သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အော်ရီဂွန်ပြည်နယ်တွင်း ပစ်ခတ်မှု ၉ဦး ထက် မနည်း သေဆုံး


အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ်က ဒေသကောလိပ်တခုတွင်း ကြာသပတေးနေ့က သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွား။ (အောက်တိုဘာ ၁၊ ၂၀၁၅)
အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ်က ဒေသကောလိပ်တခုတွင်း ကြာသပတေးနေ့က သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွား။ (အောက်တိုဘာ ၁၊ ၂၀၁၅)

အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ်က ဒေသကောလိပ်တခုမှာ ကြာသပတေးနေ့က သေနတ်နဲ့ ပစ်ခတ်မှုအတွင်း လူ ၉ ဦးသေဆုံးသွားခဲ့ပြီး အဲဒီ သေနတ်သမားဟာ ခရစ်ယာန်တွေကို ပစ်မှတ်ထား သတ်ဖြတ်ခဲ့တာဖြစ် တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ မနက်ပိုင်းမှာ အမ်ခွါ ဒေသကောလိပ်က စာသင်ခန်းတခန်းအတွင်းကို သေနတ်လက်နက် အမြောက်အများ ကိုင်ဆောင် ထားတဲ့ သေနတ်သမားဟာ ဝင်လာခဲ့ပြီး လူတွေကို ပစ်ခတ်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီနောက် ရဲတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း သေနတ်သမား သေဆုံးခဲ့ပြီး အဲဒီသူရဲ့ နာမည်ကိုတော့ အာဏာပိုင်တွေက ပြောကြားခြင်း မရှိသေးပါဘူး။ သေနတ်သမားဟာ အတန်းထဲကို ဝင်လာပြီး ခရစ်ယာန် ဟုတ်မဟုတ်ကို မေးပြီးမှ ပစ်သတ်ခဲ့တာလို့ မျက်မြင်သက်သေ ၂ ဦးထက်မနဲက ပြောပါတယ်။

မနေ့ညက မီဒီယာတွေနဲ့တွေ့ဆုံခဲ့တဲ့ Douglas ခရိုင်ရဲအရာရှိ John Hanlin က သေနတ်သမားနဲ့ ပါတ်သတ်ပြီး အသေးစိတ် ရှင်းလင်းပြပေမယ့် ဒီသေနတ်သမားရဲ့ နာမည်ကို မလိုအပ်ပဲ လူသိရှင်ကြား ထုတ်ပြောတာမျိုး မလုပ်ဖို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

သေနတ်သမား ဘယ်သူဘယ်ဝါ ဆိုတာကို သိတယ်လို့ ထင်ပေမယ့် ဒီလူမဆန်စွာ ဆောင်ရွက်ခဲ့တဲ့ လုပ်ရပ်နဲ့ ပါတ်သတ်ပြီး ထင်ပေါ်ကျော်ကြားမှုလိုချင်တဲ့ သူ့ရည်ရွယ်ချက် အထမမြောက်စေဖို့ သူ့အနေနဲ့ ဆောင်ရွက်မှာဖြစ်တယ်လို့လည်း မစ္စတာ ဟန်လင်းက ပြောပါတယ်။

အဲဒီသေနတ်သမားရဲ့ နာမည်ကို ထုတ်ပြောတာမျိုး၊ အထပ်ထပ်အခါခါ ပြောကြား တာမျိုး၊မလိုအပ်ပဲ နာမည်ကြီးအောင်လုပ်တာမျိုး သတင်းမီဒီယာတွေ အနေနဲ့ ရှောင်ရှားဖို့ကိုလည်း သူက ပြောကြားသွားပါတယ်။

ဒီလို ပစ်ခတ်မှုအပြီး နာရီပိုင်းအတွင်းမှာပဲ ရုပ်မြင်သံကြားကနေ သမ္မတ ဘရာ့ခ် အိုဘားမားက သေနတ်ထိန်းချုပ်ရေး ဥပဒေကို ခိုင်မာပြီး လက်တွေ့ကျတဲ့ အသိနဲ့ ပြဋ္ဌာန်းရေး ကွန်ဂရက်လွှတ်တော်ကို တွန်းအားပေးကြဖို့ အမေရိကန်လူထုကို နှိုးဆော် လိုက်ပါတယ်။

XS
SM
MD
LG