သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ် အမျိုးသမီးရေကူးပြိုင်ပွဲ အမေရိကန် ရွှေတံဆိပ်ရ


နွေရာသီ လန်ဒန် အိုလံပစ် အမျိုးသမီး မီတာ ၁၀၀ ရေကူးပြိုင်ပွဲမှာ အမေရိကန်က Dana Vollmer က ကမ္ဘာ့စံချိန်ချိုးပြီး ရွှေတံဆိပ် ရရှိသွားပါတယ်။ Dana Vollmer က မီတာ ၁၀၀ ကို ၅၅.၈၉ စက္ကန့်နဲ့ ပထမ၊ တရုတ်နိုင်ငံက Lu Ying က ဒုတိယနဲ့ သြစတြေးလျ နိုင်ငံသူ Alicia Coutts က တိတယ အသီးသီး ရရှိခဲ့ကြတာပါ။

မီတာ ၁၀၀ လက်ဆင့်ကမ်း ရေကူးပြိုင်ပွဲမှာ ပြင်သစ် အမျိုးသား ရေကူးအသင်းက လွန်ခဲ့တဲ့ ၄ နှစ်က သီသီလေး ကပ်ရှုံးခဲ့တဲ့ အမေရိကန်အသင်းကို ကျော်တက်ပြီး ရွှေတံဆိပ် ဆွတ်ခူးသွားပါတယ်။ ရုရှားအသင်းက တတိယ ကြေးတံဆိပ် ရရှိသွားပါတယ်။

အမျိုးသမီး ၅၂ ကီလိုတန်း ဂျူဒို ပွဲစဉ်မှာ မြောက်ကိုရီးယားက An Kum Ae က ကျူးဘားက Yanet Bermoy Acosta ကို အနိုင်ရခဲ့ပြီး ရွှေတံဆိပ် ရရှိသွားပါတယ်။ အမျိုးသား အလေးမ ပြိုင်ပွဲမှာလည်း မြောက်ကိုရီးယားက Om Yun Chol က ရွှေ၊ တရုတ်နဲ့ အဇာဘိုင်ဂျန်က ငွေနဲ့ ကြေး အသီးသီး ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။ အမျိုးသား ၆၆ ကီလိုတန်း ဂျူဒိုပွဲစဉ်မှာ ဂျော်ဂျီယာ နိုင်ငံက Lasha Shavdatuashvili က ရွှေတံဆိပ် ရရှိပါတယ်။

အမျိုးသား Basket Ball အဖွင့် ပွဲစဉ်တွေမှာ NBA နံမည်ကြီး ကစားသမားတွေပါဝင်တဲ့ အမေရိကန် အသင်းနဲ့ ပြင်သစ်အသင်းတို့ ယှဉ်ပြိုင်ရာမှာ အမေရိကန်အသင်းက ၉၈-၇၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။
XS
SM
MD
LG