သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် အကျဉ်းသားလဲလှယ်မှု အတိုက်အခံလွှတ်တော်အမတ်တွေ ဝေဖန်


သမ္မတအိုဘားမားက တပ်ကြပ် Bob Bergdahl ကို ပြန်လွတ်လာပြီဖြစ်ကြောင်း Bob ရဲ့ မိဘနှစ်ပါးရှေ့မှာ ကြေညာစဉ်။ (မေ ၃၁၊ ၂၀၁၄)
သမ္မတအိုဘားမားက တပ်ကြပ် Bob Bergdahl ကို ပြန်လွတ်လာပြီဖြစ်ကြောင်း Bob ရဲ့ မိဘနှစ်ပါးရှေ့မှာ ကြေညာစဉ်။ (မေ ၃၁၊ ၂၀၁၄)
အာဖဂနစ္စတန်မှာ တာလီဘန်တွေ ဖမ်းဆီးခံထားရတဲ့ အမေရိကန် တပ်ကြပ်ကြီး Bowe Bergdahl ပြန်လွတ်လာတဲ့အပေါ်မှာ ဝမ်းမြောက်ပေမယ်လို့ ဒီလို လွတ်မြောက်လာဖို့ အကြမ်းဖက်သမားတွေနဲ့ စေ့စပ်ညှိနှိုင်းခဲ့တယ်ဆိုပြီးတော့လည်း သမ္မတအိုဘားမားအစိုးရအဖွဲ့ကို အတိုက်အခံ ရီပတ်ပလင်ကန်တွေက ဝေဖန်နေကြပါတယ်။

အခုလို လုပ်တာကြောင့် အမေရိကန်ဓါးစာခံတွေကို ပြန်ပေးဆွဲဖမ်းဆီးဖို့ အကြမ်းဖက်သမားတွေအဖို့ စေ့စပ်ချက်ဖြစ်လာစေတယ်လို့ အောက် လွှတ်တော်အမတ် Mike Rogers က CNN ရုပ်သံဌာနကို တနင်္ဂနွေနေ့က ပြောပါတယ်။ ဗီယက်နမ်စစ်ပွဲတွင်း စစ်အကျဉ်းသားဖြစ်ခဲ့ဖူးသူ အထက် လွှတ်တော်အမတ် John McCain ကလည်း CBS ရုပ်သံဌာနကို ပြောရာမှာတော့ Bergdahl လွတ်ဖို့အတွက် အပေးအယူလုပ် လွှတ်ပေးခဲ့တဲ့ အစွန်းရောက်တာလီဘန်ငါးဦးဟာ တနေ့နေ့တချိန်ချိန် စစ်ပွဲမှာ ပြန်တွေ့နိုင်တဲ့ အမာခံ သဘောထားတင်းမာသူတွေဖြစ်တယ်လို့ ပြောပါတယ်။

အောက်လွှတ်တော်အမတ် Adam Kinzinger ကလည်း အခုလိုဆောင်ရွက်ချက်အပေါ် သူ့အနေနဲ့ တုန်လှုပ်မိသလို အခုလို အကျဉ်းသား အလဲအလှယ် လုပ်မယ်ဆိုရင် လွှွတ်တော်ကို အသိပေးဖို့ ဥပဒေအရ လိုအပ်တယ်လို့ NBC ရုပ်သံကို ပြောပါတယ်။

ဒါပေမယ့်လို့ Bergdahl အသက်အန္တရာယ်ကို စိုးရိမ်တာကြောင့် လွှတ်တော်ကို အသိမပေးခဲ့တာဖြစ်ပါတယ်လို့ ကာကွယ်ရေးဝန်ကြီး Chuck Hagel က NBC ရုပ်သံကို ပြောပါတယ်။ အမေရိကန်စစ်သည်တွေကို တိုက်ပွဲကနေ အိမ်ကို အရောက်ပြန်ခေါ်ဖို့ အမေရိကန်ပြည်ထောင်စုမှာ ဝတ္တရားရှိတယ်လို့လည်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
XS
SM
MD
LG