သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

Omicron ကိုဗစ္မ်ိဳးကြဲသစ္ကူးစက္သူ ၆ ဦး စေကာ့တလန္မွာေတြ႔ရွိ


HEALTH-CORONAVIRUS/

{{Zawgyi/Unicode}}

ကိုဗစ္-၁၉ မ်ဳိးကြဲသစ္ Omicron ကူးစက္ေနသူ ၆ ဦး စေကာ့တလန္မွာ ေတြ႔ရွိေၾကာင္း အစိုးရက ဒီကေန႔ အတည္ျပဳပါတယ္။ ေရာဂါပိုး ကူးစက္ခံထားရသူေတြအေနနဲ႔ ဘယ္ေနရာကကူးစက္တယ္ဆိုတာ သူတို႔အေနနဲ႔ အတိအက် မသိရေသးေၾကာင္း၊ တခ်ဳိ႕ ကူးစက္သူေတြဟာ ခရီးသြားလို႔မဟုတ္ဘဲ လူမႈအသိုင္းဝိုင္းအတြင္းမွာတင္ ကူးစက္တာမ်ဳိး ျဖစ္ႏိုင္ေၾကာင္း စေကာ့တလန္ အစိုးရက ေျပာပါတယ္။

ကေနဒါႏိုင္ငံမွာလည္း Omicron မ်ဳိးကြဲသစ္ ကူးစက္ေနသူ ေတြ႔ရေၾကာင္း Ontario ျပည္နယ္ က်န္းမာေရးဝန္ႀကီး Christine Elliott က ေျပာပါတယ္။ အခု ကူးစက္ေၾကာင္း ေတြ႔ရသူေတြဟာ ေရာဂါပိုး မ်ဳိးကြဲသစ္ စတင္ေတြ႔ရွိတဲ့ ေတာင္ပိုင္း အာဖိရိကႏိုင္ငံေတြကို သြားေရာက္ခဲ့ၾကသူေတြမဟုတ္ဘဲ ႏိုင္ဂ်ီးရီးယားႏိုင္ငံက ျပန္လာၾကသူေတြျဖစ္တယ္လို႔ ေျပာပါတယ္။

နယ္သာလန္ႏိုင္ငံမွာေတာ့ ေတာင္အာဖရိကႏိုင္ငံက ျပန္လာတဲ့ ခရီးသည္ေတြထဲကေန Omicron ေရာဂါပိုး မ်ဳိးကြဲသစ္ ကူးစက္ေနသူ ၁၃ ဦး ေတြ႔ရွိခဲ့ေၾကာင္း တနဂၤေႏြေန႔က ေျပာပါတယ္။ အဲဒီ ခရီးသည္ေတြဟာ Amsterdam ၿမိဳ႕ကို ေသာၾကာေန႔က ေရာက္လာၾကၿပီး ေရာဂါပိုး ကူးစက္ေနေၾကာင္း စမ္းသပ္ ေတြ႔ရွိခဲ့တဲ့ ခရီးသည္ ၆၁ ဦးထဲကျဖစ္တယ္လို႔ ဆိုပါတယ္။ Sydney ၿမိဳ႕ကို မၾကာေသးခင္ ရက္ပိုင္းအတြင္းက ျပန္ေရာက္လာၾကတဲ့ ခရီးသည္ေတြထဲက Omicron မ်ဳိးကြဲသစ္ ကူးစက္ေနသူ ၂ ဦး ေတြ႔ရွိခဲ့ေၾကာင္း ၾသစေၾတးလ်အစိုးရက ေၾကညာခ်က္ထုတ္ျပန္ၿပီး မၾကာခင္မွာ နယ္သာလန္မွာလည္း အလားတူ ေရာဂါပိုး ကူးစက္ေနသူေတြကို ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။

အစၥေရးနဲ႔ ေမာ္႐ိုကိုႏိုင္ငံတို႔ကေတာ့ ျပည္ပက လာေရာက္ၾကမယ့္ ခရီးသည္ေတြအားလုံးကို ပိတ္ပင္ ကန္႔သတ္လိုက္ေၾကာင္း တနဂၤေႏြေန႔မွာ ေၾကညာခဲ့ၿပီး ဂ်ပန္ႏိုင္ငံရဲ႕ အလားတူ ကန္႔သတ္ခ်က္ကေတာ့ အဂၤါေန႔မွာ စတင္ အသက္ဝင္ပါမယ္။တျခားႏိုင္ငံေတြကလည္း ေတာင္အာဖရိက က လာၾကမယ့္ ခရီးသည္ေတြအေပၚ ကန္႔သတ္ခ်က္ေတြ ထုတ္ျပန္ေနၾကပါတယ္။

အခု အသစ္ေတြ႔တဲ့ Omicron မ်ဳိးကြဲသစ္ဟာ စိုးရိမ္ရတဲ့မ်ဳိးကြဲတခုျဖစ္ေၾကာင္း ကမၻာ့က်န္းမာေရးအဖြဲ႔) WHO က ေသာၾကာေန႔မွာသတ္မွတ္လိုက္ၿပီး အေစာပိုင္းေတြ႔ရတဲ့ အေထာက္အထားေတြအရ ေရာဂါျပန္လည္ျဖစ္ပြားမႈႏႈန္း ပိုျမင့္မားတယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

{{Unicode}}

Omicron ကိုဗစ်မျိုးကွဲသစ်ကူးစက်သူ ၆ ဦး စကော့တလန်မှာတွေ့ရှိ

ကိုဗစ်-၁၉ မျိုးကွဲသစ် Omicron ကူးစက်နေသူ ၆ ဦး စကော့တလန်မှာ တွေ့ရှိကြောင်း အစိုးရက ဒီကနေ့ အတည်ပြုပါတယ်။ ရောဂါပိုး ကူးစက်ခံထားရသူတွေအနေနဲ့ ဘယ်နေရာကကူးစက်တယ်ဆိုတာ သူတို့အနေနဲ့ အတိအကျ မသိရသေးကြောင်း၊ တချို့ ကူးစက်သူတွေဟာ ခရီးသွားလို့မဟုတ်ဘဲ လူမှုအသိုင်းဝိုင်းအတွင်းမှာတင် ကူးစက်တာမျိုး ဖြစ်နိုင်ကြောင်း စကော့တလန် အစိုးရက ပြောပါတယ်။

ကနေဒါနိုင်ငံမှာလည်း Omicron မျိုးကွဲသစ် ကူးစက်နေသူ တွေ့ရကြောင်း Ontario ပြည်နယ် ကျန်းမာရေးဝန်ကြီး Christine Elliott က ပြောပါတယ်။ အခု ကူးစက်ကြောင်း တွေ့ရသူတွေဟာ ရောဂါပိုး မျိုးကွဲသစ် စတင်တွေ့ရှိတဲ့ တောင်ပိုင်း အာဖိရိကနိုင်ငံတွေကို သွားရောက်ခဲ့ကြသူတွေမဟုတ်ဘဲ နိုင်ဂျီးရီးယားနိုင်ငံက ပြန်လာကြသူတွေဖြစ်တယ်လို့ ပြောပါတယ်။

နယ်သာလန်နိုင်ငံမှာတော့ တောင်အာဖရိကနိုင်ငံက ပြန်လာတဲ့ ခရီးသည်တွေထဲကနေ Omicron ရောဂါပိုး မျိုးကွဲသစ် ကူးစက်နေသူ ၁၃ ဦး တွေ့ရှိခဲ့ကြောင်း တနင်္ဂနွေနေ့က ပြောပါတယ်။ အဲဒီ ခရီးသည်တွေဟာ Amsterdam မြို့ကို သောကြာနေ့က ရောက်လာကြပြီး ရောဂါပိုး ကူးစက်နေကြောင်း စမ်းသပ် တွေ့ရှိခဲ့တဲ့ ခရီးသည် ၆၁ ဦးထဲကဖြစ်တယ်လို့ ဆိုပါတယ်။ Sydney မြို့ကို မကြာသေးခင် ရက်ပိုင်းအတွင်းက ပြန်ရောက်လာကြတဲ့ ခရီးသည်တွေထဲက Omicron မျိုးကွဲသစ် ကူးစက်နေသူ ၂ ဦး တွေ့ရှိခဲ့ကြောင်း သြစတြေးလျအစိုးရက ကြေညာချက်ထုတ်ပြန်ပြီး မကြာခင်မှာ နယ်သာလန်မှာလည်း အလားတူ ရောဂါပိုး ကူးစက်နေသူတွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးနဲ့ မော်ရိုကိုနိုင်ငံတို့ကတော့ ပြည်ပက လာရောက်ကြမယ့် ခရီးသည်တွေအားလုံးကို ပိတ်ပင် ကန့်သတ်လိုက်ကြောင်း တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပြီး ဂျပန်နိုင်ငံရဲ့ အလားတူ ကန့်သတ်ချက်ကတော့ အင်္ဂါနေ့မှာ စတင် အသက်ဝင်ပါမယ်။တခြားနိုင်ငံတွေကလည်း တောင်အာဖရိက က လာကြမယ့် ခရီးသည်တွေအပေါ် ကန့်သတ်ချက်တွေ ထုတ်ပြန်နေကြပါတယ်။

အခု အသစ်တွေ့တဲ့ Omicron မျိုးကွဲသစ်ဟာ စိုးရိမ်ရတဲ့မျိုးကွဲတခုဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့) WHO က သောကြာနေ့မှာသတ်မှတ်လိုက်ပြီး အစောပိုင်းတွေ့ရတဲ့ အထောက်အထားတွေအရ ရောဂါပြန်လည်ဖြစ်ပွားမှုနှုန်း ပိုမြင့်မားတယ်လို့ ဆိုပါတယ်။

#Omicron #CovidVarient #ScotlandCovid #VOABurmese

#အိုမီခရွန်ဗီဇပြောင်းမျိုးကွဲသစ်#တောင်အာဖရိက#နယ်သာလန်#စကော့တလန်

===============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG