သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်ပွဲ တတိယနေ့ အနိုင်ရသူများ


အိုလံပစ် အနိုင်ရသူများ (ဇူလိုင်လ ၃၀ ရက်၊ ၂၀၁၂)
အိုလံပစ် အနိုင်ရသူများ (ဇူလိုင်လ ၃၀ ရက်၊ ၂၀၁၂)
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်က အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အိုလံပစ်အားကစားပြိုင်ပွဲတွေရဲ့ တတိယမြောက်နေ့ အဆုံးသတ်သွားပါပြီ။

အမျိုးသားကျွမ်းဘားအားကစား ပြိုင်ပွဲတွေမှာ တရုတ်အသင်းက လွှမ်းမိုးအနိုင်ယူသွားပြီး သတင်း မီဒီယာတွေကနေ အကြီးအကျယ် ကြောညာပေးနေတဲ့ အမေရိကန်အသင်းကတော့ ဘာဆုတံဆိပ်မှ မရခဲ့ပါဘူး။

တရုတ်အသင်းဟာ ဂျပန်အသင်းအပေါ် အပြတ်အသတ်အနိုင်ယူပြီး အမျိုးသားကျွမ်းဘား အားကစား ပြိုင်ပွဲတွေကို တနင်္လာနေ့ က အနိုင်ရခဲ့တာပါ။ ဒါပေမဲ့လည်း ပရိသတ် အကြီးမား ဆုံး အော်ဟစ်အားပေး ခဲ့တာကတော့ တတိယကြေးတံဆိပ်ရတဲ့ အိမ်ရှင် ဗြိတိန်အသင်းဖြစ်ပါတယ်။

အရည်အချင်းစစ်ပြိုင်ပွဲကို ကြည့်ပြီး ရွှေတံဆိပ် ချိတ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေ ခန့်မှန်းခဲ့တဲ့ အမေရိကန် အသင်းကတော့ အဆင့် ၅ ပဲ ချိတ်ခဲ့ပါတယ်။

အမျိုးသားမီတာ ၄၀၀ အလွတ်ကူးပြိုင်ပွဲမှာ ပြင်သစ်ရေကူးသမား Yannick Agnel က သူ့ရဲ့ ဒုတိယ ရွှေ တံဆိပ်ကို ရသွားပါ တယ်။ လက်ရှိ ကမ္ဘာ့ချန်ပီယံ Ryan Lochte က နံပါတ် ၄ ပဲ ရပါတယ်။

ဒါပေမဲ့လည်း အမေရိကန်ဆယ်ကျော်သက် Missy Franklin က အမျိုးသမီး မီတာ ၁၀၀ နောက်ပြန်ကူး ပြိုင်ပွဲမှာ သူ့ရဲ့ ပထမဆုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
XS
SM
MD
LG