သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ နိုင်ငံခြားသတင်းထောက်များအသင်းဥက္ကဌ မြန်မာခရီး၊ အဖွဲ့ဝင်တချို့ကန့်ကွက်

စစ်ကောင်စီဒုနိုင်ငံခြားရေးဝန်ကြီးနဲ့တောင်အာရှနိုင်ငံခြားသတင်းထောက်များအသင်း ဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့တွေ့ဆုံ၊ ဂျွန် ၇၊ ၂၀၂၃။
စစ်ကောင်စီဒုနိုင်ငံခြားရေးဝန်ကြီးနဲ့တောင်အာရှနိုင်ငံခြားသတင်းထောက်များအသင်း ဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့တွေ့ဆုံ၊ ဂျွန် ၇၊ ၂၀၂၃။

အိန္ဒိယနိုင်ငံက နိုင်ငံခြားသတင်းထောက်များ အသင်း (FCC) ရဲ့ ဥက္ကဋ္ဌ ဗင်းကတ် နာရာယန် (Venkat Narayan) ဟာ အရင်အပတ်က မြန်မာနိုင်ငံကိုသွားရောက်ခဲ့ပြီး စစ်ကောင်စီ တာဝန်ရှိသူတချို့နဲ့ နေပြည်တော်မှာတွေ့ဆုံခဲ့တာကို ကန့်ကွက်တဲ့အနေနဲ့ အဲဒီအသင်းရဲ့ အဓိကအဖွဲ့ဝင် ၁၀ ယောက် အသင်းကနေနုတ်ထွက်ကြောင်းကြေညာခဲ့ကြတယ်လို့ အိန္ဒိယနိုင်ငံ အခြေစိုက် The Hindu သတင်းစာမှာ ဖော်ပြထားပါတယ်။

သတင်းထောက်တွေကိုကိုယ်စားပြုပြီး မီဒီယာလွတ်လပ်ခွင့်အတွက် ရပ်တည်တဲ့အဖွဲ့တစ်ဖွဲ့ရဲ့ အကြီးအမှုးက သတင်းထောက် ၇၀ ကိုထောင်ချထားပြီး နိုင်ငံပေါင်း ၁၈၀ မှာသတင်းလွပ်လပ်ခွင့် အဆင့် ၁၇၃ ရှိနေတဲ့ စစ်အစိုးရအတွက် ဝါဒဖြန့်ချိရေးအသုံးချခံခဲ့တာအပေါ် နိုင်ငံခြားသတင်းထောက်တွေကရှုတ်ချခဲ့ကြတာပါ။

အိန္ဒိယ FCC ဥက္ကဋ္ဌ က နေပြည်တော်မှာ စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီ ဦးကိုကိုလှိုင်နဲ့ တွေ့ဆုံခဲ့တာပါ။

“ဒီတွေ့ဆုံမှုမှာ မြန်မာနိုင်ငံအတွင်း နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုတွေအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာအစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ဒေသတွင်း ချိတ်ဆက်မှုနဲ့ မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်တွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်” လို့ အတိုက်အခံတွေကို ဖြိုခွင်းနေတဲ့ စစ်ကောင်စီရဲ့ အာဘော် The Global New Light of Myanmar သတင်းစာမှာ ဖော်ပြထားပါတယ်။

“စစ်ကောင်စီ နဲ့ တွေ့ဆုံမှုက အိန္ဒိယ FCC နဲ့ ဘာမှမဆိုင်ကြောင်း” နာရာယန် က The Hindu သတင်းဌာနကို ပြန်လည် ဖြေရှင်းထားပေမယ့် “စစ်ကောင်စီက သူ့ကိုအိန္ဒိယနိုင်ငံခြားသတင်းထောက်များ အသင်း (FCC) ရဲ့ ဥက္ကဋ္ဌနေရာ ယူထားသူ ဖြစ်လို့ဖိတ်ကြားတာကြောင့်ဒါဟာ အဖွဲ့အစည်း ကို ‘အရှက်တကွဲ’ ဖြစ်စေပြီး အသင်းရဲ့ အကျိုးစီးပွားနဲ့ အမှီအခိုကင်းလွတ်လပ်တဲ့ စာနယ်ဇင်း အတတ်ပညာကို မကာကွယ်နိုင်ခဲ့ဘူး” လို့ နုတ်ထွက်ကြသူတွေက ဝေဖန် ရှုတ်ချခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG