သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်အပြေးပြိုင်ပွဲနဲ့ Usain Bolt


ဂျမေကာ အပြေးသမား ရွှေတံဆိပ်ဆုရှင် Usain Bolt (အလယ်)။
ဂျမေကာ အပြေးသမား ရွှေတံဆိပ်ဆုရှင် Usain Bolt (အလယ်)။
အိုလံပစ် အပြေးပြိုင်ပွဲတွေမှာ ဂျမေကာအသင်းဟာ အပြေးမှာ နောက်ထပ် ရွှေတံဆိပ်ရဖို့ အလားအလာ ရှိသွားပါပြီ။ ဒါပေမယ့် မနေ့က အမျိုးသား လေးယောက်တွဲ မီတာ ၄၀၀ လက်ဆင့်ကမ်း ခြေစစ်ပွဲမှာတော့ ကမ္ဘာ့အမြန်ဆုံး ဂျမေကာ အားကစားသမား Bolt မပါဝင်ဘဲ အနားယူနေပါတယ်။

Usain Bolt အတွက် အပြေးပြိုင်ပွဲသုံးပွဲစလုံးမှာ အိုလံပစ်နှစ်ကြိမ် ဆက်တိုက် ရွှေတံဆိပ်ဆု သုံးဆု စလုံးရတဲ့ အာကစား သမား ဖြစ် လာဖို့ရှိပါတယ်။ မနေ့က လန်ဒန် အိုလံပစ်ပြိုင်ပွဲမှာ အမျိုးသား လေးယောက်တွဲ မီတာလေးရာ ခြေစစ် လက်ဆင့်ကမ်းပြိုင်ပွဲ မှာ Bolt မပါခဲ့ပေမယ့် ဂျမေကာ နိုင်ငံကပဲ ရှေ့က ပြေးနေပါတယ်။

Bolt ဟာ မီတာ ၁၀၀ နဲ့ မီတာ ၂၀၀ တာတိုပြိုင်ပွဲတွေမှာ ရွေတံဆိပ် ရထားခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့ ၂၀၀၈ ဘေဂျင်း အိုလံပစ်ပြိုင်ပွဲမှာတော့ Bolt ဟာ အဲဒီ သုံးပွဲအားလုံးမှာ ရွေတဆိပ်တွေ ရခဲ့ပါတယ်။ Bolt နဲ့ သူ့အဖွဲ့ဟာ မီတာ ၁၀၀မှာ ကြေးတံဆပ်ဆုရထားတဲ့ Justin Gatlin ပါဝင်တဲ့ အမေရိကန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အမျိုးသမီး မီတာ ၅,၀၀၀ တာဝေးပြိုင်ပွဲမှာတော့ အီသီယိုပီးယားနိုင်ငံ က Meseret Defar က ရွှေ တံဆိပ်ဆု ရခဲ့ပါတယ်။

အမျိုးသမီး လေးယောက်တွဲ မီတာ ၄၀၀ လက်ဆင့်ကမ်းမှာတော့ အမေရိကန်က ရွှေတံဆိပ်၊ ဂျမေကာက ငွေနဲ့ ယူကရိန်းက ကြေး အသီးသီးရရှိခဲ့ပါတယ်။

လန်ဒန်အိုလံပစ် မနေ့ကထိ နောက်ဆုံးအခြေအနေမှာတော့ အမေရိကန်ပြည်ထောင်စုက ဆုတံဆိပ် စုစုပေါင်း ၉၄ နဲ့ထိပ်က ပြေးနေပါတယ်။ ဒုတိယ တရုတ်က စုစုပေါင်း ၈၁၊ ဗြိတိန်က ၅၇၊ ရုရှားက ၆၃၊ တောင်ကိုရီယားက ၂၇ ဆု အသီးသီး ရထားကြပါတယ်။
XS
SM
MD
LG