သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ဘိန်းရဲစခန်း တိုက်ပွဲပြင်းထန်နေ


ကော့ဘိန်းရဲစခန်း တိုက်ပွဲ (ဓါတ်ပုံ - KNU)
ကော့ဘိန်းရဲစခန်း တိုက်ပွဲ (ဓါတ်ပုံ - KNU)

KNU ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေအသီးသီးမှာ ဒီရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေ ပြင်းထန်နေပြီး တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ ကော့ကရိတ်မှာဆိုရင် ဒီကနေ့ တိုက်ပွဲတွေ အတော်ပြင်းထန်ကြောင်း မျက်မြင်သက်သေတွေက ဗွီအိုအေကို ပြောပါတယ်။

KNU ရဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KNLA နဲ့ PDF ပူးပေါင်းတပ်တွေဟာ ကော့ဘိန်းရဲစခန်းနဲ့ ပတ်ဝန်းကျင်ကို ပိတ်ဆို့ထိန်းချုပ်ထားတဲ့အတွက် စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ကူဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ မြေပြင်ကနေလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတဲ့အတွက် စစ်ရှောင်ဒေသခံတွေရဲ့ အသက်အန္တရာယ် အတော်လေး စိုးရိမ်နေကြပါတယ်။

စစ်ကောင်စီဘက်တော့ ကော့ဘိန်းရဲစခန်းတိုက်ပွဲ ပတ်သက်လို့ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

လက်ရှိ မြေပြင်းသတင်းတွေအရ ကော့ဘိန်းရဲစခန်းကို စစ်ကောင်စီက ပြန်ပြီးထိန်းချုပ်နိုင်ပြီးလားဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။ ဒါ့အပြင် အဲဒီဒေသဟာ မွန်လက်နက်ကိုင်တွေ ထိန်းချုပ်တဲ့နေရာနဲ့ ကပ်လျက်ဖြစ်ပြီး NCA တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ မွန် လက်နက်ကိုင် အဖွဲ့တွေလည်း ရှိနေပြီး၊ ဒေသခံလူထုတွေကို ကူညီကယ်ဆယ်ပေးနေတယ်လို့ ဗွီအိုအေက စုံစမ်းသိရှိရပါတယ်။

မတ်လ (၂၃) ရက်နေ့ကလည်း KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေထဲကို စစ်ကောင်စီက တိုက်လေယာဥ်နဲ့ ညအချိန်မှာ ၃ ကြိမ်ပစ်ခတ်တာကြောင့် စာသင်ကျောင်း လူနေအိမ်နဲ့ ဘာသာရေးအဆောက်တဦးတွေ ပျက်စီးပြီး လူတွေ ထိခိုက်တာတွေလည်း ရှိခဲ့ပါတယ်။

Forum

XS
SM
MD
LG