သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါရီအိုလံပစ်ပြီးဖို့ တရက်လို ပွဲစဉ်များ


အမျိုးသားဘောလုံး ဗိုလ်လုပွဲမှာ အိမ်ရှင်ပြင်သစ်ကို အနိုင်ရသွားတဲ့ စပိန်ဘောလုံးအသင်း
အမျိုးသားဘောလုံး ဗိုလ်လုပွဲမှာ အိမ်ရှင်ပြင်သစ်ကို အနိုင်ရသွားတဲ့ စပိန်ဘောလုံးအသင်း

ပဲရစ် အိုလံပစ်ပြိုင်ပွဲတွေကို ပြင်သစ်နိုင်ငံမှာ ဒီနေ့ဆက်လက်ကျင်းပနေတာမှာ အမျိုးသား ဘော်လီဘောပြိုင်ပွဲမှာတော့ အိမ်ရှင်ပြင်သစ်က ပိုလန်ကို ၂၅-၁၉၊ ၂၅-၂၀၊ ၂၅-၂၃ နဲ့ ၃ ပွဲပြတ်အနိုင်ရပြီး ပထမရွှေတံဆိပ် ရသွားခဲ့ပြီး၊ မနေ့က တတိယနေရာလုပွဲမှာတော့ အမေရိကန်က အီတလီကို ၃ ပွဲပြတ်နဲ့နိုင်ပြီး ကြေးတံဆိပ် ရခဲ့ပါတယ်

အမျိုးသားမာရသွန်ပြိုင်ပွဲမှာတော့ အီသီယိုပီးယားနိုင်ငံက Tola Tamirat က အနိုင်ရပြီး ရွှေတံဆိပ်ရသွားပြီး၊ ဘယ်လ်ဂျီယမ်က Abdi Bashir က ဒုတိယ၊ ကင်ညာက Kipruto Benson က တတိယ ရသွားပါတယ်။ အလေးမပြိုင်ပွဲရဲ့ အမျိုးသား ၁၀၂ ကီလို မှာတော့ တရုတ်နိုင်ငံက Liu Huanhua က ရွှေတံဆိပ် ရသွားခဲ့ပါတယ်.

ဒီနေ့မှာတော့ အမျိုးသမီးဖိုင်နယ်ကို ကစားကြမှာဖြစ်ပြီး၊ အမေရိကန်နဲ့ ဘရာဇီး အမျိုးသမီးဘောလုံးအသင်းတို့ ဗိုလ်လုကြမှာ ဖြစ်ပါတယ်။
မနေ့က ကစားခဲ့တဲ့ အမျိုးသား ဘောလုံးပွဲမှာတော့ စပိန်အသင်းက အိမ်ရှင်ပြင်သစ်ကို အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။ အမျိုးသား ဘောလုံးဖိုင်နယ်ကို မနေ့က ကစားတာမှာ စပိန်နဲ့ ပြင်သစ်တို့ ၃ ဂိုးစီ သရေဖြစ်နေလို့ အချိန်ပိုကန်တာမှာ စပိန်အသင်းက ၂ ဂိုးထပ်သွင်းပြီး ၅ ဂိုး ၃ ဂိုးနဲ့ ရွှေတံဆိပ် ရသွားခဲ့ပါတယ်။ စပိန်အသင်း အခုလို ဗိုလ်စွဲသွားတာကြောင့် အိမ်ရှင်ပြင်သစ်အသင်းရဲ့ အိုလံပစ်ဘောလုံးပွဲမှာ ချန်ပီယံဖြစ်ရေး အိပ်မက်ကို ပျက်ပြယ်သွားစေခဲ့ပါတယ်။

မနေ့က အမျိုးသားမီတာ ၄၀၀ တန်းကျော်ပြေးပွဲမှာတော့ အမေရိကန်က Rai Benjamin က ရွှေတံဆိပ်ရသွားပြီး၊ နော်ဝေးက Karseten Warholm က ဒုတိယ၊ ဘရာဇီးက Alison Dos Santos က တတိယ ရပါတယ်။ မနေ့က Breaking လို့ခေါ်တဲ့ အမျိုးသမီး Break Dancing ပြိုင်ပွဲမှာတော့ ဂျပန်နိုင်ငံက အသက် ၂၆ နှစ်အရွယ် Ami က ပထမရသွားခဲ့ပါတယ်။

ဒီနေ့ အခုနောက်ဆုံး သိရသလောက်မှာတော့ တရုတ်နိုင်ငံက ရွှေတံဆိပ် ၃၄ ခု၊ ငွေ ၂၇၊ ကြေး ၂၃ နဲ့ ပထမနေရာမှာ ရှိနေပြီး၊ အမေရိကန်က ရွှေ ၃၃၊ ငွေ ၄၁၊ ကြေး ၃၉ နဲ့ ဒုတိယနေရမှာ ရှိနေပါတယ်။ အဲဒီနောက်မှာတော့ ဩစတြေးလျက ရွှေ ၁၈ ခု၊ ဂျပန်က ရွှေ ၁၆ ခု၊ ပြင်သစ်က ရွှေ ၁၅ ခု နဲ့ အစဉ်လိုက်ရပ်တည်နေပါတယ်။

Forum

XS
SM
MD
LG