သုံးရလွယ်ကူစေသည့် Link များ

အိုလံပစ် မာရသွန် ယူဂန္ဓာ ဗိုလ်စွဲ


Uganda's Stephen Kiprotich celebrates after crossing the finish line to win gold in the men's marathon at the 2012 Summer Olympics Sunday, Aug. 12, 2012 in London. (AP Photo/Anja Niedringhaus)
Uganda's Stephen Kiprotich celebrates after crossing the finish line to win gold in the men's marathon at the 2012 Summer Olympics Sunday, Aug. 12, 2012 in London. (AP Photo/Anja Niedringhaus)
၂၀၁၂ ခုနှစ် လန်ဒန် အိုလံပစ် ပြိုင်ပွဲရဲ့ နောက်ဆုံးနေ့ ပြိုင်ပွဲတွေ ဆက်လက် ကျင်းပနေရာမှာ ယူဂန်ဒါနိုင်ငံသား Stephen Kiprotic က အမျိုးသား မာရသွန်ပြိုင်ပွဲမှာ မျှော်လင့်မထားဘဲ ဗိုလ်စွဲ သွားပြီး ရွှေတံဆိပ် ဆွတ်ခူးသွားပါတယ်။

ဒီအမျိုးသားမာရသွန်ပြိုင်ပွဲဟာ ကင်ညာနိုင်ငံနဲ့ အီသီယိုးပီးယားနိုင်ငံက အပြေးသမားတွေ အကြိတ် အနယ် ယှဉ်ပြိုင်ကြရ လိမ့်မယ် ဆိုပြီးတော့ အားလုံးက တွက်ထားခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ယူဂန်ဒါ အပြေးသမားဟာ ၂၃ မိုင် ကျော်လာတဲ့ အချိန်ကစပြီး ဦးဆောင် ပြေးနိုင်ခဲ့တာပါ။

ဗိုလ်စွဲ သွားတဲ့ Stephen Kiprotic ရဲ့ စံချိန်ကတော့ ၂ နာရီ ၈ မိနစ် နဲ့ ၁ စက္ကန့်ဖြစ်ပြီး ဒုတိယ ရ သွားတဲ့ ကင်ညာ နိုင်ငံသား Abel Kirui ကတော့ ၂၆ စက္ကန့် နောက်ကျ ပန်းဝင်ခဲ့ပြီး ဒုတိယ ငွေတံဆိပ် ဆွတ်ခူး ရရှိပြီး၊ နောက် ကင်ညာ နိုင်ငံသား Wilson Kipson Kiprotich က ၂ နာရီ ၉ မိနစ် ၃၇ စက္ကန့်နဲ့ တတိယ ကြေးတံဆိပ် ဆွတ်ခူး သွားပါတယ်။

အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲမှာလည်း နာမည်ကြီး အမေရိကန်အသင်းက စပိန် အသင်းကို ၁၁၈ မှတ် ၁၀၇ မှတ်နဲ့ နိုင်ပြီး ပထမ ရွှေတံဆိပ်ဆု ရရှိသွားပါတယ်။ စနေ့နေ့ ပြိုင်ပွဲတွေ ကျင်းပ ပြီးစီး ခဲ့ချိန်အထိ အမေရိကန်ပြည်ထောင်စုက ရွှေတံဆိပ် ၄၄ ဆုအပါအဝင် ဆုတံဆိပ်ပေါင်း ၁၀၀ ကျော်နဲ့ ထိပ်ဆုံးကပြေးနေပါတယ်။

တရုတ်နိုင်ငံက ရွှေတံဆိပ် ၃၈ ဆု အပါအဝင် ဆုတံဆိပ်ပေါင်း ၈၇ ဆုနဲ့ ဒုတိယ နေရာကလိုက်နေပြီး ရုရှားနိုင်ငံက တတိယ နေရာမှာရှိပါတယ်။

တနင်္ဂနွေနေ့ အိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားမှာ အိုလံပစ် အလံကို ၂၀၁၆ ခုနှစ်မှာ လက်ခံ ကျင်းပမယ့် ဘရာဇီး နိုင်ငံလက်ကို လွှဲပြောင်းပေးဖို့ ရှိပါတယ်။
XS
SM
MD
LG