သုံးရလွယ်ကူစေသည့် Link များ

ကန်-အာဆီယံ ထိပ်သီး သမ္မတ ဦးသိန်းစိန် မတက်ရောက်နိုင်


 ဒု-သမ္မတ ဦးဉာဏ်ထွန်း၊
ဒု-သမ္မတ ဦးဉာဏ်ထွန်း၊

အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးအကြိမ် ကျင်းပဖို့ရှိတဲ့ အမေရိကန်-အာဆီယံ ထိပ်သီး အစည်းအဝေးကို မြန်မာသမ္မတ ဦးသိန်းစိန် တက်ရောက်မှာမဟုတ်ပဲ၊ သူ့ကိုယ်စား ဒု သမ္မတ ဦးဉာဏ်ထွန်း တက်ရောက်မှာဖြစ်ပါတယ်။ မကြာခင် တာဝန်ကနေ အနားယူရတော့မယ့် သမ္မတဦးသိန်းစိန်အနေနဲ့ ဒီ ထိပ်သီး စည်းဝေးပွဲ ကို အခြား အာဆီယံခေါင်းဆောင်တွေနဲ့အတူ တက်ရောက်မယ်လို့ မူလက အစီအစဉ်ရှိထားပေမယ့်၊ အကြောင်းအမျိုးမျိုးကြောင့် မအားလပ်တဲ့အတွက် သမ္မတဦးသိန်းစိန် တက်ရောက်နိုင်ခြင်းမရှိဘူးလို့ သမ္မတရုံးက အတည်ပြုပြော ပါတယ်။

ဒီ ထိပ်သီးအစည်းအဝေးကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Sunnylands မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ အမေရိကန် သမ္မတ ဘရက်ခ်အိုဘားမားက တာဝန်ယူ ဦးဆောင် ကျင်းပမှာဖြစ်ပါတယ်။

ဒီထိပ်သီးညီလာခံအတွင်း စီးပွားရေး၊ လုပ်ငန်းသစ်များ စတင်ထူထောင်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး၊ တောင်တရုတ် ပင်လယ်ပြင်အတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကိစ္စအပါအဝင် ဒေသန္တရ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးသွားကြမှာ ဖြစ်တယ်လို့ သမ္မတ အိမ်ဖြူတော် အရာရှိတွေက ပြောကြားပါတယ်။

သမ္မတအိုဘားမားလက်ထက်မှာတော့ Asia Pivot ဆိုပြီး အာရှကို အလေးပေး တဲ့ နိုင်ငံခြားရေးမူဝါဒ ကျင့်သုံးခဲ့ပြီး အာဆီယံနိုင်ငံတွေနဲ့ဆက်ဆံရေး အထူးဂရုပြုခဲ့ သလို၊ အာဆီယံဟာ အမေရိကန်ပြည်ထောင်စုရဲ့ စတုတ္တမြောက် အကြီးဆုံး ကုန်သွယ်ဖက် ဒေသကြီးလည်းဖြစ်ပါတယ်။

XS
SM
MD
LG