သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ooredoo ဆက်သွယ်ရေးကုမ္ပဏီ မြန်မာပြည်မှထွက်ခွာဖို့ ပြင်ဆင်


Photot Credit to Ooredoo Myanmar FB
Photot Credit to Ooredoo Myanmar FB

မြန်မာ နိုင်ငံ က ထွက်ခွါဖို့ Ooredoo ကုမ္ပဏီ က ဆွေးနွေးနေပြီ လို့ သတင်း အရင်းအမြစ် ၂ ခု ကို ကိုးကားပြီး ရိုက်တာ သတင်းဌာန က ပြောပါတယ်။

မြန်မာနိုင်ငံ မှာ ဆောင်ရွက်နေတဲ့ ဆက်သွယ်ရေး လုပ်ငန်း ကို ရောင်းချဖို့ ရည်ရွယ်ကြောင်း ဆက်သွယ်ရေး ဝန်ကြီး ဌာန ကို ကာတာနိုင်ငံ ဒိုဟာမြို့ အခြေစိုက် Ooredoo က အကြောင်းကြားခဲ့တယ် လို့ အဆိုပါ သတင်းအရင်းအမြစ်တွေ က ဆိုပါတယ်။ အူရဒူး ကုမ္ပဏီ ဟာ မြန်မာ နိုင်ငံ မှာ တတိယ အကြီးဆုံး ဖုန်း ကုမ္ပဏီ ဖြစ်ပြီး အာဏာမသိမ်းမီ ၂၀၂၀ တုန်း က သုံးစွဲသူ ၁၅ သန်း နီးနီး ရှိခဲ့ပါတယ်။

ဝယ်ယူဖို့ အလားအလာ ရှိတဲ့ သူတွေ ထဲမှာ ရွှေသံလွင် ဦးကျော်ဝင်း ပိုင်တဲ့ Skyet နဲ့ စင်္ကာပူ အခြေစိုက် Young Investment Group တို့ ပါဝင်ကြပါတယ်။ ဝယ်ယူဖို့ စိတ်ဝင်စားကြတဲ့ အဖွဲ့ သုံးဖွဲ့ နဲ့ စကားပြောနေတာ နောက်ဆုံး အဆင့် ကို မရောက်သေးဘူး လို့ သတင်းအရင်းအမြစ်တွေ က ဆိုကြပါတယ်။

အူရဒူးဘက်ကလည်း ဈေး မသတ်မှတ်ထားသေးဘူး လို့ အမည် မဖော်လိုတဲ့ သတင်းအရင်းအမြစ် တစ်ဦး က ရိုက်တာ သတင်းဌာန ကို ပြောပါတယ်။ အာဏာသိမ်း ပြီးတဲ့နောက် ၂၀၂၂ မှာ အူရဒူး ကို သုံးစွဲသူ ၉ သန်းပဲ ရှိပြီး၊ ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၃၃၀ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တယ်လီနော ထွက်သွားပြီးတဲ့နောက် ဆက်သွယ်ရေး နယ်ပယ် မှာ အူရဒူး ဟာ အများစု နိုင်ငံခြား ပိုင် နောက်ဆုံး ကုမ္ပဏီ ဖြစ်ပါတယ်။ တယ်လီနော ကို ရွှေဗျိုင်းဖြူ ကုမ္ပဏီ နဲ့ လက်ဘနွန် အခြေစိုက် M1 ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ တို့ က ဝယ်ယူခဲ့ကြပါတယ်။

======================







XS
SM
MD
LG