သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ooredoo ကုမ္ပဏီကို စင်္ကာပူအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီကိုရောင်း


Photot Credit to Ooredoo Myanmar FB
Photot Credit to Ooredoo Myanmar FB

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာလည်ပတ်နေတဲ့ အော်ရီဒူး ဆက်သွယ်ရေးကုမ္ပဏီရဲ့ လုပ်ငန်းတွေကို စင်္ကာပူအခြေစိုက် Nine Communications Pte. Ltd ကို အမေရိကန် ဒေါ်လာ ၅၇၆ သန်းနဲ့ ရောင်းချဖို့ သဘောတူလက်မှတ်ရေးထိုးလိုက်ပြီလို့ ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီက ဒီကနေ့ စက်တင်ဘာ ၈ ရက်နေ့မှာ ပြောပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ခွာရတဲ့အကြောင်းရင်းကို ကုမ္ပဏီကပြောကြားခြင်းမရှိပေမယ့် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း သုံးစွဲသူအရေအတွက် လျော့ကျခဲ့ကြောင်း TeleGeography သုတေသန အချက်အလက်တွေအရ သိရပါတယ်။

အော်ရီဒူးကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ တတိယအကြီးဆုံး ဖုန်းကုမ္ပဏီဖြစ်ပြီး အာဏာမသိမ်းမီ ၂၀၂၀ တုန်းက သုံးစွဲသူ ၁၅ သန်းနီးနီးရှိခဲ့ရာက အာဏာသိမ်းပြီးနောက်ပိုင်း ၈ သန်းကျော် (၈.၃) အထိ လျော့ကျသွားတယ်လို့ အော်ရီဒူးကုမ္ပဏီက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း နော်ဝေးအခြေစိုက် တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီက မြန်မာနိုင်ငံကနေ အရင်ဆုံး ထွက်ခွာသွားခဲ့တာပါ။

ဒီ အော်ရီဒူးကုမ္ပဏီကိုဝယ်လိုက်တဲ့ Nine Communications ကုမ္ပဏီပိုင်ဆိုင်မှုမှာ မြန်မာလူမျိုးနာမည် ပါနေပါတယ်။ စင်္ကာပူအခြေစိုက် ဒီ Nine Communications ကုမ္ပဏီကို ဦးဉာဏ်ဝင်းနဲ့ Link Family Office တို့ ဖက်စပ်ပိုင်တယ်လို့ အခု Ooredoo ရဲ့ သဘောတူကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

တယ်လီနော ထွက်သွားပြီးတဲ့နောက် ဆက်သွယ်ရေးနယ်ပယ်မှာ အော်ရီဒူး ဆက်သွယ်ရေးကုမ္ပဏီဟာ အများစုနိုင်ငံခြားပိုင် နောက်ဆုံး ကုမ္ပဏီဖြစ်ပါတယ်။ တယ်လီနောကုမ္ပဏီကိုတော့ ရွှေဗျိုင်းဖြူကုမ္ပဏီနဲ့ လက်ဘနွန်အခြေစိုက် M1 ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတို့က လွှဲပြောင်းဝယ်ယူသွားခဲ့တာ ဖြစ်ပါတယ်။

Ooredoo ကုမ္ပဏီကို စင်္ကာပူအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီကိုရောင်း.mp3
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်

===============

[[Unicode]]

Ooredoo ကုမ်ပဏီကို စငျ်ကာပူအခွစေိုကျ ဆကျသှယျရေးကုမ်ပဏီကိုရောငျး







XS
SM
MD
LG