သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂွာတာနာမိုအကျဉ်းသား ၆ ဦး Oman လက်ခံ


အိုမဲန်နိုင်ငံမြေပုံ။
အိုမဲန်နိုင်ငံမြေပုံ။

အမေရိကန် Guantanamo အကျဉ်းစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ Yemen လူမျိုး ၆ ယောက်ဟာ သူတို့ အခြေချနေထိုင်ဖို့ လက်ခံသဘောတူထားတဲ့ Oman နိုင်ငံဆီကို ဒီကနေ့ စနေနေ့မှာ ရောက်ရှိသွားပါပြီ။

Oman အစိုးရရဲ့ လူသားချင်းစာနာမှုနဲ့ Guantanamo ပင်လယ်အော်ထဲမှာရှိတဲ့ အကျဉ်းစခန်းကို ပိတ်နိုင်ဖို့ အမေရိကန်ရဲ့အားထုတ်မှုအပေါ် လိုလို လားလား ကူညီမှုအတွက် အင်မတန် ကျေးဇူးတင်တယ်လို့ အမေရိကန် ကာကွယ်ရေးဌာနက ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ နှစ်တော်တော်ကြာကြာကတည်းက သူတို့ကို ပြန်လွှတ်ပေးဖို့ဖြစ်ပေမယ့် Yemen နိုင်ငံမှာ တည်ငြိမ်မှုမရှိတဲ့အတွက် ပြန်မလွှတ်နိုင်ခဲ့တာဖြစ်ပါတယ်။

နှစ်ရှည်ထိမ်းသိမ်းထားတဲ့ Yemen အကျဉ်းသား ၆ ယောက်ကို ပြန်လွှတ်ပေးလိုက်တဲ့နောက် အမေရိကန် Guantanamo အကျဉ်းစခန်းမှာ ထိန်းသိမ်းခံထားရသူ ၁၁၆ ယောက်ပဲ ကျန်ပါတော့တယ်။ အကျဉ်းစခန်းထဲမှာ တော်တော်များများကို စွဲချက်မတင်ဘဲ နှစ်ရှည်လများ ဖမ်းဆီးထားတဲ့ အပေါ် နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေ အမေရိကန်ခံခဲ့ရပါတယ်။

သမ္မတ Barack Obama သမ္မတစဖြစ်လာချိန်မှာ Guantanamo အကျဉ်းစခန်းကို ပိတ်မယ်လို့ ကတိပြုခဲ့ပေမယ့် သမ္မတရဲ့ရည်ရွယ်ချက်ကို လွှတ်တော်အမတ်တွေနဲ့ Pentagon စစ်ဌာနချုပ်တာဝန်ရှိသူတွေက ပိတ်ဆို့ခဲ့ပါတယ်။ Guantanamo က အကျဉ်းသားတွေကို အမေရိကန်ပြည်မကြီးဆီ လွှဲပြောင်းမှုကို လွှတ်တော်ကတားမြစ်ထားတဲ့အတွက် သူတို့ကို တတိယနိုင်ငံတွေမှာ အခြေချဖို့ အစိုးရတာဝန်ရှိသူတွေက လက်ခံနိုင်မယ့်နိုင်ငံတွေနဲ့ ညှိနှိုင်းခဲ့ရပါတယ်။

XS
SM
MD
LG