သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသက် ၁၀၁ နှစ် မာရသွန်အပြေးသမား


အသက် ၁၀၁ နှစ်ရှိပြီဖြစ်တဲ့ ကမ္ဘာ့အသက်ကြီးဆုံး မာရသွန်အပြေးသမား Fauja Singh။ (ဇန်နဝါရီလ ၂၀ ရက်၊ ၂၀၁၃)။
အသက် ၁၀၁ နှစ်ရှိပြီဖြစ်တဲ့ ကမ္ဘာ့အသက်ကြီးဆုံး မာရသွန်အပြေးသမား Fauja Singh။ (ဇန်နဝါရီလ ၂၀ ရက်၊ ၂၀၁၃)။
ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး မာရသွန်အပြေးသမားအဖြစ် လူသိများတဲ့ အဖိုးအိုဟာ ဒီနေ့ တနင်္ဂနွေနေ့မှာ သူ့ရဲ့ နောက်ဆုံးပြိုင်ပွဲကို ဟောင်ကောင်မြို့မှာ ယှဉ်ပြိုင်ပြေးခဲ့ပါတယ်။
အသက် ၁၀၁ နှစ် ရှိပြီဖြစ်တဲ့ ဆစ်ခ် လူမျိုး ဖော်ဂျာ ဆင်းဂ် က ၆ မိုင် နဲ့ ၂ ဖာလုံ အကွာအဝေး ရှိတဲ့ ဟောင်ကောင် မာရသွန်ပြိုင်ပွဲကို ၁ နာရီ၊ ၃၂ မိနစ်၊ ၂၈ စက္ကန့်နဲ့ ပန်းဝင်တဲ့အထိ ပြေးခဲ့တာပါ။ ပြေးရတာဟာသူ့အတွက် နေလို့ထိုင်လို့ ပေါ့ပါးသွက်လက်စေကြောင်း မစ္စတာဆင်းဂ်က ပြိုင်ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

၂၆ မိုင်ကျော် အပြည့်ပြေးပွဲ၊ ၁၃ မိုင်ကျော်ရှိတဲ့ မာရသွန်တာလတ်ပြေးပွဲ၊ နောက်တခါ ၆.၂ မိုင် ခြေထောက်နဲ့ပြေးပြီး ကျန်တဲ့ခရီးတဝက်ကို ဘီးတပ်ကုလားထိုင်နဲ့ ဆက်ပြေးတဲ့ပွဲနဲ့ ၂ မိုင်နီးပါးရှည်တဲ့ ဘီးတပ်ကုလားထိုင်ပြေးပွဲတွေမှာ ပြိုင်ပွဲဝင် အပြေးသမားပေါင်း အပြေးသမား ၇ သောင်း၊ ၂ ထောင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဗြိတိန်မှာ နေထိုင်တဲ့မစ္စတာဆင်းဂ်ဟာ သက္ကရာဇ် ၂၀၀၀ တုန်းက ပထမဆုံးစပြီး မာရသွန်ပြေးပွဲဝင်ခဲ့ပြီး အခုဆိုရင် စုစုပေါင်း ၈ ကြိမ် ပြိုင်ပွဲဝင်ခဲ့ပြီးပါပြီ။ သူ့ရဲ့ အကောင်းဆုံးစံချိန်ကတော့ ၂၀၀၃ ခုနှစ်၊ (၅) ကြိမ်မြောက် တိုရွမ်တို မာရသွန် ပြေးပွဲမှာ မိနစ်လေးဆယ်နဲ့ ပန်းဝင်ခဲ့တာပါ။

သူ့အသက် ၁၀၀ ပြည့်ခဲ့တဲ့ ၂၀၁၁ ခုနှစ် တိုရွမ်တို မာရသွန်ပြေးပွဲမှာ သူဟာ အသက်အကြီးဆုံး မာရသွန်အပြေးသမား ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ မွေးစာရင်းမရှိတဲ့အတွက် သူ့ကို ဂရင်းနစ် စံချိန်မှာ အသိအမှတ်ပြု ထည့်သွင်းခြင်း မခံခဲ့ရပါဘူး။ ၂၀၁၂ ခုနှစ် ပြေးပွဲမှာ သူ့ကို လူသိရှင်ကြားဖြစ်လာ ခဲ့ပြီး ဒီနှစ် ဟောင်ကောင်ပြေးပွဲဟာ သူ့ရဲ့ နောက်ဆုံးဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဖြစ်ပါတယ်။
XS
SM
MD
LG