{{Zawgyi/Unicode}}
သီတင္းကြၽတ္ အထိမ္းအမွတ္နဲ႔ ရန္ကုန္၊ မႏၲေလး၊ မုံ႐ြာစတဲ့ၿမိဳ႕ေတြမွာ ခ်ီတက္ဆႏၵျပပြဲေတြရွိခဲ့ပါတယ္။
‘ေတာ္လွန္သီတင္းကြၽတ္ မီးေတာက္ေတြနဲ႔ အာဏာရွင္ကို ေလာင္ကြၽမ္းေစ’ ဆိုတဲ့ ေခါင္းစဥ္နဲ႔ ခ်ီတက္ ဆႏၵျပခဲ့ၾကတာပါ။ မႏၲေလးကဆႏၵျပပြဲကို စစ္ေကာင္စီတပ္ေတြက ကားနဲ႔ဝင္တိုက္ၿပီး ဖမ္းဆီးတာေၾကာင့္ လူငယ္ ၇ ေယာက္ထက္မနည္း ဒီေန႔ ဖမ္းဆီးခံရပါတယ္။ ဒီအေၾကာင္း ရန္ကုန္က သတင္းေပးပို႔ထားတာကိုမဆုမြန္က တင္ျပေပးထားပါတယ္။
စစ္အာဏာရွင္ဆန႔္က်င္ေရး လမ္းေပၚထြက္ ဆႏၵျပပြဲေတြ ဒီေန႔ ၿမိဳ႕ႀကီးတခ်ိဳ႕မွာလုပ္ခဲ့ၾကတာမွာ တခ်ိဳ႕ ဆႏၵျပပြဲေတြက အင္အား အေတာ္အသင့္မ်ားခဲ့ပါတယ္။ အင္အား ၅၀ ေက်ာ္နဲ႔ ဆႏၵျပခဲ့တဲ့ မႏၲေလးၿမိဳ႕က မႏၲေလးလူငယ္ သပိတ္စစ္ေၾကာင္းကို စစ္ေကာင္စီတပ္ေတြက ဒီေန႔ ေအာက္တိုဘာ ၁၈ ရက္ မနက္ ၈ နာရီဝန္းက်င္ေလာက္က အိမ္စီးကားနဲ႔တိုက္၊ ေသနတ္ေတြ ပစ္ေဖါက္ၿပီး ဖမ္းဆီးခဲ့ပါတယ္။ ဆႏၵျပလူငယ္ ၇ ေယာက္ထက္မနည္း ဖမ္းဆီးခံရတယ္လို႔ ဆႏၵျပပြဲမွာ ပါဝင္သူတဦးက VOA ကို ေျပာပါတယ္။
“က်ေနာ္တို႔ မႏၲေလးမွာ သပိတ္စစ္ေၾကာင္းၿဖိဳခံရတာေပါ့ေႏွာ္။ ၈ နာရီဝန္းက်င္မွာ မႏၲေလးလူငယ္ သပိတ္ စစ္ေၾကာင္းကို အရင္ဆုံး အိမ္စီးကားနဲ႔ ပစ္တိုက္ၿပီးေတာ့ ဖမ္းတာေပါ့ေနာ္။ ဖမ္းၿပီးေတာ့ ေသနတ္ေတြ ေဖာက္တာေပါ့။ ၿဖိဳခြင္းခံရပါတယ္။ လူကေတာ့ ၇ ေယာက္ေလာက္ဗ်။ ဆိုင္ကယ္ကေတာ့ ၁၀ စီးေလာက္ ယူသြားပါတယ္ခင္ဗ်။ ကားနဲ႔လာၿပီးတိုက္ၿပီးေတာ့ ဖမ္းတာဆိုေတာ့ ကားတိုက္တဲ့ ဒဏ္ရာဒဏ္ခ်က္ေတြေတာ့ အမ်ားစုေတာ့ ရသြားၾကပါတယ္ဗ်။”
မႏၲေလးမွာ ေအာက္တိုဘာလ ၁၆ ရက္ စေန႔ေန႔ေလာက္ကစလို႔ ၿမိဳ႕ရဲ႕ လမ္းေထာင့္ေနရာေတြမွာ စစ္ေကာင္စီတပ္ေတြက ေနရာယူၿပီး စစ္ေဆးတာေတြ၊ အရပ္ဝတ္ေတြနဲ႔ ကင္းလွည့္တာေတြ၊ ကင္းပုန္းခ်တာေတြနဲ႔ ဖုန္းစစ္တာေတြ ပိုၿပီး သိသိသာသာလုပ္လာေနသလို မသကၤာရင္ ဖမ္းဆီးတာေတြလည္း လုပ္ေနတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။
စစ္ကိုင္းတိုင္းက မုံ႐ြာၿမိဳ႕မွာလည္း စစ္ေကာင္စီတပ္ေတြက လုံၿခဳံေရး အင္မတန္ တင္းၾကပ္ထားတဲ့ၾကားကပဲ ဒီကေန႔မွာ အင္အား ၅၀ ေက်ာ္နဲ႔ သီတင္းကြၽတ္ အထိမ္းအမွတ္ ဆႏၵျပခဲ့ၾကပါတယ္။ လုံၿခဳံေရးေတြေရွာင္ၿပီး ဆနလုံၿခဳံေရးေတြေရွာင္ၿပီး ဆႏၵျပခဲ့ၾကတယ္လို႔မုံ႐ြာၿမိဳ႕ လူထုသပိတ္ဦးေဆာင္ ေကာ္မတီအဖြဲ႔ဝင္ ကိုသန္းေက်ာ္ဦးက ခုလို ေျပာျပပါတယ္။
“ဒီသပိတ္က တႏိုင္ငံလုံး Call ေပါ့ေလ။ လက္ရွိ GSCA ကေန ေခၚထားတဲ့ Call ပါ။ ေတာ္လွန္သတင္းကြၽတ္ မီးေတာက္ေတြနဲ႔ အာဏာရွင္ကို အာဏာရွင္ကို ေလာင္ကြၽမ္းေစမယ္” ဆိုတဲ့ သပိတ္စာသား ေခါင္းစဥ္ နဲ႔ ကိုင္ၿပီးေတာ့ ဒီေန႔ ထြက္ျဖစ္တာေပါ့။ စစ္ကားေတြက တျခားၿမိဳ႕ေတြထက္လည္း ပိုၿပီးေတာ့ အဝင္အထြက္ရွိတယ္။ ၿပီးေတာ့ သပိတ္စစ္ေၾကာင္းေတြကလည္း အၿမဲအျပတ္အားမေလ်ာ့ဘူး အားေကာင္းတယ္။ အားေကာင္းတဲ့ခါက်ေတာ့ ဒီမုံ႐ြာၿမိဳ႕ထဲကေတာ့ စစ္တပ္က သူတို႔ လုံၿခဳံေရးကို အတင္းၾကပ္ဆုံးခ်ၿပီးတဲ့ အခါမွာ အၿမဲတမ္းဖမ္းဆီးတာေတြရွိတယ္။ ၿပီးရင္ စစ္ေဆးေရးဂိတ္ေတြကို မထင္ရင္ မထင္သလို လိုက္စစ္တယ္။ ၿပီးေတာ့ အရပ္ဝတ္ေတြနဲ႔ပါ မထင္ရင္ မထင္သလို တားဆီး ေမးျမန္းစစ္ေဆးတာေတြ လုပ္တယ္။
အဲ့လိုထိကို အေျခအေနဆိုးပါတယ္။”
ရန္ကုန္မွာလည္း ဒီကေန႔မနက္ပိုင္းက အမ်ိဳးသမီးေတြအဖြဲ႔ေတြစုၿပီး ခ်ီတက္ဆႏၵျပခဲ့ၾကပါတယ္။ အခ်ိန္တို ခ်ီတက္ဆႏၵျပခဲ့ၾကၿပီး လုံၿခဳံေရး ေရာက္မလာခင္မွာပဲ လူစုခြဲႏိုင္ခဲ့တယ္လို႔ဆႏၵျပစစ္ေၾကာင္းမွာ ပါဝင္တဲ့ မလင္းလင္းကေျပာပါတယ္။
“လမ္းေၾကာင္းကေတာ့ အၿမဲတမ္း ေသခ်ာၾကည့္ရတယ္ေပါ့ေနာ္၊ ဒီေန႔ဆိုလို႔ရွိရင္ က်ေနာ္တို႔ လူစုခြဲၿပီးေတာ့ သိပ္မၾကာဘူး၊ အိမ္စီးကားေတြနဲ႔ လာၿပီး ဝင္ရွာတာမ်ိဳးေတြ ရွိတယ္ေပါ့ေနာ္။ က်ေနာ္တို႔က နည္းနည္းေတာ့ သတိထားရတယ္ေပါ့။ ဒီဘက္မွာ ေျမျပင္က ၾကည့္ေပးေနတဲ့ ကင္းသမားေတြနဲ႔ ခ်ိတ္ၿပီးေတာ့မွ သူတို႔(စစ္ေကာင္စီတပ္) အေျခအေနေတြ ဘယ္လိုရွိသလဲ၊ အဲ့လို ၾကည့္ၿပီးေတာ့မွ လုပ္ျဖစ္တာပါ။”
တနဂၤေႏြေႏြေန႔ ညေနပိုင္းကလည္း ရန္ကုန္က ဆႏၵျပ အင္အားစုေတြ စုေပါင္းၿပီး ‘ေတာ္လွန္သတင္းကြၽတ္မီးေတာက္ေတြနဲ႔ အာဏာရွင္ကို ေလာင္ကြၽမ္းေစ’ ဆိုတဲ့ စာတန္းေတြ၊ မီးတုတ္ေတြကိုင္ေဆာင္ ခ်ီတက္ခဲ့ၾကပါတယ္။ တခ်ိဳ႕ဆႏၵျပသူေတြက စစ္ယူနီေဖာင္းတခုကို မီးရႈိ႕ ဆႏၵျပခဲ့ၾကပါတယ္။
စစ္ေကာင္စီ သီတင္းကြၽတ္အထိမ္းအမွတ္နဲ႔ အက်ဥ္းက်ေနသူ ၁,၃၀၀ ေက်ာ္ကို စည္းကမ္းသတ္မွတ္ခ်က္ နဲ႔ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးခဲ့သလိုစစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပမႈေတြမွာ ပါဝင္ခဲ့တာေၾကာင့္ တရားစြဲဆိုခံေနရသူ ၄,၃၀၀ ေက်ာ္ကို အမႈေတြပိတ္သိမ္းၿပီး ျပန္လႊတ္ေပးမယ္လို႔ စစ္ေကာင္စီက ဒီေန႔ ေၾကညာပါတယ္။ ခုလို ျပန္လႊတ္ေပးေနသလို တဘက္မွာလည္း ဆႏၵျပသူေတြကို ႏွိမ္ႏွင္း ဖမ္းဆီးေနတာျဖစ္ပါတယ္။
==========
{{Zawgyi/Unicode}}
မန္တလေးဆန္ဒပြမှု ကားနဲ့ဝင်တိုက်ဖမ်းဆီး
သီတင်းကျွတ် အထိမ်းအမှတ်နဲ့ ရန်ကုန်၊ မန္တလေး၊ မုံရွာစတဲ့မြို့တွေမှာ ချီတက်ဆန္ဒပြပွဲတွေရှိခဲ့ပါတယ်။
‘တော်လှန်သီတင်းကျွတ် မီးတောက်တွေနဲ့ အာဏာရှင်ကို လောင်ကျွမ်းစေ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ချီတက် ဆန္ဒပြခဲ့ကြတာပါ။ မန္တလေးကဆန္ဒပြပွဲကို စစ်ကောင်စီတပ်တွေက ကားနဲ့ဝင်တိုက်ပြီး ဖမ်းဆီးတာကြောင့် လူငယ် ၇ ယောက်ထက်မနည်း ဒီနေ့ ဖမ်းဆီးခံရပါတယ်။ ဒီအကြောင်း ရန်ကုန်က
သတင်းပေးပို့ထားတာကိုမဆုမွန်က တင်ပြပေးထားပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ ဒီနေ့ မြို့ကြီးတချို့မှာလုပ်ခဲ့ကြတာမှာ တချို့ ဆန္ဒပြပွဲတွေက အင်အား အတော်အသင့်များခဲ့ပါတယ်။ အင်အား ၅၀ ကျော်နဲ့ ဆန္ဒပြခဲ့တဲ့ မန္တလေးမြို့က မန္တလေးလူငယ် သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်တွေက ဒီနေ့ အောက်တိုဘာ ၁၈ ရက် မနက် ၈ နာရီဝန်းကျင်လောက်က အိမ်စီးကားနဲ့တိုက်၊ သေနတ်တွေ ပစ်ဖေါက်ပြီး ဖမ်းဆီးခဲ့ပါတယ်။ ဆန္ဒပြလူငယ် ၇ ယောက်ထက်မနည်း ဖမ်းဆီးခံရတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတဦးက VOA ကို ပြောပါတယ်။
“ကျနော်တို့ မန္တလေးမှာ သပိတ်စစ်ကြောင်းဖြိုခံရတာပေါ့နှော်။ ၈ နာရီဝန်းကျင်မှာ မန္တလေးလူငယ် သပိတ် စစ်ကြောင်းကို အရင်ဆုံး အိမ်စီးကားနဲ့ ပစ်တိုက်ပြီးတော့ ဖမ်းတာပေါ့နော်။ ဖမ်းပြီးတော့ သေနတ်တွေ ဖောက်တာပေါ့။ ဖြိုခွင်းခံရပါတယ်။ လူကတော့ ၇ ယောက်လောက်ဗျ။ ဆိုင်ကယ်ကတော့ ၁၀ စီးလောက် ယူသွားပါတယ်ခင်ဗျ။ ကားနဲ့လာပြီးတိုက်ပြီးတော့ ဖမ်းတာဆိုတော့ ကားတိုက်တဲ့ ဒဏ်ရာဒဏ်ချက်တွေတော့ အများစုတော့ ရသွားကြပါတယ်ဗျ။”
မန္တလေးမှာ အောက်တိုဘာလ ၁၆ ရက် စနေ့နေ့လောက်ကစလို့ မြို့ရဲ့ လမ်းထောင့်နေရာတွေမှာ စစ်ကောင်စီတပ်တွေက နေရာယူပြီး စစ်ဆေးတာတွေ၊ အရပ်ဝတ်တွေနဲ့ ကင်းလှည့်တာတွေ၊ ကင်းပုန်းချတာတွေနဲ့ ဖုန်းစစ်တာတွေ ပိုပြီး သိသိသာသာလုပ်လာနေသလို မသင်္ကာရင် ဖမ်းဆီးတာတွေလည်း လုပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းက မုံရွာမြို့မှာလည်း စစ်ကောင်စီတပ်တွေက လုံခြုံရေး အင်မတန် တင်းကြပ်ထားတဲ့ကြားကပဲ ဒီကနေ့မှာ အင်အား ၅၀ ကျော်နဲ့ သီတင်းကျွတ် အထိမ်းအမှတ် ဆန္ဒပြခဲ့ကြပါတယ်။ လုံခြုံရေးတွေရှောင်ပြီး ဆနလုံခြုံရေးတွေရှောင်ပြီး ဆန္ဒပြခဲ့ကြတယ်လို့မုံရွာမြို့ လူထုသပိတ်ဦးဆောင် ကော်မတီအဖွဲ့ဝင် ကိုသန်းကျော်ဦးက ခုလို ပြောပြပါတယ်။
“ဒီသပိတ်က တနိုင်ငံလုံး Call ပေါ့လေ။ လက်ရှိ GSCA ကနေ ခေါ်ထားတဲ့ Call ပါ။ တော်လှန်သတင်းကျွတ် မီးတောက်တွေနဲ့ အာဏာရှင်ကို အာဏာရှင်ကို လောင်ကျွမ်းစေမယ်” ဆိုတဲ့ သပိတ်စာသား ခေါင်းစဉ် နဲ့ ကိုင်ပြီးတော့ ဒီနေ့ ထွက်ဖြစ်တာပေါ့။ စစ်ကားတွေက တခြားမြို့တွေထက်လည်း ပိုပြီးတော့ အဝင်အထွက်ရှိတယ်။ ပြီးတော့ သပိတ်စစ်ကြောင်းတွေကလည်း အမြဲအပြတ်အားမလျော့ဘူး အားကောင်းတယ်။ အားကောင်းတဲ့ခါကျတော့ ဒီမုံရွာမြို့ထဲကတော့ စစ်တပ်က သူတို့ လုံခြုံရေးကို အတင်းကြပ်ဆုံးချပြီးတဲ့ အခါမှာ အမြဲတမ်းဖမ်းဆီးတာတွေရှိတယ်။ ပြီးရင် စစ်ဆေးရေးဂိတ်တွေကို မထင်ရင် မထင်သလို လိုက်စစ်တယ်။ ပြီးတော့ အရပ်ဝတ်တွေနဲ့ပါ မထင်ရင် မထင်သလို တားဆီး မေးမြန်းစစ်ဆေးတာတွေ လုပ်တယ်။
အဲ့လိုထိကို အခြေအနေဆိုးပါတယ်။”
ရန်ကုန်မှာလည်း ဒီကနေ့မနက်ပိုင်းက အမျိုးသမီးတွေအဖွဲ့တွေစုပြီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ အချိန်တို ချီတက်ဆန္ဒပြခဲ့ကြပြီး လုံခြုံရေး ရောက်မလာခင်မှာပဲ လူစုခွဲနိုင်ခဲ့တယ်လို့ဆန္ဒပြစစ်ကြောင်းမှာ ပါဝင်တဲ့ မလင်းလင်းကပြောပါတယ်။
“လမ်းကြောင်းကတော့ အမြဲတမ်း သေချာကြည့်ရတယ်ပေါ့နော်၊ ဒီနေ့ဆိုလို့ရှိရင် ကျနော်တို့ လူစုခွဲပြီးတော့ သိပ်မကြာဘူး၊ အိမ်စီးကားတွေနဲ့ လာပြီး ဝင်ရှာတာမျိုးတွေ ရှိတယ်ပေါ့နော်။ ကျနော်တို့က နည်းနည်းတော့ သတိထားရတယ်ပေါ့။ ဒီဘက်မှာ မြေပြင်က ကြည့်ပေးနေတဲ့ ကင်းသမားတွေနဲ့ ချိတ်ပြီးတော့မှ သူတို့(စစ်ကောင်စီတပ်) အခြေအနေတွေ ဘယ်လိုရှိသလဲ၊ အဲ့လို ကြည့်ပြီးတော့မှ လုပ်ဖြစ်တာပါ။”
တနင်္ဂနွေနွေနေ့ ညနေပိုင်းကလည်း ရန်ကုန်က ဆန္ဒပြ အင်အားစုတွေ စုပေါင်းပြီး ‘တော်လှန်သတင်းကျွတ်မီးတောက်တွေနဲ့ အာဏာရှင်ကို လောင်ကျွမ်းစေ’ ဆိုတဲ့ စာတန်းတွေ၊ မီးတုတ်တွေကိုင်ဆောင် ချီတက်ခဲ့ကြပါတယ်။ တချို့ဆန္ဒပြသူတွေက စစ်ယူနီဖောင်းတခုကို မီးရှို့ ဆန္ဒပြခဲ့ကြပါတယ်။
စစ်ကောင်စီ သီတင်းကျွတ်အထိမ်းအမှတ်နဲ့ အကျဉ်းကျနေသူ ၁,၃၀၀ ကျော်ကို စည်းကမ်းသတ်မှတ်ချက် နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သလိုစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့တာကြောင့် တရားစွဲဆိုခံနေရသူ ၄,၃၀၀ ကျော်ကို အမှုတွေပိတ်သိမ်းပြီး ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီက ဒီနေ့ ကြေညာပါတယ်။ ခုလို ပြန်လွှတ်ပေးနေသလို တဘက်မှာလည်း ဆန္ဒပြသူတွေကို နှိမ်နှင်း ဖမ်းဆီးနေတာဖြစ်ပါတယ်။
#MyanmarMilitaryCoup #MyanmarProtest #VOABurmese
#မန္တလေး#ကားနဲ့တိုက်ဖမ်း#စစ်ကောင်စီ#မုံရွာ#တော်လှန်သီတင်းကျွတ်