းတယ္လို႔ သတ္မွတ္ခံထားရတဲ့ တ႐ုတ္နဲ႔ ဂ်ာမနီ ၂ ႏိုင္ငံအေနနဲ႔ ကမာၻႀကီး ၿငိမ္းခ်မ္းေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးကို အတူလက္တြဲ ေဆာင္႐ြက္သြားသင့္တယ္လို႔လည္း တ႐ုတ္သမၼတ Xi က ဂ်ာမနီဝန္ႀကီးခ်ဳပ္ Scholz နဲ႔ ေတြ႕ဆုံပြဲမွာ ေျပာၾကားသြားခဲ့ပါတယ္။ ယူကရိန္းအေပၚ ႐ုရွားက်ဴးေက်ာ္စစ္မွာ ဂ်ာမနီက ယူကရိန္းဘက္က ေထာက္ခံ ပံ့ပိုးေပးေနၿပီး တ႐ုတ္ႏိုင္ငံက ႐ုရွားဘက္က ရပ္တည္ေနပုံရခ်ိန္မွာ ခုလို ေခါင္းေဆာင္ ၂ ဦးေတြ႕ဆုံၾကတာျဖစ္ပါတယ္။

လူ႔အခြင့္အေရးဟာ လူသားအားလုံးနဲ႔သက္ဆိုင္တဲ့အရာျဖစ္ေၾကာင္းနဲ႔ ႐ုရွားအေပၚ တ႐ုတ္ရဲ႕ ၾသဇာေညာင္းမႈကို အသုံးခ်ၿပီး ကမာၻ႔ၿငိမ္းခ်မ္းေရးအတြက္ ႐ုရွားကို တိုက္တြန္းသင့္တယ္လို႔ တ႐ုတ္သမၼတ Xi ကိုေျပာၾကားခဲ့ပါတယ္လို႔ ဂ်ာမနီဝန္ႀကီးခ်ဳပ္က သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

ဗြီအိုေအ ျမန္မာညခ်မ္း ႏိုဝင္ဘာ ၄၊ ၂၀၂၂
please wait

No media source currently available

0:00 0:59:59 0:00
တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

အာရှငြိမ်းချမ်းတည်ငြိမ်ရေး တရုတ်တာဝန်လို့ ဂျာမနီပြော

အာရှဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် တရုတ်နိုင်ငံမှာ အထူးတာဝန်ရှိတယ်လို့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz ကပြောကြားလိုက်ပါတယ်။ တရုတ်နဲ့ဂျာမနီ ၂ နိုင်ငံ သံတမန်ဆက်ဆံရေး အနှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ် ဘေဂျင်းမြို့တော်မှာ ရောက်နေစဉ် ဂျာမနီဝန်ကြီးချုပ်က ခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအပေါ် စိုးရိမ်မှုတွေ တိုးလာနေတဲ့ကိစ္စကို သူပြောကြားခဲ့ပါတယ်။

ဒီအတွက် တရုတ်မှာ အထူးတာဝန်ရှိပါတယ်၊ အမေရိကန်နဲ့ တခြားနိုင်ငံတော်တော်များများလိုပဲ တရုတ်တပြည်ထောင်မူကို ဂျာမနီက လက်ခံပါတယ်။ တချိန်တည်းမှာပဲ ထိုင်ဝမ်အခြေအနေ အပြောင်းအလဲဖြစ်မယ့် ကိစ္စမှန်သမျှ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ရမယ်။ နှစ်ဦးနှစ်ဘက် သဘောတူရမယ်ဆိုတာ ရှင်းရှင်းပြောကြားခဲ့ပါတယ်လို့ ဂျာမနီဝန်ကြီးချုပ်က တရုတ်ဝန်ကြီးချုပ် Li Keqiang နဲ့တွေ့ဆုံပြီး ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ် Scholz ဟာ တရုတ်သမ္မတ Xi Jinping နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ၂ နိုင်ငံဆက်ဆံရေးမှာ အမြင်သဘောထား မတူတဲ့အကြောင်းအရာတွေကို ထဲထဲဝင်ဝင် အပြန်အလှန်ဆွေးနွေးနိုင်တာ ကောင်းတယ်လို့ သမ္မတ Xi နဲ့တွေ့ဆုံစဉ်မှာ သူကပြောကြားခဲ့ပါတယ်။ လက်ရှိနိုင်ငံတကာအခြေအနေတွေဟာ ရှုပ်ထွေးပြီး ကြိုတင်ခန့်မှန်းလို့ မရတဲ့ အန္တရာယ်တွေ၊ စိန်ခေါ်မှုတွေနဲ့ ပြောင်းလဲနေတယ်လို့ တရုတ်သမ္မတ Xi ကလည်းပြောကြားခဲ့ပါတယ်။

သြဇာညောင်းတယ်လို့ သတ်မှတ်ခံထားရတဲ့ တရုတ်နဲ့ ဂျာမနီ ၂ နိုင်ငံအနေနဲ့ ကမ္ဘာကြီး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အတူလက်တွဲ ဆောင်ရွက်သွားသင့်တယ်လို့လည်း တရုတ်သမ္မတ Xi က ဂျာမနီဝန်ကြီးချုပ် Scholz နဲ့ တွေ့ဆုံပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်မှာ ဂျာမနီက ယူကရိန်းဘက်က ထောက်ခံ ပံ့ပိုးပေးနေပြီး တရုတ်နိုင်ငံက ရုရှားဘက်က ရပ်တည်နေပုံရချိန်မှာ ခုလို ခေါင်းဆောင် ၂ ဦးတွေ့ဆုံကြတာဖြစ်ပါတယ်။

လူ့အခွင့်အရေးဟာ လူသားအားလုံးနဲ့သက်ဆိုင်တဲ့အရာဖြစ်ကြောင်းနဲ့ ရုရှားအပေါ် တရုတ်ရဲ့ သြဇာညောင်းမှုကို အသုံးချပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ရုရှားကို တိုက်တွန်းသင့်တယ်လို့ တရုတ်သမ္မတ Xi ကိုပြောကြားခဲ့ပါတယ်လို့ ဂျာမနီဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG