WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတ၀ှမ်း သေဆုံးခဲ့တဲ့ လူပေါင်း ၅ သန်းခွဲကျော်ရှိသွားပေမယ့် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်တွေမဖြစ်မနေ တပ်ဖို့၊ ကာကွယ်ဆေးတွေ မဖြစ်မနေထိုးဖို့ဆိုတာကို လက်မခံတဲ့ လှုပ်ရှားမှုတွေ အမေရိကန်နဲ့ ဥရောပနိုင်ငံအတော်တော်များမှာ ပြင်းထန်နေတာပါ။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိကန် ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ နှာခေါင်းစည်း မတပ်တဲ့အတွက် ရောဂါကူးစက်မှုတွေ ပိုမြင့်မားလာတဲ့ အမေရိကန်ပြည်ထောင်စုက အခြေအနေကို ဒေါက်တာဇေယျာသက်က Skype ကနေ အခုလို ပြောပါတယ်။