သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆရာဝန်ရဲ့ လိင်စော်ကားမှု FBI အရေးယူဖို့ ပျက်ကွက်ခဲ့ (ကန်ကျွမ်းဘားမယ်များ)


ဗုဒ္ဓဟူးနေ့ လွှတ်တော် ကြားနာပွဲမှာ ထွက်ဆိုနေတဲ့ အမေရိကန် အိုလံပစ် ကျွမ်းဘားမယ် McKayla Maroney Wednesday, Sept. 15, 2021, in Washington.
ဗုဒ္ဓဟူးနေ့ လွှတ်တော် ကြားနာပွဲမှာ ထွက်ဆိုနေတဲ့ အမေရိကန် အိုလံပစ် ကျွမ်းဘားမယ် McKayla Maroney Wednesday, Sept. 15, 2021, in Washington.

အမေရိကန် ကျွမ်းဘားအဖွဲ့ ဆရာဝန်ဟောင်း Larry Nassar ရဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားမှုတွေနဲ့ ပတ်သက်လို့ တိုင်ကြားခဲ့ပေမဲ့ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) အရာရှိတွေက အလေးအနက်ထား စုံစမ်းဖို့ ပျက်ကွက်ခဲ့ကြောင်း အမေရိကန် အိုလံပစ် ကျွမ်းဘားမယ် McKayla Maroney ကပြောလိုက်ပါတယ်။

“ကျမတို့ရဲ့ တိုင်တန်းချက်ကို FBI အရာရှိတွေက ကိုယ့်သဘောနဲ့ကိုယ် အံဆွဲထဲထည့် ဖျောက်ဖျက်ပစ်နေမှတော့ ဒီလိုစော်ကားတဲ့ လုပ်ရပ်တွေကို ဘာကိစ္စ တိုင်နေကြတော့မှာလဲ။” လို့ ဗုဒ္ဓဟူးနေ့ လွှတ်တော် ကြားနာပွဲမှာ ကျွမ်းဘားမယ် Maroney ပြောသွားတာပါ။

ကျွမ်းဘားအဖွဲ့ ဆရာဝန်ဟောင်းရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ ပတ်သက်လို့ FBI ရဲ့ အရေးယူ ဆောင်ရွက်ဖို့ ပျက်ကွက်မှုတွေအတွက် အထက်လွှတ်တော် တရားရေးကော်မတီရှေ့မှောက် ထွက်ဆိုကြသူတွေထဲမှာတော့ Maroney အပြင်၊ အမေရိကန် အိုလံပစ်ကျွမ်းဘားမယ် Simone Biles, Aly Raisman နဲ့ Maggie Nichols တို့လည်း ပါဝင်ခဲ့ပါတယ်။ ကျွမ်းဘားမယ် Maroney ကတော့ လန်ဒန် အိုလံပစ် အားကစားပွဲမှာ ကြုံခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု အပါအဝင် မိခင်ဖြစ်သူကိုတောင် မပြောခဲ့တဲ့ အဖြစ်အပျက် အသေးစိတ် အချက်အလက်တွေကို FBI အရာရှိတွေကို ၃ နာရီကြာ တယ်လီဖုန်းကနေ တိုင်ကြားခဲ့တဲ့ ၂၀၁၅ ခုနှစ်က အတွေ့အကြုံကိုလည်း ကြားနာပွဲမှာ ပြောဆိုသွားခဲ့တာပါ။

တနှစ်ခွဲကျော်ကြာမှသာ အမှုကို ကိုင်တွယ်ရာမှာ ထွက်ဆိုချက်တွေကို လိမ်လည်ဖော်ပြခဲ့တယ်လို့လည်း ပြောပါတယ်။ FBI ညွှန်ကြားရေးမှူး Christopher Wray ကတော့ စုံစမ်းစစ်ဆေးမှုတွေမှာ ပျက်ကွက်မှုတွေအတွက် FBI ကိုယ်စား အလေးအနက် ဝမ်းနည်းကြောင်း တောင်းပန်စကား ပြောကြားခဲ့ပါတယ်။

--------------------------------------------





XS
SM
MD
LG