သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Orchid ဟုိတယ္ပုိင္ရွင္ ဦးေဌးေအာင္ကုိ ႏုိင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မနဲ႔ ဖမ္းဆီး


Orchid ဟုိတယ္ပုိင္ရွင္ ဦးေဌးေအာင္ (ဓါတ္ပံု- U Htay Aung facebook )

(Zawgyi/Unicode)

ရန္ကုန္တိုင္း ပုဇြန္ေတာင္ၿမဳိ႕နယ္က House of Orchid ဟုိတယ္ပုိင္ရွင္ ဦးေဌးေအာင္ကို နိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈပုဒ္မနဲ႔ အမႈဖြင့္ ဖမ္းဆီးလိုက္ပါတယ္။

ပုဇြန္ေတာင္ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးခ်မ္းၿငိမ္းေအာင္က တရားလိုျပဳ လုပ္ၿပီး နိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၁၂၄(က)နဲ႔ အေရွ႕ပိုင္းခရိုင္တရား႐ုံးမွာ ၾသဂုတ္လ(၂၁)ရက္ ေသာၾကာေန႔က တရားစြဲဆိုလိုက္တာလို႔ ျပည္တြင္းသတင္းေတြမွာ ေဖၚျပပါတယ္။ ခုလို တရားစြဲတဲ့ေန႔မွာပဲ တရား႐ုံး-ယမန္နဲ႔ ဦးေဌးေအာင္ကို အင္းစိန္ေထာင္မွာ ဖမ္းဆီးခ်ဳပ္ေႏွာင္ ထားလိုက္တယ္လို႔ သတင္းေတြက ေဖၚျပတာပါ။

ဘယ္လုိ အခ်က္ေတြေပၚ အေျခခံၿပီး သူ႔ကို ပုဒ္မ ၁၂၄(က)နဲ႔ စြဲဆိုတယ္ဆုိတာ ရွင္းရွင္းလင္းလင္း မသိရေသးေပမဲ့ facebook လူမႈကြန္ယက္ မီဒီယာမွာ NLD အစိုးရနဲ႔ ႏိုင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္တုိ႔အေပၚ ေငြေရးေၾကးေရးကိစၥစြပ္စဲြေဝဖန္မႈေတြနဲ႔ ဆက္ႏႊယ္ႏိုင္ေၾကာင္း ႏိုင္ငံေရးအကဲခတ္ေတြက သုံးသပ္ေနၾကပါတယ္။

နိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၁၂၄(က)ဟာ အာမခံရႏိုင္တဲ့ ပုဒ္မမ်ဳိး မဟုတ္ပဲ၊ အျမင့္ဆုံး ေငြဒဏ္နဲ႔ ေထာင္ဒဏ္ တသက္တကၽြန္း ကေန အနိမ့္ဆုံး ေငြဒဏ္နဲ႔ ေထာင္ဒဏ္ ၃ ႏွစ္ ဒါမွမဟုတ္ ေငြဒဏ္ခ်ည္းပဲလည္း ခ်မွတ္ႏိုင္ပါတယ္။

ဦးေဌးေအာင္ဟာ အခုလာမယ့္ ၂၀၂၀ ေရြးေကာက္ပြဲမွာ ေကာ့မွူးၿမိဳ႕နယ္ကေန NLD ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ထိပ္တုိက္ ယွဥ္ၿပိဳင္ဖုိ႔ တသီးပုဂၢလ ကိုယ္စားလွယ္ေလာင္းအျဖစ္ အမည္စာရင္း တင္သြင္းထားသူလည္း ျဖစ္ပါတယ္။

NLD ပါတီဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ဟာ ႏိုင္ငံျခား အေထာက္အပံ့ေတြ ယူထားသူလုိ႔ ဆိုကာ ေဒၚေအာင္ဆန္းစုၾကည္ကုိ ေရြးေကာက္ပြဲ ကိုယ္စားလွယ္ေလာင္း စာရင္းကေန ပယ္ဖ်က္ေပးဖို႔ ဦးေဌးေအာင္က ၾသဂုတ္လ (၁၂)ရက္ေန႔က ေလွ်ာက္ထားခဲ့ေပမဲ့ ေရြးေကာက္ပြဲ ေကာ္မရွင္က ပယ္ခ်ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


......

Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ ဖမ်းဆီး

(Unicode)

ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်က House of Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မနဲ့ အမှုဖွင့် ဖမ်းဆီးလိုက်ပါတယ်။

ပုဇွန်တောင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်က တရားလိုပြု လုပ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)နဲ့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ သြဂုတ်လ(၂၁)ရက် သောကြာနေ့က တရားစွဲဆိုလိုက်တာလို့ ပြည်တွင်းသတင်းတွေမှာ ဖေါ်ပြပါတယ်။ ခုလို တရားစွဲတဲ့နေ့မှာပဲ တရားရုံး-ယမန်နဲ့ ဦးဌေးအောင်ကို အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင် ထားလိုက်တယ်လို့ သတင်းတွေက ဖေါ်ပြတာပါ။

ဘယ်လို အချက်တွေပေါ် အခြေခံပြီး သူ့ကို ပုဒ်မ ၁၂၄(က)နဲ့ စွဲဆိုတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ facebook လူမှုကွန်ယက် မီဒီယာမှာ NLD အစိုးရနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ငွေရေးကြေးရေးကိစ္စစွပ်စွဲဝေဖန်မှုတွေနဲ့ ဆက်နွှယ်နိုင်ကြောင်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဟာ အာမခံရနိုင်တဲ့ ပုဒ်မမျိုး မဟုတ်ပဲ၊ အမြင့်ဆုံး ငွေဒဏ်နဲ့ ထောင်ဒဏ် တသက်တကျွန်း ကနေ အနိမ့်ဆုံး ငွေဒဏ်နဲ့ ထောင်ဒဏ် ၃ နှစ် ဒါမှမဟုတ် ငွေဒဏ်ချည်းပဲလည်း ချမှတ်နိုင်ပါတယ်။

ဦးဌေးအောင်ဟာ အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ်ကနေ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်တိုက် ယှဉ်ပြိုင်ဖို့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားသူလည်း ဖြစ်ပါတယ်။

NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြား အထောက်အပံ့တွေ ယူထားသူလို့ ဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း စာရင်းကနေ ပယ်ဖျက်ပေးဖို့ ဦးဌေးအောင်က သြဂုတ်လ (၁၂)ရက်နေ့က လျှောက်ထားခဲ့ပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့ပါတယ်။

XS
SM
MD
LG