သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Omicron ကိုဗစ်မျိုးကွဲ နိုင်ငံပေါင်း ၁၀၆ နိုင်ငံမှာ တွေ့ရှိထား


Virus Outbreak Britain
Virus Outbreak Britain

[[Zawgyi/Unicode]]

အင်္ဂါနေ့အထိဆိုရင် ကမ္ဘာတဝန်း နိုင်ငံပေါင်း ၁၀၆ နိုင်ငံမှာ Omicron ဗီဇမျိုးကွဲသစ် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေရှိနေတာကို တွေ့ရတဲ့အကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အင်္ဂါနေ့ထုတ် အစီရင်ခံစာတခုမှာ ဖော်ပြထားပါတယ်။

Omicron ဗီဇမျိုးကွဲသစ်ဟာ Delta မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ပိုးထက် ကူးစက်မှုနှုန်း ပိုမြင့်သလို အရှိန်အဟုန်နဲ့ ပျံ့နှံ့နေတာတွေ့ရပြီး Delta မျိုးကွဲလိုပဲ ရောဂါ အပြင်းအထန်ခံစားရနိုင်တဲ့အန္တရာယ် ဆက်ရှိနေတယ်လို့ WHO ရဲ့ အပတ်စဉ်ထုတ် ကူးစက်ရောဂါကာကွယ်ရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကမ္ဘာတဝန်း ကိုဗစ်ရောဂါ လက်ရှိကူးစက်မှုတွေမှာ Delta မျိုးကွဲဗီဇပိုး ကူးစက်မှုက အများဆုံးရှိနေတယ်ဆိုတာကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကမ္ဘာတဝန်းနိုင်ငံတွေဆီကနေ ဗိုင်းရပ်စ်မျိုးဗီဇဆိုင်ရာ Viral genetic sequenceနမူနာ တသန်းလောက် ကောက်ယူခဲ့တာကနေ ဆန်းစစ်ချက်အရ ၉၆% က Delta ဗီဇမျိုးကွဲ ဗိုင်းရပ်စ်ပိုးဖြစ်ပြီး ၁.၆% က Omicron ဗီဇမျိုးကွဲသစ် ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

=========

[[Unicode]]





#OmicronVariant #Covid19 #VOABurmese


=========

XS
SM
MD
LG