သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပထမဆုံး ပြည်ပခရီးစဉ်


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio (EUTERS/Elizabeth Frantz)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio (EUTERS/Elizabeth Frantz)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအသစ် Marco Rubio ဟာသူ့ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ပနားမားနိုင်ငံအပါအဝင် လက်တင်အမေရိက ၅ နိုင်ငံ ခရီးစဉ်ကို ဒီကနေ့ စနေနေ့မှာ စတင်မှာ ဖြစ်ပါတယ်။

ပနားမားတူးမြောင်းကိစ္စအပြင် ရွှေ့ပြောင်းဝင်ရောက်သူများအရေး၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများနဲ့ မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းတွေအရေး စတာတွေကို ဦးစားပေးဆွေးနွေးသွားမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန်ဆောင်ရွက်သွားဖို့ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ ကမ္ဘာ့ရေကြောင်း ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ပနားမားတူးမြောင်းမှာ တရုတ်က မမျှမတ လွှမ်းမိုးနေတာကြောင့် အမေရိကန်က ပနားမားတူးမြောင်းကို ပိုင်ဆိုင်အောင် လုပ်မယ်လို့ သမ္မတ Trump ပြောကြားထားချိန်မှာ နိုင်ငံခြားရေးဝန်ကြီး ပနားမားကို သွားတာလည်း ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Rubio ပနားမားကို ဒီနေ့ ရောက်ရင် ပါနားမားတူးမြောင်းကို သွားရောက်ကြည့်ရှုဖို့ အစီအစဉ်ရှိပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး လာရောက်တဲ့အပေါ် ပနားမားမှာ ဒီနေ့ ဆန့်ကျင်ဆန္ဒပြမှုတွေလည်း ရှိခဲ့ပါတယ်။ ပနားမားသမ္မတ José Raúl Mulino ဟိုဆေး ရာဟူး မူလီနို ကတော့ သမ္မတထရန့်ရဲ့ပြောဆိုချက်ကို ပယ်ချထားပြီး၊ ပနားမားတူးမြောင်းဟာ ပနားမားနိုင်ငံနဲ့ပဲ ဆိုင်တယ်လို့ တုံ့ပြန်ထားပါတယ်။

ဝန်ကြီး Marco Rubio ဟာ ပနားမားနိုင်ငံ အပြင် El Salvador, Costa Rica, Guatemala နဲ့ Dominican သမ္မတနိုင်ငံတွေကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ သွားရောက်မှာ ဖြစ်ပါတယ်။ သမ္မတဒေါ်နယ်ထရန့်ဟာ လက်တင်အမေရိက နိုင်ငံတွေကအပါအဝင် အမေရိကန်ပြည်ထောင်စုကို တရားမဝင် ဝင်ရောက်လာတဲ့ သန်းနဲ့ချီတဲ့သူတွေကို နေရပ်ပြန်ပို့မှုတွေကို လုပ်ဆောင်နေပါတယ်။

Forum

XS
SM
MD
LG