သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၂ ခုနှစ် လန်ဒန် အိုလံပစ်အားကစားပြိုင်ပွဲ တရားဝင် ဖွင့်လှစ်


ဇူလိုင်လ ၂၇ ရက်နေ့က လန်ဒန်မြို့တော် ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ ၂၀၁၂ နွေရာသီ အိုလံပစ် အားကစားပွဲတော် ဖွင့်ပွဲကို စတင် ကျင်းပလိုက်ပါတယ်။ အဝါရောင် ဝတ်ဆင်ထားတဲ့ ပြင်သစ် Tour de France စက်ဘီးပြိုင်ပွဲ ချံပီယံ ဗြိတိသျှ စက်ဘီးအားကစားသမား ဘရက်ဒ်လီ ဝစ်ဂင်(စ်) (Bradley Wiggins) က၊ အိုလံပစ် အားကစားပွဲတော် ခေါင်းလောင်းကို ထိုးပြီး ၂၀၁၂ လန်ဒန်နွေရာသီ အိုလံပစ် အားကစားပွဲတော်ကြီးကို ဖွင့်လှစ်လိုက်ပါတယ်။

သုံးနာရီကြာ ဒီ လန်ဒန်နွေရာသီ အိုလံပစ် အားကစားပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ကမ္ဘာတဝန်းက ရုပ်မြင်သံကြားကြည့် ပရိဿတ် သန်းပေါင်းတစ်ထောင် ထက်မနည်း စောင်ကြည့်နေကြတာ ဖြစ်ပါတယ်။ ဘာကင်ဟမ် (Buckingham) နန်းတော်ကနေ ဘုရင်မကြီး အယ်လိဇဘက်က ဒီဖွင့်ပွဲ အခမ်းအနား အတွက် သဝဏ်လွှာကို ဖတ်ကြားနေတာကို ရုပ်မြင်သံကြား တိုက်ရိုက် လွှင့်ထုတ်ပြသခဲ့ပါတယ်။

ဒါ့အပြင် ဗြိတိသျှရေတပ်ရဲ့ ထောက်လှမ်းရေးမှူး ဂျိမ်းစ်ဘွန်း (James Bond) ရုပ်ရှင်ထဲက ဂျိမ်းစ်ဘွန်းမင်းသား ဒယ်န်နီရယ်လ် ခရိတ်(ဂ်)( Danial Craig) က ဘာကင်ဟမ် (Buckingham) နန်းတော်ကနေ ဘုရင်မကြီး အယ်လိဇဘက်ကို ပွေ့ယူပြီး၊ ရဟတ်ယာဉ်နဲ့ အိုလံပစ်ပွဲတော် ဖွင့်ပွဲ အခမ်းအနား ကျင်းပရာကို ပျံသန်းရောက်ရှိလာရာက နှစ်ဦးသား လေထီးနဲ့အတူ ခုန်ချပြီး၊ ဘုရင်မကြီးက အိုလံပစ် ပွဲတော်ကို ဖွင့်လှစ်ပေးလိုက်တဲ့ အော်စကာဆိုရှင် ဒါရိုက်တာ ဒယ်န်နီဘွိုင်းလ်(Danny Boyle) ရဲ့ နောက်ဆုံးဂျိမ်းစ်ဘွန်း ရုပ်ရှင်ထဲက ပြကွက်ကိုလည်း ပြသခဲ့တာကြောင့်၊ ကမ္ဘာ့ရုပ်မြင်သံကြား ပရိဿတ်တွေ သဘောတွေ့ခဲ့ကြပါတယ်။

၂၀၁၂ လန်ဒန် နွေရာသီ အိုလံပစ် အားကစားပွဲတော်ရဲ့ တာဝန်ခံ ဗြိတိသျှနိုင်ငံရေးသမားနဲ့ ပြေးခုန်ပစ် အားကစားသမားကြီး လော့ဒဆီဘက်စ် ရှယ်န် ခိုး (Lord Sebastian Coe) က ဒီနေ့ဒီရက်ရောက်အောင် ၈ နှစ် ကျော် စောင့်စားခဲ့ရတာကြောင့်၊ သူ့ရဲ့ ရင်ခုန်မှုဟာ ငရဲပွက်သလို ခံစားနေရတယ်လို့ တင်စားပြောဆိုခဲ့ပါတယ်။ လန်ဒန်နွေရာသီ အိုလံပစ် အားကစားပွဲ တော်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် လန်ဒန်မြို့ရဲ့ ကျက်သရေ ဆောင် ဘစ်ဘင် (Big Ban) နာရီစင်ကြီးကလည်း သုံးမိနစ်ကြာ အဆက်မပြတ် ခေါင်းလောင်း ထိုးခဲ့ပြီးတော့၊ ဒါဟာ ၁၉၅၂ ခုနှစ်က ဂျော့ချ်ဘုရင် နတ်ရွာစံချိန်က သုံးမိနစ်ကြာ အဆက်မပြတ် ခေါင်းလောင်းထိုးခဲ့တာရဲ့ နောက်ပိုင်း ပထမဆုံးအကြိမ် ဒီ ခေါင်းလောင်းကြီးကို သုံးမိနစ် ဆက်တိုက် ထိုးခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG