သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Omicron ကိုဗစ္မ်ိဳးကြဲကာကြယ္ေရး ႏွာေခါင္းစည္းမျဖစ္မေနတပ္ဖို႔ တာဝန္ရွိသူေတြတိုက္တြန္း


{{Zawgyi/Unicode}}

ကူးစက္ျမန္ပုံရတဲ့ ဗီဇေျပာင္း Omicron ကိုဗစ္ပိုးသစ္ မကူးစက္ဖို႔ ႏွာေခါင္းစည္း မျဖစ္မေနတပ္ၾကဖို႔ က်န္းမာေရးတာဝန္ရွိသူေတြ တိုက္တြန္းေနပါတယ္။ ကိုဗစ္တတိယလႈိင္းဒဏ္လို ျပင္းျပင္းထန္ထန္ မခံရေအာင္ တဦးတေယာက္ခ်င္းဆီက ဘယ္လိုေတြႀကိဳတင္ ကာကြယ္သင့္သလဲဆိုတဲ့အေၾကာင္း ရန္ကုန္က ေပးပို႔တဲ့သတင္းကိုမဆုမြန္က တင္ျပေပးထားပါတယ္။

မၾကာခင္ကမွ စတင္ေတ႔ြ႐ွိတဲ့ ဗီဇေျပာင္းကိုဗစ္ပိုးသစ္ Omicron နဲ႔ပတ္သက္လို႔ သိပၸံပညာ႐ွင္ေတြ ေလ့လာေနခ်ိန္မွာ ကူးစက္ မႈ ကာကြယ္ႏုိင္ဖုိ႔ ႏွာေခါင္းစည္း Mask တပ္ၾကဖုိ႔ က်န္းမာေရးပညာ႐ွင္ေတြက တိုက္တြန္းေနၾကပါတယ္။ Omicron ကိုဗစ္ပိုးသစ္ကူးစက္ေနသူေတြ ကမာၻ႔ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ေတြ႔႐ွိေနတာေၾကာင့္ ဒီပိုးသစ္ဟာ ကူးစက္ျမန္ျဖစ္ႏုိင္တယ္လို႔ ပညာ႐ွင္ေတြ ခန္႔မွန္းေၾကပါတယ္။ ကူးစက္ျမန္ Delta မ်ိဳးကြဲတုန္းက ျမန္မာႏိုင္ငံမွာ ကိုဗစ္တတိယလႈိင္းဒဏ္ကို အေတာ္ေလး ခံခဲ့ရတာေၾကာင့္ ပိုးသစ္ကူးစက္ပ်ံ႕ႏွံ႔မွာကို စိုးရိမ္မႈေတြလည္း ႐ွိေနပါတယ္။ ဒါေၾကာင့္လည္း ႀကိဳတင္ကာကြယ္ႏိုင္ဖို႔ ဆရာဝန္ေတြက တိုက္တြန္းေနၾကပါတယ္။ အြန္လိုင္းကေန ကိုဗစ္မ်ိဳးကြဲသစ္အႏၲရာယ္အေၾကာင္း မွ်ေဝေပးေနတဲ့ ေဒါက္တာမိုးေနမင္းကလည္း ဒီပိုးမကူးစက္ႏိုင္ေအာင္ ႀကိဳတင္ကာကြယ္ေရးနည္းလမ္းေတြကို အခုလို အႀကံေပးထားပါတယ္။

"က်ေနာ့္အေနနဲ႔ အဓိကအႀကံေပးခ်င္တာက အေကာင္းဆုံးက အျပင္သြားၿပီးျပန္လာရင္ ၁၅ မိနစ္အတြင္းေပါ့ေနာ္၊ အပူမရွပ္ေအာင္ ေရဝေအာင္ေသာက္ၿပီး ေရခ်ိဳးေစခ်င္တယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေရမခ်ိဳးႏိုင္ဘူးဆို အဝတ္အစားေတြကို spray ဖ်န္းေပးလို႔ရတယ္။ ၿပီးေတာ့ hand gel နဲ႔ ခဏခဏေဆး။ မလိုအပ္ဘဲနဲ႔ Mask ရဲ႕အျပင္ဘက္ေတြ၊ မ်က္စိ၊ နား၊ ႏွာေခါင္း လုံးဝ သြားမထိပါနဲ႔။ အားတိုင္း မ်က္စိရယ္၊ မ်က္ႏွာရယ္ကိုေတာ့ လုံးဝသြားမထိပါနဲ႔ေပါ့ေနာ္၊ လက္ေတြက စိတ္မခ်ရဘူး။ Mask ကေတာ့ လုံးဝတပ္မွရမယ္ဗ်။ Mask တပ္တာကလည္း လူေတြအကုန္လုံးကလည္း ေျပာၿပီးသားပါ။ သို႔ေပမယ့္ ေမ့ေနၾကတယ္၊ စနစ္တက် Mask တပ္ဖို႔လိုတယ္။ ၿပီးေတာ့ အရည္အေသြးအသင့္အတင့္ျဖစ္တဲ့ အရည္အေသြးမွန္တဲ့ Mask ေတြ ျဖစ္ဖို႔လိုတယ္။ Delta တုန္းကဆို သူတို႔က ႏွစ္ထပ္ေတာင္တပ္ခိုင္းတာကို။ တကယ္ပိုးေတြ အရမ္းျဖစ္လာတယ္၊ လူၾကားသူၾကားထဲ အရမ္းသြားရေတာ့မယ္ဆိုရင္ Mask ႏွစ္ထပ္ သို႔မဟုတ္ Mask နဲ႔ Face shield ကေတာ့ လုပ္ကိုလုပ္သင့္တယ္လို႔ အႀကံေပးတယ္။"

အသက္ ၆၀ ေက်ာ္အ႐ြယ္နဲ႔ ေရာဂါအခံရွိသူေတြအေနနဲ႔ အခုလိုအခ်ိန္မွာ အျပင္ထြက္တာကို ေရွာင္ၾကဥ္သင့္တယ္လို႔လည္း ေျပာပါတယ္။ လူအမ်ားအျပားရွိတဲ့ ေစ်းကေနျပန္လာရင္လည္း ဝယ္လာတဲ့အစားအစာေတြကို ေသခ်ာေဆးေၾကာၿပီးမွ ခ်က္ျပဳတ္ဖို႔နဲ႔ လူတိုင္း ကာကြယ္ေဆးထိုးႏွံဖို႔ကိုလည္း တိုက္တြန္းထားပါတယ္။

"WHO က ႏိုင္ငံတကာကို တိုက္တြန္းခဲ့တယ္ေပါ့ေနာ္၊ ႏိုင္ငံတိုင္းကို ျပင္ဆင္ခိုင္းထားတယ္။ ဒီ Omicron ႏိုင္ငံတိုင္းကို ႐ိုက္ခတ္မယ္၊ အားလုံးျပင္ဆင္ထားပါလို႔ ေျပာတယ္။ က်ေနာ္တို႔ ျပည္သူေတြအေနနဲ႔ လုပ္သင့္တဲ့ဟာကေတာ့ လူစည္ကားတဲ့ေန ရာေတြကို တတ္ႏိုင္သမွ် နည္းနည္းေရွာင္သင့္ေနၿပီေပါ့ေနာ္။ ခရီးသြားတာေတြကိုလည္း နည္းနည္းသတိထားသင့္တယ္ေပါ့၊ မလိုအပ္ရင္ မသြားေစခ်င္ဘူး။ အဓိက ကေတာ့ Mask ကေတာ့ လုံးဝမျဖစ္မေန တပ္ရမွာပါပဲေပါ့ေနာ္။ ျမန္မာႏိုင္ငံဆို အခုေဆာင္းဦးျဖစ္ေနၿပီေပါ့။ ေဆာင္းဦးကာလကလည္း ပုံမွန္ ရာသီတုပ္ေကြးေတြ စတဲ့အခ်ိန္ေပါ့။ အဲေတာ့ ရာသီတုပ္ေကြးပဲျဖစ္ျဖစ္၊ ကိုဗစ္ပဲျဖစ္ျဖစ္ ဒီ Mask တပ္ထားမယ္ဆိုရင္ ႏွစ္မ်ိဳးလုံးကို အထိုက္အေလ်ာက္ကာကြယ္တယ္ေပါ့ေနာ္။ ၿပီးေတာ့ လက္ေဆးတဲ့အေလ့အထကိုလည္း စကၠန႔္ ၂၀ လက္ေဆးတဲ့အေလ့အထကိုလည္း ေကာင္းေကာင္းမြန္မြန္လုပ္ေပးပါ။"

ကိုဗစ္မ်ိဳးကြဲသစ္ ျပည္တြင္းမွာ ကူးစက္ျဖစ္ပြားမႈကို ကာကြယ္ႏိုင္ဖို႔ တဦးတေယာက္ခ်င္းစီက ႀကိဳတင္ကာကြယ္ေရးနည္းလမ္းေတြကို လိုက္နာသင့္သလို ကာကြယ္ေဆးထိုးႏွံၾကဖို႔ကိုလည္း က်န္းမာေရးတာဝန္ရွိသူေတြက တိုက္တြန္းေနတာပါ။ က်န္းမာေရးဌာနရဲ႕ အစီအစဥ္နဲ႔ ျမန္မာႏိုင္ငံတဝန္း ကာကြယ္ေဆးထိုးအစီအစဥ္ေတြ လုပ္ေနၿပီး ဒီဇင္ဘာလ မကုန္ခင္ ၁၈ ႏွစ္နဲ႔အထက္ အနည္းဆံုးကာကြယ္ေဆးထိုးၿပီးသူ ၁၇ သန္းအထိ႐ွိေအာင္ က်န္းမာေရးဌာနက ရည္မွန္းထားလို႔ ေျပာထားပါတယ္။ ၿမိဳ႕နယ္ ရပ္ကြက္အလိုက္ ဦးစားေပးအုပ္စုအလိုက္ ကိုဗစ္ကာကြယ္ေဆးေတြ ထိုးေပးေနေပမဲ့ အားလံုး ကာကြယ္ေဆးထိုးႏိုင္ဖုိ႔ အခက္အခဲေတြေတာ့ ႐ွိေနစဲျဖစ္ပါတယ္။ ရန္ကုန္ၿမိဳ႕က အသက္ ၄၀ အ႐ြယ္ ကိုေအာင္ခန႔္ကေတာ့ ကာကြယ္ေဆးထိုးရဖို႔ ေစာင့္ေနရ တုန္းပဲလို ခုလိုေျပာပါတယ္။

"ကာကြယ္ေဆးက ထိုးရမွာေပါ့။ ၁၅ ရက္ေန႔ကသြားေတာ့ ဟိုလည္းေရာက္ေရာ ၄၅ ႏွစ္အထက္ေတြဆိုလို႔ အဲဒါျပန္လာရတယ္။ ဒါေပမယ့္ သူမ်ားရပ္ကြက္ေတြကေတာ့ ထိုးၿပီးသြားၿပီ ေျပာတာပဲ။"

တခ်ိဳ႕ရပ္ကြက္ေတြမွာေတာ့ သူနဲ႔႐ြယ္တူရွိသူေတြ ကာကြယ္ေဆးထိုးၿပီးေနၾကၿပီလို႔ လည္းေျပာပါတယ္။

Omicron ကိုဗစ္မ်ိဳးကြဲသစ္နဲ႔ပတ္သက္လို႔ သိပၸံပညာရွင္ေတြက အတိအက်သိႏိုင္ေအာင္ ႀကိဳးစားေနခ်ိန္မွာ ကိုဗစ္ကာကြယ္ေဆးထိုးၾကဖို႔နဲ႔ အားျဖည့္ကိုဗစ္ကာကြယ္ေဆး ထိုးၾကဖို႔ ဆရာဝန္ေတြက တိုက္တြန္းေနတာပါ။ ျမန္မာႏိုင္ငံမွာေတာ့ ကိုဗစ္ကာကြယ္ေဆးအႀကိမ္ျပည့္ ထိုးႏွံၿပီးသူက ၁၁ သန္းေက်ာ္ရွိတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ အသက္ ၁၈ ႏွစ္အထက္ရွိသူ လူဦးေရအားလုံးရဲ႕ ထက္ဝက္ကို အခုႏွစ္ကုန္အတြင္း ကာကြယ္ေဆးထိုးေပးႏိုင္ဖို႔ ရည္မွန္းထားတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ၿပီးခဲ့တဲ့ ေသာၾကာေန႔တုန္းက သတင္းစာရွင္းပြဲမွာ ေျပာထားပါတယ္။ ျမန္မာႏို္င္ငံကို နယ္စပ္ေတြ၊ ေလေၾကာင္းလမ္းေတြကေန Omicron ပိုးသစ္ ဝင္မလာေအာင္ ေရာဂါေေစာင့္ၾကပ္ ၾကည့္႐ႈမႈေတြ အားျဖည့္လုပ္ေနတယ္ဆိုတဲ့ က်န္းမာေရးဝန္ႀကီးရဲ႕ အေျပာကိုလည္း သတင္းစာေတြထဲမွာ ကိုးကားေဖာ္ျပထားပါတယ္။ အာ႐ွက ထိုင္း၊ ဖိလစ္ပိုင္၊ ဂ်ပန္စတဲ့ႏုိင္ငံေတြမွာေတာ့ ႏို္င္ငံျခားသားဝင္ေရာက္မႈေတြကို ကန္႔သတ္ ပိတ္ပင္ခ်က္ေတြ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

{{Unicode}}

Omicron ကိုဗစ်မျိုးကွဲကာကွယ်ရေး နှာခေါင်းစည်းမဖြစ်မနေတပ်ဖို့ တာဝန်ရှိသူတွေတိုက်တွန်း

ကူးစက်မြန်ပုံရတဲ့ ဗီဇပြောင်း Omicron ကိုဗစ်ပိုးသစ် မကူးစက်ဖို့ နှာခေါင်းစည်း မဖြစ်မနေတပ်ကြဖို့ ကျန်းမာရေးတာဝန်ရှိသူတွေ တိုက်တွန်းနေပါတယ်။ ကိုဗစ်တတိယလှိုင်းဒဏ်လို ပြင်းပြင်းထန်ထန် မခံရအောင် တဦးတယောက်ချင်းဆီက ဘယ်လိုတွေကြိုတင် ကာကွယ်သင့်သလဲဆိုတဲ့အကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကိုမဆုမွန်က တင်ပြပေးထားပါတယ်။

မကြာခင်ကမှ စတင်တေ့ွရှိတဲ့ ဗီဇပြောင်းကိုဗစ်ပိုးသစ် Omicron နဲ့ပတ်သက်လို့ သိပ္ပံပညာရှင်တွေ လေ့လာနေချိန်မှာ ကူးစက် မှု ကာကွယ်နိုင်ဖို့ နှာခေါင်းစည်း Mask တပ်ကြဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းနေကြပါတယ်။ Omicron ကိုဗစ်ပိုးသစ်ကူးစက်နေသူတွေ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ တွေ့ရှိနေတာကြောင့် ဒီပိုးသစ်ဟာ ကူးစက်မြန်ဖြစ်နိုင်တယ်လို့ ပညာရှင်တွေ ခန့်မှန်းကြေပါတယ်။ ကူးစက်မြန် Delta မျိုးကွဲတုန်းက မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းဒဏ်ကို အတော်လေး ခံခဲ့ရတာကြောင့် ပိုးသစ်ကူးစက်ပျံ့နှံ့မှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့်လည်း ကြိုတင်ကာကွယ်နိုင်ဖို့ ဆရာဝန်တွေက တိုက်တွန်းနေကြပါတယ်။ အွန်လိုင်းကနေ ကိုဗစ်မျိုးကွဲသစ်အန္တရာယ်အကြောင်း မျှဝေပေးနေတဲ့ ဒေါက်တာမိုးနေမင်းကလည်း ဒီပိုးမကူးစက်နိုင်အောင် ကြိုတင်ကာကွယ်ရေးနည်းလမ်းတွေကို အခုလို အကြံပေးထားပါတယ်။

"ကျနော့်အနေနဲ့ အဓိကအကြံပေးချင်တာက အကောင်းဆုံးက အပြင်သွားပြီးပြန်လာရင် ၁၅ မိနစ်အတွင်းပေါ့နော်၊ အပူမရှပ်အောင် ရေဝအောင်သောက်ပြီး ရေချိုးစေချင်တယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမချိုးနိုင်ဘူးဆို အဝတ်အစားတွေကို spray ဖျန်းပေးလို့ရတယ်။ ပြီးတော့ hand gel နဲ့ ခဏခဏဆေး။ မလိုအပ်ဘဲနဲ့ Mask ရဲ့အပြင်ဘက်တွေ၊ မျက်စိ၊ နား၊ နှာခေါင်း လုံးဝ သွားမထိပါနဲ့။ အားတိုင်း မျက်စိရယ်၊ မျက်နှာရယ်ကိုတော့ လုံးဝသွားမထိပါနဲ့ပေါ့နော်၊ လက်တွေက စိတ်မချရဘူး။ Mask ကတော့ လုံးဝတပ်မှရမယ်ဗျ။ Mask တပ်တာကလည်း လူတွေအကုန်လုံးကလည်း ပြောပြီးသားပါ။ သို့ပေမယ့် မေ့နေကြတယ်၊ စနစ်တကျ Mask တပ်ဖို့လိုတယ်။ ပြီးတော့ အရည်အသွေးအသင့်အတင့်ဖြစ်တဲ့ အရည်အသွေးမှန်တဲ့ Mask တွေ ဖြစ်ဖို့လိုတယ်။ Delta တုန်းကဆို သူတို့က နှစ်ထပ်တောင်တပ်ခိုင်းတာကို။ တကယ်ပိုးတွေ အရမ်းဖြစ်လာတယ်၊ လူကြားသူကြားထဲ အရမ်းသွားရတော့မယ်ဆိုရင် Mask နှစ်ထပ် သို့မဟုတ် Mask နဲ့ Face shield ကတော့ လုပ်ကိုလုပ်သင့်တယ်လို့ အကြံပေးတယ်။"

အသက် ၆၀ ကျော်အရွယ်နဲ့ ရောဂါအခံရှိသူတွေအနေနဲ့ အခုလိုအချိန်မှာ အပြင်ထွက်တာကို ရှောင်ကြဉ်သင့်တယ်လို့လည်း ပြောပါတယ်။ လူအများအပြားရှိတဲ့ ဈေးကနေပြန်လာရင်လည်း ဝယ်လာတဲ့အစားအစာတွေကို သေချာဆေးကြောပြီးမှ ချက်ပြုတ်ဖို့နဲ့ လူတိုင်း ကာကွယ်ဆေးထိုးနှံဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

"WHO က နိုင်ငံတကာကို တိုက်တွန်းခဲ့တယ်ပေါ့နော်၊ နိုင်ငံတိုင်းကို ပြင်ဆင်ခိုင်းထားတယ်။ ဒီ Omicron နိုင်ငံတိုင်းကို ရိုက်ခတ်မယ်၊ အားလုံးပြင်ဆင်ထားပါလို့ ပြောတယ်။ ကျနော်တို့ ပြည်သူတွေအနေနဲ့ လုပ်သင့်တဲ့ဟာကတော့ လူစည်ကားတဲ့နေ ရာတွေကို တတ်နိုင်သမျှ နည်းနည်းရှောင်သင့်နေပြီပေါ့နော်။ ခရီးသွားတာတွေကိုလည်း နည်းနည်းသတိထားသင့်တယ်ပေါ့၊ မလိုအပ်ရင် မသွားစေချင်ဘူး။ အဓိက ကတော့ Mask ကတော့ လုံးဝမဖြစ်မနေ တပ်ရမှာပါပဲပေါ့နော်။ မြန်မာနိုင်ငံဆို အခုဆောင်းဦးဖြစ်နေပြီပေါ့။ ဆောင်းဦးကာလကလည်း ပုံမှန် ရာသီတုပ်ကွေးတွေ စတဲ့အချိန်ပေါ့။ အဲတော့ ရာသီတုပ်ကွေးပဲဖြစ်ဖြစ်၊ ကိုဗစ်ပဲဖြစ်ဖြစ် ဒီ Mask တပ်ထားမယ်ဆိုရင် နှစ်မျိုးလုံးကို အထိုက်အလျောက်ကာကွယ်တယ်ပေါ့နော်။ ပြီးတော့ လက်ဆေးတဲ့အလေ့အထကိုလည်း စက္ကန့် ၂၀ လက်ဆေးတဲ့အလေ့အထကိုလည်း ကောင်းကောင်းမွန်မွန်လုပ်ပေးပါ။"

ကိုဗစ်မျိုးကွဲသစ် ပြည်တွင်းမှာ ကူးစက်ဖြစ်ပွားမှုကို ကာကွယ်နိုင်ဖို့ တဦးတယောက်ချင်းစီက ကြိုတင်ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာသင့်သလို ကာကွယ်ဆေးထိုးနှံကြဖို့ကိုလည်း ကျန်းမာရေးတာဝန်ရှိသူတွေက တိုက်တွန်းနေတာပါ။ ကျန်းမာရေးဌာနရဲ့ အစီအစဉ်နဲ့ မြန်မာနိုင်ငံတဝန်း ကာကွယ်ဆေးထိုးအစီအစဉ်တွေ လုပ်နေပြီး ဒီဇင်ဘာလ မကုန်ခင် ၁၈ နှစ်နဲ့အထက် အနည်းဆုံးကာကွယ်ဆေးထိုးပြီးသူ ၁၇ သန်းအထိရှိအောင် ကျန်းမာရေးဌာနက ရည်မှန်းထားလို့ ပြောထားပါတယ်။ မြို့နယ် ရပ်ကွက်အလိုက် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေပေမဲ့ အားလုံး ကာကွယ်ဆေးထိုးနိုင်ဖို့ အခက်အခဲတွေတော့ ရှိနေစဲဖြစ်ပါတယ်။ ရန်ကုန်မြို့က အသက် ၄၀ အရွယ် ကိုအောင်ခန့်ကတော့ ကာကွယ်ဆေးထိုးရဖို့ စောင့်နေရ တုန်းပဲလို ခုလိုပြောပါတယ်။

"ကာကွယ်ဆေးက ထိုးရမှာပေါ့။ ၁၅ ရက်နေ့ကသွားတော့ ဟိုလည်းရောက်ရော ၄၅ နှစ်အထက်တွေဆိုလို့ အဲဒါပြန်လာရတယ်။ ဒါပေမယ့် သူများရပ်ကွက်တွေကတော့ ထိုးပြီးသွားပြီ ပြောတာပဲ။"

တချို့ရပ်ကွက်တွေမှာတော့ သူနဲ့ရွယ်တူရှိသူတွေ ကာကွယ်ဆေးထိုးပြီးနေကြပြီလို့ လည်းပြောပါတယ်။

Omicron ကိုဗစ်မျိုးကွဲသစ်နဲ့ပတ်သက်လို့ သိပ္ပံပညာရှင်တွေက အတိအကျသိနိုင်အောင် ကြိုးစားနေချိန်မှာ ကိုဗစ်ကာကွယ်ဆေးထိုးကြဖို့နဲ့ အားဖြည့်ကိုဗစ်ကာကွယ်ဆေး ထိုးကြဖို့ ဆရာဝန်တွေက တိုက်တွန်းနေတာပါ။ မြန်မာနိုင်ငံမှာတော့ ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးသူက ၁၁ သန်းကျော်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အသက် ၁၈ နှစ်အထက်ရှိသူ လူဦးရေအားလုံးရဲ့ ထက်ဝက်ကို အခုနှစ်ကုန်အတွင်း ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ရည်မှန်းထားတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့ သောကြာနေ့တုန်းက သတင်းစာရှင်းပွဲမှာ ပြောထားပါတယ်။ မြန်မာနိုင်ငံကို နယ်စပ်တွေ၊ လေကြောင်းလမ်းတွေကနေ Omicron ပိုးသစ် ဝင်မလာအောင် ရောဂါေစောင့်ကြပ် ကြည့်ရှုမှုတွေ အားဖြည့်လုပ်နေတယ်ဆိုတဲ့ ကျန်းမာရေးဝန်ကြီးရဲ့ အပြောကိုလည်း သတင်းစာတွေထဲမှာ ကိုးကားဖော်ပြထားပါတယ်။ အာရှက ထိုင်း၊ ဖိလစ်ပိုင်၊ ဂျပန်စတဲ့နိုင်ငံတွေမှာတော့ နိုင်ငံခြားသားဝင်ရောက်မှုတွေကို ကန့်သတ် ပိတ်ပင်ချက်တွေ ထုတ်ပြန်ထားပါတယ်။

#CovidVarient #Omicron #VOABurmese

#အိုမီခရွန်#မိုးနေမင်း#ကိုဗစ် #ဗွီအိုအေ

==============

XS
SM
MD
LG