သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်အားကစား ပွဲတော်ဖွင့်ပွဲ လန်ဒန်မြို့ပြင်ဆင်


လန်ဒန်မြို့၊ အိုလံပစ်အားကစားရုံဝင်ပေါက် လုံခြုံရေးစစ်ဆေးရန် စောင့်နေသည့် သတင်းထောက်များ။ (ဂျူလိုင် ၂၅၊ ၂၀၁၂။)
လန်ဒန်မြို့၊ အိုလံပစ်အားကစားရုံဝင်ပေါက် လုံခြုံရေးစစ်ဆေးရန် စောင့်နေသည့် သတင်းထောက်များ။ (ဂျူလိုင် ၂၅၊ ၂၀၁၂။)
အိုလံပစ်အားကစားပွဲတော်ကို ဒီကနေ့ သောကြာနေ့မှာ တရားဝင် စတင် ဖွင့်လှစ်တော့မှာဖြစ်ပြီး အားကစားသမား ၁၀,၀၀၀ နီးပါး၊ ထောင်ပေါင်းများစွာသော ဧည့်သည်တွေနဲ့ ကမ္ဘာတဝန်းက ရုပ်မြင်သံကြားကြည့် ပရိသတ်တွေအတွက် လန်ဒန်မြို့တော် ဟာ ပြင်ဆင်နေပါတယ်။

ပွဲစီစဉ်သူတွေဟာ နောက်ဆုံးအချိန်ထိ ပြဿနာတွေကိုဖြေရှင်းဖို့ ကြိုးစားနေရပါတယ်။ အဲဒီထဲမှာ လုံခြုံရေး အလုံအလောက် ချထားဖို့ အခက်အခဲရှိတယ်လို့ လုံခြုံရေးဆိုင်ရာ ကန်ထရိုက်ပေးထားတဲ့ ပုဂ္ဂလိက ကုမ္ပဏီက ပြောခဲ့ပြီးတဲ့နောက် လုံခြုံရေး ဝန်ထမ်း အလုံအလောက်ချထားနိုင်ရေး ကြိုးပမ်းနေရတာလည်း ပါဝင်ပါတယ်။

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ IOC နဲ့ ၁၉၇၂ ခုနှစ် မြူးနစ်အိုလံပစ် အားကစားပွဲတော်မှာ ပါလက်စတိုင်း သေနတ်သမားတွေ ဝင်ပစ်လို့ သေသွားတဲ့ အစ္စရေးလ်အားကစားသမား ၁၁ ယောက်တို့ရဲ့ မိသားစုဝင်တွေအကြား အငြင်းပွားတာက လည်းရှိနေပါတယ်။

သေဆုံးသွားတဲ့ အစ္စရေးလ် အားကစားသမားတွေကို အောက်မေ့သတိရ ဂုဏ်ပြုတဲ့အနေနဲ့ သောကြာနေ့ည ဖွင့်ပွဲမှာ ခေတ္တ ငြိမ်သက်ဖို့ မိသားစုဝင်တွေက လိုလားပေမဲ့ IOC ဥက္ကဋ္ဌက ငြင်းဆန်ထားတာကြောင့် အငြင်းပွားမှုဖြစ်နေရတာပါ။
XS
SM
MD
LG