ရေနံထုတ်လုပ်နှုန်းကို မလျှော့ချဖို့ ရေနံတင်ပို့သောနိုင်ငံများအဖွဲ့ OPEC က ဆုံးဖြတ်လိုက်ပြီးတဲ့နောက် ဈေးကွက်ထဲမှာ ရေနံဈေး ပိုကျသွားပါတယ်။
လက်ရှိထုတ်နေတဲ့ တရက်ကို ရေနံစည် သန်း ၃၀ အတိုင်း ဆက်ပြီးထုတ်သွားဖို့ သြစတြီးယားနိုင်ငံ၊ ဗီယန်နာမြို့မှာကျင်းပတဲ့ အစည်းအဝေးအတွင်း OPEC အဖွဲ့ဝင်နိုင်ငံတွေက ရေနံဆိုင်ရာဝန်ကြီးတွေ ဆုံးဖြတ်လိုက်ကြတာပါ။
အဲဒီသတင်းထွက်လာပြီးတဲ့နောက် ကမ္ဘာ့ရေနံဈေးနှုန်းဟာ လေးနှစ်အတွင်း အနိမ့်ဆုံးဈေးထိ ကျသွားပြီး ၂၀၁၀ ပြည့်နှစ် သြဂုတ် လကတည်းက မရှိသေးတဲ့ဈေးနှုန်းအဆင့်ထိ ကျသွားပါတယ်။
ဇန်နဝါရီလမှာ ပို့ပေးရမယ့် လန်ဒန်၊ Brent North Sea နဲ့ အမေရိကန်ရေနံစိမ်းတွေဟာ တစည်ကို နှစ်ဒေါ်လာကျော် ကျသွားပါ တယ်။
ပြီးခဲ့တဲ့ဇွန်လမှာ ရေနံတစည် ၁၁၅ ဒေါ်လာအထိ ရှိခဲ့ရာကနေ ၃၀% ကျော် ကျဆင်းသွားတာဖြစ်ပါတယ်။