လာမယ့် ၂၀၁၈ ခုနှစ်ကျရင် ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲတွေကို တောင်ကိုရီးယားနိုင်ငံ ဖြုံချန်းမြို့ (Pyeongchang) မှာ ကျင်းပဖို့ နိုင်ငံတကာ အိုလံပစ် ကော်မတီက ဆုံးဖြတ်ချက်ချပြီး ရွေးချယ်လိုက်ပါပြီ။
တောင်ကိုရီုးယားနဲ့အတူ နောက်ဆုံးအဆင့်မှာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံတွေကတော့ ဂျာမဏီနိုင်ငံက မြူးနစ်မြို့ (Munich) နဲ့ ပြင်သစ်နိုင်ငံက အန်နက်စီမြို့ (Annecy) တို့ပဲ ဖြစ်ပါတယ်။
တောင်ကိုရီးယားဟာ ၁၉၈၈ ခုနှစ်တုန်းကလည်း နွေရာသီ အိုလံပစ်ပွဲတော်ကို အိမ်ရှင်နိုင်ငံအဖြစ် ဆိုးလ်မြို့တော်မှာ ကျင်းပခဲ့ပါသေးတယ်။
အာရှနိုင်ငံတွေထဲမှာ ဆောင်းရာသီ အိုလံပစ်ပွဲကို ဂျပန်နိုင်ငံမှာလည်း ၁၉၉၈ ခုနှစ်တုန်းက ကျင်းပခဲ့ပါတယ်။ အခု တောင်ကိုရီးယားနိုင်ငံကတော့ ဆောင်းရာသီ အိုလံပစ်ပွဲကို ပထမဆုံးအကြိမ် ကျင်းပခွင့်ရတော့မှာ ဖြစ်ပါတယ်။