သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၁၆ ႏွစ္နဲ႔ ၁၇ ႏွစ္အရြယ္ ကန္လူငယ္ေတြ အားျဖည့္ကိုဗစ္ေဆးထိုးဖို႔ FDA ခြင့္ျပဳ


ဖိုင္ဇာကိုဗစ္ကာကြယ္ေဆးထုိးၿပီးသြားတဲ့ နယူးေယာက္ၿမိဳ႕က အထက္တန္းေက်ာင္းသူ Ariel Quero

{{Zawgyi/Unicode}}

ဗီဇေျပာင္း ကိုဗစ္ပိုးသစ္ Omicron ပ်ံ႕ႏွံ႔ကူးစက္ေနတဲ့ အေမရိကန္ျပည္ေထာင္စုမွာ အသက္ ၁၆ ႏွစ္နဲ႔ ၁၇ ႏွစ္အရြယ္ ဆယ္ေက်ာ္သက္ေတြကို ကိုဗစ္အားျဖည့္ေဆးထိုးဖို႔ အေမရိကန္ ေဆးဝါးနဲ႔ အစားအေသာက္ဆိုင္ရာ ကြပ္ကြဲေရး (FDA) ဌာနက ဒီဇင္ဘာ ၉ ရက္ေန႔မွာ ခြင့္ျပဳခ်က္ေပးလိုက္ပါတယ္။

FDA က ၾကာသပေတးေန႔မွာ ခုလိုခြင့္ျပဳလိုက္ၿပီး နာရီပိုင္းအၾကာမွာပဲ Pfizer ကိုဗစ္ကာကြယ္ေဆး ထိုးထားတာ အနည္းဆံုး ၆ လၾကာရင္ အသက္ ၁၆ ႏွစ္နဲ႔ အထက္ေတြ တတိယ အားျဖည့္ ကိုဗစ္ကာကြယ္ေဆးထိုးႏိုင္ၿပီလို႔ ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရးဌာန (CDC) ကလည္း အၾကံျပဳ ခြင့္ျပဳခ်က္ ထုတ္ခဲ့ပါတယ္။

Omicron ကိုဗစ္ပိုးသစ္နဲ႔ပတ္သက္လို႔ ေမးခြန္းအားလံုးအတြက္ အေျဖမရွိေသးေပမယ့္ ကနဦးေလ့လာခ်က္ေတြအရ အားျဖည့္ ကိုဗစ္ကာကြယ္ေဆးဟာ Omicron နဲ႔ တျခား ကိုဗစ္ေရာဂါပိုးေတြကို ပိုၿပီးအကာအကြယ္ေပးႏိုင္တယ္လို႔ CDC ဌာနၫႊန္ၾကာေရးမွဴး Dr. Rochelle Walensky ကေျပာၾကားထားပါတယ္။

ကိုဗစ္ကာကြယ္ေဆးေတြဟာ လံုျခံဳၿပီး ထိေရာက္တဲ့အတြက္ ၁၆ ႏွစ္နဲ႔ ၁၇ ႏွစ္အရြယ္ ဆယ္ေက်ာ္သက္ေတြလည္း Pfizer အားျဖည့္ ကိုဗစ္ကာကြယ္ေဆးထိုးၾကဖို႔ သူကတိုက္တြန္းထားပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ အသက္ ၅ ႏွစ္အရြယ္ကစလို႔ ကေလးငယ္ေတြကို ကိုဗစ္ကာကြယ္ေဆးထိုးဖို႔ ခြင့္ျပဳထားပါတယ္။ ၅ ႏွစ္ကေန ၁၆ ႏွစ္ၾကား ကေလးေတြအေနနဲ႔ အားျဖည့္ကိုဗစ္ကာကြယ္ေဆး ထိုးဖို႔ကိုေတာ့ တာဝန္ရွိသူေတြ ခြင့္မျပဳေသးပါဘူး။

Omicron ကိုဗစ္ပိုးသစ္ကူးစက္တဲ့ ျပည္နယ္ေတြ အေမရိကန္ျပည္ေထာင္စုမွာ မ်ားလာေနတဲ့တခ်ိန္ထဲမွာပဲ ျပည္သူေတြကို ကိုဗစ္အားျဖည့္ကာကြယ္ေဆး ထိုးၾကဖို႔ တာဝန္ရွိသူေတြနဲ႔ က်န္းမာေရးပညာရွင္ေတြ တိုက္တြန္းေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

{{Unicode}}

၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ် ကန်လူငယ်တွေ အားဖြည့်ကိုဗစ်ဆေးထိုးဖို့ FDA ခွင့်ပြု

ဗီဇပြောင်း ကိုဗစ်ပိုးသစ် Omicron ပျံ့နှံ့ကူးစက်နေတဲ့ အမေရိကန်ပြည်ထောင်စုမှာ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ် ဆယ်ကျော်သက်တွေကို ကိုဗစ်အားဖြည့်ဆေးထိုးဖို့ အမေရိကန် ဆေးဝါးနဲ့ အစားအသောက်ဆိုင်ရာ ကွပ်ကွဲရေး (FDA) ဌာနက ဒီဇင်ဘာ ၉ ရက်နေ့မှာ ခွင့်ပြုချက်ပေးလိုက်ပါတယ်။

FDA က ကြာသပတေးနေ့မှာ ခုလိုခွင့်ပြုလိုက်ပြီး နာရီပိုင်းအကြာမှာပဲ Pfizer ကိုဗစ်ကာကွယ်ဆေး ထိုးထားတာ အနည်းဆုံး ၆ လကြာရင် အသက် ၁၆ နှစ်နဲ့ အထက်တွေ တတိယ အားဖြည့် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပြီလို့ ရောဂါကာကွယ် ထိန်းချုပ်ရေးဌာန (CDC) ကလည်း အကြံပြု ခွင့်ပြုချက် ထုတ်ခဲ့ပါတယ်။

Omicron ကိုဗစ်ပိုးသစ်နဲ့ပတ်သက်လို့ မေးခွန်းအားလုံးအတွက် အဖြေမရှိသေးပေမယ့် ကနဦးလေ့လာချက်တွေအရ အားဖြည့် ကိုဗစ်ကာကွယ်ဆေးဟာ Omicron နဲ့ တခြား ကိုဗစ်ရောဂါပိုးတွေကို ပိုပြီးအကာအကွယ်ပေးနိုင်တယ်လို့ CDC ဌာနညွှန်ကြာရေးမှူး Dr. Rochelle Walensky ကပြောကြားထားပါတယ်။

ကိုဗစ်ကာကွယ်ဆေးတွေဟာ လုံခြုံပြီး ထိရောက်တဲ့အတွက် ၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ် ဆယ်ကျော်သက်တွေလည်း Pfizer အားဖြည့် ကိုဗစ်ကာကွယ်ဆေးထိုးကြဖို့ သူကတိုက်တွန်းထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အသက် ၅ နှစ်အရွယ်ကစလို့ ကလေးငယ်တွေကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ခွင့်ပြုထားပါတယ်။ ၅ နှစ်ကနေ ၁၆ နှစ်ကြား ကလေးတွေအနေနဲ့ အားဖြည့်ကိုဗစ်ကာကွယ်ဆေး ထိုးဖို့ကိုတော့ တာဝန်ရှိသူတွေ ခွင့်မပြုသေးပါဘူး။

Omicron ကိုဗစ်ပိုးသစ်ကူးစက်တဲ့ ပြည်နယ်တွေ အမေရိကန်ပြည်ထောင်စုမှာ များလာနေတဲ့တချိန်ထဲမှာပဲ ပြည်သူတွေကို ကိုဗစ်အားဖြည့်ကာကွယ်ဆေး ထိုးကြဖို့ တာဝန်ရှိသူတွေနဲ့ ကျန်းမာရေးပညာရှင်တွေ တိုက်တွန်းနေကြပါတယ်။

#COVID #BoosterShot #omicron #voaburmese #ကိုဗစ် #ဗွီအိုအေမြန်မာပိုင်း

XS
SM
MD
LG