သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈ ရက်မြောက် အိုလံပစ်


ခြေထောက် နှစ်ဖက်လုံး ခြေတု တပ်ဆင်ထားရတဲ့ တောင်အာဖရိက နိုင်ငံက တာတို အပြေးသမား Oscar Pistorius ဟာ လန်ဒန်အိုလံပစ် ပြိုင်ပွဲမှာ ဝင်ပြိုင်နိုင်သူအဖြစ် သမိုင်းတွင်သွားပြီ ဖြစ်ပါတယ်။ သံပြားကောက်ထားတဲ့ ပုံစံ အထူးစီမံထားတဲ့ ခြေတုကို နှစ်ဖက်လုံး တပ်ထားလို့ Blade Runner လို့ ခေါ်နေကြတဲ့ Oscar Pistorius ဟာ မသန်စွမ်းသူများအတွက် မဟုတ်တဲ့ ပုံမှန် အိုလံပစ် အပြေးပြိုင်ပွဲမှာ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်သူ ဖြစ်ပါတယ်။

မီတာ ၄၀၀ အပြေးပြိုင်ပွဲ အသုတ်လိုက် ခွဲပြိုင်တဲ့ အဆင့်မှာ ၄၅.၄၄ စက္ကန့်နဲ့ ပန်းဝင်ခဲ့တဲ့အတွက် သူဟာ ဆီမီးဖိုင်နယ်ကို တက်သွားပြီ ဖြစ်ပါတယ်။ မြန်မာအပြေးသမား ကိုသက်ဇော်ဝင်းလည်း ဒီနေ့ မီတာ ၄၀၀ အပြေးပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမဲ့ သူကတော့ ထွက်သွားခဲ့ရပါတယ်။
စုစုပေါင်း ဆုတံဆိပ်ပေါင်း ၂၁ ခုနဲ့ အိုလံပစ် ဆုတံဆိပ် အများဆုံး စံချိန်တင်ထားသူ အမေရိကန် ရေကူးသမား Michael Phelps ဟာလည်း ညပိုင်းမှာ ကျင်းပဖို့ရှိနေတဲ့ မီတာ ၄၀၀၊ ၄ မျိုး လက်ဆင့်ကမ်း ပြိုင်ပွဲ အတွက် နောက်ထပ် ရွှေတံဆိပ်ဆုရဖို့ ကြိုစားမှာဖြစ်ပါတယ်။

အမျိုးသမီး တဦးချင်း တင်းနစ် ဖိုင်နယ်ကတော့ အခုအသံမလွှင့်ခင်မှာပဲ ပြီးသွားခဲ့ပါတယ်။
အမေရိကန်သူ Serena Williams နဲ့ ရုရှားသူ Maria Sharapova တို့ ကစားခဲ့ကြတာမှာ Serena Williams က ၆-ဝ၊ ၆-၁ နှစ်ပွဲပြတ်နဲ့ နိုင်ပြီး ရွှေတံဆိပ် ရသွားပါတယ်။ လောလောဆယ်အထိ ဆုတံဆိပ် ဇယားကိုကြည့်ရင် အမေရိကန်က ရွှေတံဆိပ် အပါအဝင် ဆုတံဆိပ်ပေါင်း ၄၆ ခုနဲ့ ပထမ၊ တရုတ်က ဒုတိယနဲ့ အိမ်ရှင် ဗြိတိန်နိုင်ငံက တတိယ နေရာတွေမှာ ရှိနေကြပါတယ်။
XS
SM
MD
LG